ရှက်စရာကြီး

“ငြိမ်းငြိမ်းရေ”

”ရှင် မေမေ”

”ညည်းကောင်လေးလာတယ်၊ ငါဘာပြောလိုက်ရမလဲ”

”မရှိဘူးလို့သာ ပြောလိုက်ပါ မေမေ”

”ဟင် ဘာဖြစ်လို့တုန်း”

”ဘာမှမဖြစ်ပါဘူး မေမေ”

“အေးအေး ငါပြောလိုက်မယ်”

ကျွန်မ အိပ်ခန်းထဲဝင်ပြီး ငိုချလိုက်တယ်။

“ကျွန်မရင်တွေ ကွဲခဲ့ရပြီမောင်၊ မောင့်ကို မချစ်လို့ မဟုတ်ပါဘူး မောင်ရယ်၊ မောင့်ဘဝတက်လမ်းအတွက် မ ဘဝအပျက်ခံပါ့မယ်”

ကျွန်မလေ AGTI (မြို့ပြ) ဘာသာရပ်တက်ရင်း အဝေးသင်နှင့် ကျောင်းပြီးခဲ့တယ်။ ကျောင်းပြီးတော့ ကလေးတွေ စာပြခဲ့တယ်။ နောက်တော့ စာရင်းကိုင်ပါတက်ရင်း အလုပ်လည်း ဝင်လုပ်ခဲ့သေးတယ်။ ကျောင်းတက်တုန်းကတော့ သူများတွေရည်းစားထားတော့ ကျမလည်း ရည်းစားထားခဲ့သေးတယ်။ ချစ်ခဲ့သလားဆိုတော့ ကျမ သူ့ကို မချစ်ခဲ့ဘူး။ နောက်တော့ ကျမတို့မြို့ကို ဆောက်လုပ်ရေးလုပ်တဲ့သူဌေးက ရောက်လာတော့။

“ဟေ့ နင်က AGTI ပြီးပြီးသားဆို”

“ဟုတ်ကဲ့ရှင့်”

“နင် ဒီမြို့သေးသေးမှာ ဘာလုပ်နေလဲ။ စာရင်းကိုင်သင်တန်းလည်း ပြီးပြီဆိုတော့ ရန်ကုန်ကိုလာခဲ့။ ဟိုမှာ တိုးတက်ရာတိုးတက်ကြောင်း လုပ်ပါလား”

“ဆရာအလုပ်ခန့်ရင် ကျမ လာချင်တာပေါ့”

“အေး နင်လာရင် လက်ထောက်မန်နေဂျာရာထူး ပေးမယ်”

ကျမလည်း တစ်ရွာမပြောင်း သူကောင်းမဖြစ်ဘူးဆိုပြီး ကျမလည်း ရန်ကုန်ကို တက်ခဲ့တယ်လေ။ အိမ်မှာက ကျမက ဒုတိယအကြီးဆုံး သမီးပါ။ ဖေဖေကလည်း လိုက်သွားဆိုလို့ပါ။ ကျန်တဲ့ကလေးတွေက ကျောင်းတက်တုန်းလေ။ အစ်ကိုအကြီးဆုံးက ကျန်းမာရေးက မကောင်းဘူး။ ဖေဖေက အိမ်စီးပွားရေးကို လုပ်နိုင်ကိုင်နိုင်တုန်းပါ။

ရန်ကုန်ကိုရောက်ပြီးတော့ ကျမက ရန်ကုန်မြို့နယ်တစ်ခုက စာသင်ကျောင်းကြီးတစ်ခုမှာ တာဝန်ကျတယ်။ အဲဒီမှာ မောင့်ကို စသိတာပဲ။ မောင်က Drawing တွေလာပေးတော့ မှတ်မှတ်ရရ သတိထားခဲ့တယ်။ မောင့်ဆရာတွေနှင့် ကျောင်းနေရာလာချတော့ မောင်က မြေတိုင်းပြီးတော့ ရုံးပေါ်ကို တက်ခဲ့တယ်။ ဆရာကလည်း မောင့်ကိုအရေးပေးတာကို သတိထားမိတယ်လေ။ ငယ်ငယ်ရွယ်ရွယ်နှင့် မောင်က ဆရာတွေကို တင်ပြနေတာ မလေ မောင့်ကို ခိုက်သွားတာပေါ့။ အဲဒီမှာ မောင့်ဆရာက

“ကျနော့်ရုံးချုပ်က ဒီကနေဝေးတယ်။ တကယ်လို့သာ ဒီဇိုင်းပိုင်းနှင့်ပတ်သက်လို့ မေးချင်ရင် ကျနော်တပည့် ဇော်မိုးရှိတယ်။ ဒီနားမှာ ရုံးခွဲရှိတယ်။ ဒီကနေ သုံးလမ်းမြောက်မှာပါ”

ကျမ ဝမ်းသာသွားတယ်။ ကျမလည်း အခုမှလုပ်ငန်းခွင်ဝင်တာဆိုတော့ ဆောက်လုပ်ရေးလုပ်ငန်းအကြောင်း သိပ်မသိသေးဘူး။ မေးရမှာပေါ့။ ကျမတို့ဆိုဒ်မှာ အင်ဂျင်နီယာရှိပါတယ်။ သူကလည်း အခုမှကျောင်းဆင်းပါပဲ။ စာရင်းကိုင် မိန်းကလေးတစ်ယောက်လည်း ရှိတယ်။ အစကတော့ စာရင်းကိုင်နှင့် ကျမအဆင်ပြေပါတယ်။

မောင်က တစ်ခါတစ်လေ ဆိုဒ်တွေပတ်ကြည့်တာတွေ့တော့ ကျမခေါ်ရမှာ ရှက်နေလို့ မခေါ်ဖြစ်ဘူး။ ကျမသူ့ရှေ့က ခဏခဏဖြတ်ပြတာတောင် အရေးမလုပ်ဘူးလေ။ ကျမက တိတ်တခိုး၊ တစ်ဖက်သတ် ချစ်နေရတာလေ။ ကျမလည်း မနေနိုင်တော့ဘူး။ အင်ဂျင်နီယာကို အကြောင်းပြပြီး ကန်ထရိုက်ကို အကူအညီတောင်းကာ ခေါ်လိုက်ရတော့တယ်။.

”ကျနော့်ကို ခေါ်တယ်ဆိုလို့ပါ”

“ဟုတ်ကဲ့ရှင့် ရုံးပေါ်တက်ပါဦး”

“ဟုတ်ကဲ့ ဘာများမေးစရာရှိလဲဗျ”

“ဟိုလေ သံချောင်းတွေဆက်တဲ့ စနစ်နှင့် တွက်ပုံတွက်နည်းပါ”

“ဗျာ… ကျနော်က Drawing အကြောင်း မေးမလို့လားဆိုပြီး လာတာပါ”

“အင်းး ကျမက အခုလက်ထောက်မန်နေဂျာ ငြိမ်းငြိမ်းပါ”

“ဟုတ်ကဲ့”

“ကျမက တွက်ချက်မှုတွေလည်း စစ်ရပါတယ်။ ပစ္စည်းလည်း မှာရတယ်။ ကျမနားမလည်ပဲ စစ်နေရင် ဘာမှအဓိပ္ပါယ်မရှိဘူးလေ။ လုပ်ရသူလည်း စိတ်ညစ်ရတယ်။ အဲဒါကြောင့် သင်ပေးပါလားရှင်”

“အင်း.. သံချောင်းဆက်တာတွေက spec ပေးထားပါတယ်ဗျ။ မရှိရင် ရုံးလာတောင်းလှည့်ပါ။ သင်ပေးတာကြတော့ ချက်ချင်းမရနိုင်ဘူး။ သူက အနည်းဆုံး တစ်ပတ်လောက်ကြာပါမယ်”

“ကျမတို့ကို သင်ပေးပါ”

“သင်ပေးတာလည်းရပါတယ်..။ ကျနော်က ရုံးထိုင်တယ်။ ခေါင်းဆောင်က အမြဲမလာနိုင်လို့ ရုံးခွဲမှာလောလောဆယ် ကျနော်တစ်ယောက်တည်းပဲ ရှိနေတယ်ဗျ”

“ကျမ ရုံးလာခဲ့ရမလား”

“ကျနော်တစ်ယောက်တည်း ဖြစ်နေတယ်။ လာရင်လည်း နှစ်ယောက်လာပါ”

ကျမဝမ်းသာသွားသလို မောင့်ကိုလည်း စိတ်ထဲက လေးစားသွားတယ်။ ဘာပဲဖြစ်ဖြစ် အလုပ်ထဲကို ရအောင်ခေါ်မယ်။ ချက်ချင်းပဲ သူဆီကိုသွားပြီး စာအုပ်တောင်းလိုက်ပြီး ရေလာမြောင်းပေး လုပ်ရတာပေါ့”

“မငြိမ်းငြိမ်း ဒီမှာစာအုပ်တွေပါ”

“ကျမကို ရှင်းပြပါဦး”

သူက သံချောင်းဆက်နည်း သဘောတရားတွေကို အကြမ်းဖျဉ်း ရှင်းပြတယ်။ ကျမသိချင်တာတွေ အများကြီးပါ။ သူ့အကြောင်းလည်း သိချင်တယ်။ ဒီလိုနှင့် သူက အိမ်မပြန်ပဲ ရုံးမှာ သူငယ်ချင်းတွေနှင့်နေတာ ကျမသိလိုက်ရတယ်။ သူစားတဲ့ ထမင်းဆိုင်က ကျမတို့အနားမှာလေ။ ကျမ သူလာမှ ထမင်းစားထွက်တယ်။ အဲသလိုလုပ်ရင်း စာရင်းကိုင်က ကျမကို မခေါ်မပြောနိုင် ဖြစ်လာတယ်။ ကျမ ရိပ်မိတယ်။ သူလည်း မောင့်ကိုကြိုက်နေတာ။ ကျမက လက်ဦးမှုယူတယ်ဆိုပြီး မကျေနပ်တာလေ။

ကျမတို့ရုံးဖက်ကို မောင်ရောက်ရင် သူ့ရန်လည်း ကြောက်ရတာမို့ နောက်ဆို မောင့်ရုံးကိုပဲ ကျမသွားတယ်။ သူတစ်ယောက်ထဲရှိနေရင် ကျမက အခန်းတွေဘာတွေ ရှင်းပေးပါတယ်။ ဒီလိုနှင့် ရေလာမြောင်းပေးလုပ်ရင်း ကျမကို မောင်က ချစ်စကား ကြိုက်စကား ပြောတယ်။ ကျမ အရမ်းဝမ်းသာပါတယ်။ ဒါပေမယ့် ချက်ချင်း အဖြေမပေးလိုက်ဘူး။ တစ်ပတ်ကြာတော့ ရွေတိဂုံဘုရားကို ချိန်းတယ်။ တနင်္ဂနွေနေ့ပေါ့။ သူရော ကျမရော အလုပ်ပိတ်တယ်။ ဘုရားဖူးပြီးတော့

“မောင်”

“ကျနော့်ကို ဘယ်လိုခေါ်လိုက်တယ်”

“မောင်လို့”

“ဟာ ဝမ်းသာလိုက်တာဗျာ”

“ခစ်..ခစ်..ခစ်”

“ကျနော့်ကို ချစ်တာပေါ့နော်”

“ဟွန်း.. ချစ်လို့ပဲ မောင်လို့ခေါ်တာ”

သူ ကျမကို ဖက်မလို့ ကြံတယ်။

“မောင် ဘုရားပေါ်မှာနော်”

“အော်.. ဟုတ်ကဲ့၊ ဟုတ်ကဲ့”

“ကဲ ပြန်မယ်လေ မောင်”

“မ.. ကျနော့်ရုံးကို လိုက်ခဲ့ပါလား”

“မသွားချင်ပါဘူး”

“မောင့်တပည့်တွေ ရောက်နေပါတယ် မရဲ့။ သူတို့ကို ဝက်သာတုတ်ထိုး လုပ်ခိုင်းထာတယ်။ တပည့်တစ်ယောက်က အချဉ်ရည်စပ်တာ တော်တယ်။ ဝက်ကလီစာတစ်ခြမ်း လာပို့ထားတယ်။

“အယ် အများကြီးပါလား”

“ဟုတ်တယ်၊ တပည့်ထဲမှာ ဝက်သားဒိုင်လည်း ရှိတယ်”

“ဝက်သတ်တဲ့လူတွေနှင့်လည်း ပေါင်းတာလား မောင်”

“အင်း ခင်နေကြတာ”

“လိုက်ခဲ့မယ်လေ”

အဲဒီနေ့က မောင့်ဆီမှာပဲ ထမင်းစားဖြစ်တယ်။ ဝက်သားအိုးက အကြီးကြီး။ သူ့သူငယ်ချင်းတွေ လာကြတယ် ပျော်စရာကောင်းလိုက်တာရှင်။ နောက်ရက်တွေလည်း သူက ကျမဆီလာတယ်။ အဆောင်ပြန်လည်း လိုက်ပို့တယ်။ ကျမက နောက်ဆို မောင့်ကို အလုပ်ထဲ မလာခိုင်းဘူး။ ဟိုကောင်မကလည်း ရေလာမြောင်းပေးလုပ်တယ်။ မောင့်လို ငယ်ရွယ်တဲ့သူက ပါသွားမှာလေ။ ကျမပဲ မောင့်ဆီသွားဖြစ်တာ။

မောင်ဆီရောက်ရင် မောင်ကနမ်းတယ်။ ကျမလည်း တုန့်ပြန်နမ်းတယ်။ ကျမက ရည်းစားထားဖူးတာမို့ မောင့်ထက်တောင် နမ်းတာကျွမ်းသေးတယ်။ အတွေ့အကြုံရှိလို့ ကျမလေ ဘော်လီကို ကြယ်သီးသာမက တွယ်ချိတ်ကို အတွင်းက ထိုးထားတာ ချက်ချင်း ဖြုတ်မရအောင်ပေါ့။

တစ်နေ့တော့ တနင်္ဂနွေနေ့ မောင့်ဆီသွားလိုက်တယ်။ မောင်က အဝတ်တွေလျှော်နေတာလေ။ ပုဆိုးရေစိုကြီးနှင့်ပေါ့။

“မောင် အဝတ်တွေလျှော်နေတာလား”

“ဟုတ်တယ် မ”

“ မ လျှော်ပေးမယ်လေ”

“မလုပ်ပါနဲ့ မရယ်။ မအဝတ်အစားတွေ စိုကုန်ပါ့မယ်”

“ရပါတယ်.. မောင်။ မောင့်လုံချည်တစ်ထည်နှင့် အင်္ကျီတစ်ထည်ပေး။ လဲဝတ်လိုက်မယ်”

“ဟာ ရပါတယ် မ”

ကျမက မောင့်ပုဆိုး အဟောင်းတစ်ထည်ကို ယူဝတ်လိုက်ပြီး၊ အင်္ကျီကို ခေါင်းပေါ်က ချွတ်လိုက်တယ်။ မောင်လေ ကျမကို ဖက်ထားလိုက်တယ်။

“အာ… မောင် ဘာလုပ်တာလဲ”

“မောင်.. မကို အရမ်းချစ်တယ်ဗျာ”

ကျမကို ဖက်ပြီးမျက်နှာအနှံ့နမ်းတယ်။ ကျမရင်ထဲ ဒီစကားလေးကြားရတာ လှိုက်ပြီးခံစားလိုက်ရတယ်။ ကျမနှုတ်ခမ်းကို လာနမ်းတော့ ကျမလည်းပြန်နမ်းတယ်။ မောင်က နမ်းရင်းနှင့် ကျမဘော်လီကိုဖြုတ်ဖို့ ကြိုးစာတယ်လေ။ ဘယ်လိုမှ ဖြုတ်မရဘူး။

“မ.. မောင် ချိုချိုစို့ချင်တယ်ကွာ”

“အာ… မောင်ကလည်း”

“လုပ်ပါ၊ မောင် ချွတ်မရလို့”

ဆက်လက်ဖတ်ရှု့ရန် အောက်သို့ အနည်းငယ်သွားပေးပါနော်

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top