“ မြောက်ကျွန်းသူ မြောက်ကျွန်းသားတို့သည် တရားဝင် ဇနီးမယား မရှိ (ဝါ) တစ်လင်တစ်မယား စနစ်မရှိ..။ မုဒိန်းဆန်ဆန် အဓမ္မ ကာမအမှုများလည်း ကင်းရှင်း၏။ အိမ်ထောင်ရေး အရှုပ်အထွေးများလည်း လုံးဝ ကင်းရှင်း၏။ အကြင်ဖိုသတ္တဝါသည် အကြင်မသတ္တဝါအား အချစ်လွန်ကဲခြင်း တည်းဟူသော လိင်စိတ်ဖြင့် ကာမဂုဏ် ဆက်ဆံသွားလိုအံ့..။ ထို ဖိုမ သတ္တဝါနှစ်ဦးစလုံး အလိုတူ ကျေနပ်ပြီးသား ဖြစ်၏။ ကာမဂုဏ် မေထုန်မှုဖြင့် သံဝါသ ပြုလိုကြလျှင် လူသူ မမြင်ကွယ်ရာ အရပ်၌ (၇) ရက်တိုင်တိုင် အားပါးတရ ဝဝလင်လင် ဆက်ဆံကြ၏။ မြူးထူးပျော်ပါးကြ၏။ ပြီးလျှင် ငါ့လင်ငါ့မယားဟု စွဲလန်းသော ဥပါဒါန်များ မရှိဘဲ လွတ်လွတ်လပ်လပ် နေထိုင်ကြသည်။
သားသမီး မွေးဖွားလာလျှင်လည်း ကလေးအများနှင့် စုပေါင်းထားလိုက်သည်။ နို့တိုက်ခြင်းမှအစ ကလေး၏ ပြုဘွယ်ကိစ္စမှန်သမျှကို မြင်တွေ့သူတိုင်းက မိခင်၏ တာဝန်ကို ကျေပြွန်စွာ ဆောင်ရွက်ပေးခဲ့သည်။ ထို့အတူ ယောက်ျားများကလည်း ဖခင်၏ တာဝန်ကို ကျေပြွန်စွာ ဆောင်ရွက်ပေးခဲ့ကြသည်။ အလွန်သိသာ ထင်ရှား ယုတ်ညံ့သော မနာလို ဝန်တိုခြင်း မရှိ။ တစ်ဦးကို တစ်ဦး အကြင်နာ မေတ္တာ လွှမ်းသော ဆက်ဆံရေးဖြင့် ဆက်ဆံကြသည်။
မေထုန်ဟူသည် ယောက်ျားနှင့် မိန်းမတို့ စိတ်တူကိုယ်တူ ကြည်ဖြူကျေနပ်စွာ ကာမစပ်ယှက် သံဝါသ ပြုခြင်းကို ခေါ်၏…။
“ ဖြိုးဖြိုးရေ…. မမဆီ ခဏ လာပါဦးဟေ့….”
ဖြိုးဟိန်းကျော်တစ်ယောက် မြောက်ကျွန်းနှင့် ပတ်သက်သော စာတစ်ပုဒ်ကို စိတ်ဝင်စားစွာ ဖတ်နေစဉ် အရှေ့ဘက်တိုက်အပေါ်ထပ် အိပ်ခန်းတံခါးမှနေ၍ မသက်ထားရီက လှမ်းခေါ်လိုက်သည်။
သူနေတာက အရှေ့ဘက်တိုက်နှင့် ဘေးချင်းကပ်အနေအထား ဖြစ်သော ကားဂိုဒေါင် အပေါ်ထပ်ရှိ အစွန်ဆုံးအခန်းတွင် ဖြစ်သည်။ သူနေသော အခန်းနှင့် မသက်ထားရီ အိပ်ခန်းမှာ မျဉ်းတစ်ပြေးညီ ယှဉ်လျက်ရှိသည်။ သို့သော် သူနေသော အခန်းက ၃ ပေခန့်နိမ့်သဖြင့် မသက်ထားရီအခန်းက အပေါ်စီးမှ ဖြစ်နေသည်။
“ ဟုတ်ကဲ့….မမ လာပြီ…လာပြီ…..”
ဖြိုးဟိန်းကျော်က ဖတ်လက်စ စာအုပ်ကို အမှတ်အသားပြုရင်း မသက်ထားရီ ကြားအောင် အသံပြုကာ ခပ်သွက်သွက် ဆင်းလာခဲ့သည်။ အချိန်က မနက် ၉ နာရီခွဲခန့်ဖြစ်၍ မသက်ထားရီသမီး ၅ တန်းကျောင်းသူ သက်သက်မွန်လည်း ကျောင်းသွားနေ၏။ ထို့ကြောင့် အိမ်တွင် ဖြိုးဟိန်းကျော်ရယ် ၊ မသက်ထားရီရယ် ၊ အိမ်ဖော် မမြနှစ်တို့သာ ရှိကြ၏။
ဖြိုးဟိန်းကျော် ဒီအိမ်ရောက်သည်မှာ ၆ လ ကျော်ကျော်သာ ရှိပါသေးသည်။ ဆယ်တန်းအောင်ပြီး ဖြစ်၍ တက္ကသိုလ်ဆက်တက်ရန် သူအမေ၏ အစ်ကိုတစ်ဝမ်းကွဲဖြစ်သူ မသက်ထားရီ၏ယောက်ျား ကိုထွန်းထွန်းဦးက သူ မလေးရှား မသွားခင် ၃ လအလိုတွင် သူ့အိမ်မှာနေ၍ တက္ကသိုလ် ဆက်တက်ရန် ခေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဆယ်တန်းအောင်ပြီးပြီးချင်း တက္ကသိုလ် ဆက်မတက်ရသေးပဲ တစ်နှစ်နားရသည်။ ထို့ကြောင့် ဖြိုးဟိန်းကျော်ကို အင်္ဂလိပ်စာသင်တန်းနှင့် ကွန်ပြူတာသင်တန်း တက်စေသည်။ တစ်ချိန်ကြလျှင် သူ့လို နိုင်ငံခြားမှာ အလုပ်သွားလုပ်စေရန် ရည်ရွယ်ထား၏။
လိင်စိတ်နိုးကြား ၊ လူပျိုသွေးတွေ တိုးပွားစ အရွယ်မို့ ဖြိုးဟိန်းကျော် စိတ်က မသက်ထားရီ အပေါ်မှာ စတွေ့ကတည်းက မရိုးသားဟု ဆိုရမည်ဖြစ်သည်။ မသက်ထားရီ အပေါ်မှ မဟုတ်၊ အိမ်ဖော်ဖြစ်သူ မမြနှစ် အပေါ်မှာလည်း မရိုးသားပါ..။ မသက်ထားရီနှင့် မမြနှစ်တို့မှာ အသက် သုံးဆယ်ဝန်းကျင် သက်တူရွယ်တူ ဖြစ်ကြသည်။ မမြနှစ်မှာ အိမ်ဖော်ဖြစ်သော်လည်း ညှိုးညှိုးမှိန်မှိန် စုတ်စုတ်ပဲ့ပဲ့ မဟုတ်ပါ..။ မသက်ထားရီက ဆွေမျိုးသားချင်းလို ဆက်ဆံနေထိုင်စေ၍ မသိလျှင် ညီအစ်မဟုပင် ထင်ရပါသည်။ ပြီးတော့ မမြနှစ်က သားသမီး မရှိသည့် အိမ်ထောင်ပျက် တစ်ခုလပ် ..။
မမြနှစ်က မသက်ထားရီထက် မျက်နှာအလှ လျော့သော်လည်း ကိုယ်ဟန်အလှမှာမူ တန်းတူလိုက်ပြီး ကျားသတ္တဝါတို့ စွဲမက်စေသော အရှိုက်အဟိုက်၊ အဝေ့အဝိုက် ၊ အဖုအထစ် အမို့အမောက် ကောက်ကြောင်းတွေက ကြည့်ကောင်းလှစွာ ပြည့်စုံပါသည်။ ပုံစံတူဟု မဆိုသာသော်လည်း ကာယအလှမှာ တစ်မျိုးစီ စွဲမက်စရာ ကောင်းသည်ကတော့ အသေအချာပင်။
ဖြိုးဟိန်းကျော်တစ်ယောက် ဒီမိန်းမနှစ်ဦးအပေါ်မှာ ယောက်ျားပီပီ သစ္စာရှိရှိဖြင့် စိတ်ရှိတိုင်း ပစ်မှားဖောက်ပြန်လာခဲ့သည်မှာ ဒီအိမ်သို့ ရောက်စကတည်းကပင်။ ကိုယ်ထိလက်ရောက် နှုတ်ထိအသံရောက် အားဖြင့် ယခုအချိန်အထိ မဖောက်ပြန်သေးမခုတ်တတ်တဲ့ ကြောင်ကလေးလိုပင်။ ယခု ဤအိမ်၏ အရှင်သခင် ဘုရင်မက ခေါ်နေပါပြီ..။
သွေးဆူရင်ခုန် ဘဝင်တုန်လျှက် ဖြိုးဟိန်းကျော် တစ်ယောက် မသက်ထားရီ အိပ်ခန်းဝသို့ ရောက်လာသည်။ မသက်ထားရီက ကုတင်ပေါ်တွင် ဝမ်းလျားကြီး မှောက်လျက် ဘောပင်တစ်ချောင်းကိုင်ကာ စာရွက်အလွတ်ပေါ်တွင် ဘာတွေ တွက်ချက်နေမှန်း မသိ။
“ မမ…. ကျနော် ရောက်ပြီ…”
“ အော်….အေးအေး…လာလေဟဲ့…”
ကြည်လဲ့ရွှင်ပြုံးစွာ ခေါင်းကို ငဲ့စောင်းပြီး ပြော၏။ မသက်ထားရီ မျက်လုံးတွေက ညှို့အားပြင်းစွာ အရောင်တွေ လက်ဖြာနေ၏။ ဖြိုးဟိန်းကျော် ရင်တလှပ်လှပ် ခုန်စွာဖြင့် လျှောက်လှမ်းလာသည်။
“ အေး….အဲဒီအပေါ်မှာ ထိုင်လေ…”
ကုတင်နှင့် ကပ်လျက်ရှိသော စားပွဲခုံက ကုလားထိုင်ရှည်ပေါ်တွင် ထိုင်ရန် မေးငေါ့ပြသည်။ ဒီတော့ ဖြိုးဟိန်းကျော်က မသက်ထားရီ၏ တစ်ကိုယ်လုံးကို အပေါ်စီးမှ မြင်နေရသည်။ မသက်ထားရီက ယခုအချိန်ထိ မထသေးပဲ စောစောကအတိုင်းပင် ဝမ်းလျားမှောက်လျက်သား ရှိနေသေးသည်။ တင်ဆုံထွားထွားအိအိကြီးတွေက ဖြိုးဟိန်းကျော် ရင်ကို တဒိန်းဒိန်း ခုန်စေသည်။
ဖြိုးဟိန်းကျော်တစ်ယောက် အာခေါင်တွေ ခြောက်ပြီး တံတွေး မကြာခဏ မြိုနေရသည်..။ မသက်ထားရီက ဝမ်းလျားမှောက် အနေအထားမှ သူ့ဘက်သို့ မျက်နှာမူကာ တစ်စောင်းလှည့်လိုက်သည်။
“ မင်းက လျှိုထားတာပဲ ကွ…. ကိုယ့်အစ်မကြ မပြောဘူး…။ မြနှစ်ကြ ဗေဒင်တွက်ပေးတယ်ဆို……”
အချစ်ရည်တွေ ကိန်းအောင်းနေသော မျက်စောင်းချိုချိုလေး ထိုးရင်း မသက်ထားရီက မေး၏။
“ ဟာ… ဒီ…. ဒီလို မဟုတ်ပါဘူး မမရာ….။ ဟို…. ဟို… သူကလည်း မေးလို့ .. မတောက်တစ်ခေါက် တတ်တာလေးနဲ့ ဟောပေးလိုက်ရတာပါ…”
“ အံမယ်…. ဘာ မတောက်တစ်ခေါက်လဲ…။ ဟိုက မှန်လွန်းလို့တဲ့ တော်ရေ…။ ဒီတစ်ခါ လခ ထုတ်ရင် ရှင့်ကို ခေါက်ဆွဲကျော် အဝ ဝယ်ကျွေးမလို့တဲ့ … ကြိမ်းဝါးနေတာ…”
ကံကောင်းထောက်မစွာနှင့် တည့်သွားခြင်း ဖြစ်လိမ့်မည်။ တကယ်တော့ ဖြိုးဟိန်းကျော်က ဝါသနာပါလို့ မတောက်တခေါက် လေ့လာထားခြင်းသာ ဖြစ်၏။ သူ့ကိုသူသိ၍ ပြုံးလိုက်မိစဉ်….
“ မင်းက ဘာပြုံးတာလဲ… ဟင်း….၊ မျက်နှာတော်တော်လိုက်…. ငါ့ကြ ဟောမပေးဘူး…။ ကဲ.. အခုလောလောဆယ်တော့ မဟောနဲ့ဦး..။ မင်း ဗေဒင်ပညာနဲ့ မမကို သုံးလုံးဂဏန်း တွက်ပေးကွာ နော်…။ မမ ဒီတစ်ချီ တော်တော် ထိသွားတယ်။ မင်းလေးလေး ပို့တဲ့ ငွေ ၁၅ သိန်းလည်း ပြောင်ပြီ….”
မသက်ထားရီ စကားကြောင့် ဖြိုးဟိန်းကျော် ခေါင်းနပန်း ကြီးသွားသည်။ ဟိုအမွှေးပါမကျန် တစ်ကိုယ်လုံးရှိ အမွှေးများ ထောင်ထသွား၏။
“ ဘုရား…ဘုရား…. ငါးပါးမက မှောက်တော့တာပဲ…။ ၁၅ သိန်း ပြောင်ပြီတဲ့…၊ သုံးလုံးဂဏန်းလည်း တွက်ပေးတဲ့…. ဘုရား…ဘုရား….”
စိတ်ထဲမှာ ဗလောင်ဆူ ယောက်ယက်ခတ်ရင်း ဇောချွေးတွေ ပြန်လာသည်။ မျက်နှာကြက်မော့၍ အကြံထုတ်နေစဉ်….
“ ဘယ်နှယ့်လဲ… ဗေဒင် ဆရာလေး….”
မသက်ထားရီ စကားကြောင့် ယောက်ယက်ခတ် ပြန့်ကျဲနေသော အတွေးများ တုန့်ခနဲ ရပ်တန့်သွားသည်။ သူ့ကို ကြည့်လိုက်တော့ စောစောကလို ဘေးတစ်စောင်း မဟုတ်တော့ဘဲ ပက်လက်ကြီး အိပ်လျက် ရှိနေသည်ကို တွေ့ရသည်။ မို့မောက်တင်းရင်းသော နို့အုံကြီးနှစ်မွှာက အင်္ကျီကို ဖောက်ထွင်းထွက်မတတ် ရုန်းကန်နေသည့်နှယ် ထင်ရ၏။
စောစောက အတွေးနေရာဝယ် ရမ္မက်လေပွေက ဖြိုးဟိန်းကျော် နှလုံးသားကို တစ်ချက်မွှေ့သွားပြန်၏။ မိန်းမအတွေ့အကြုံ လက်တွေ့မရှိသော်လည်း .. သူလည်း ခေတ်ပညာတတ်တစ်ယောက် ၊ စာပေဗဟုသုတ ပြည့်စုံကြွယ်ဝသူ ဖြစ်၏။ မသက်ထားရီ အပေါ် မရိုးသားသော စိတ်အခံကား ကြီးလှသောကြောင့်သာ ကိုယ့်ကိုယ်ကို မလုံ၍ နှလုံးခုန် ရင်တုန်နေသည်ကို သတိဖြင့် ပြန်လည် စုစည်းလိုက်သည်။
“ ကဲ….ပြောလေ… မမကို သုံးလုံးဂဏန်း တွက်ပေးမှာလားလို့….”
မျက်လုံးလေး ဒေါင့်ကပ်ပြီး မေးလာသော ညုချွဲချိုအီသော အသံလေးက ဖြိုးဟိန်းကျော် အသည်းကို ကျလိကျလိ နှင့် ယားစေ၏။ တအားပွေ့ဖက်ပြီး လုံးပစ်ချင်စိတ်တွေ အရမ်းဖြစ်နေမိသည်။
“ ပြောလေကွာ… နက်ဖြန်ဆို ထွက်တော့မှာ…။ မင်းဆီက ဂဏန်းရရင် သဇင်ငြိမ်းဆီ ဖုန်းဆက်ပြီး လှမ်းအောလိုက်မှာ….”
ကြောက်လျှင်လွဲ ရဲလျှင်မင်းဖြစ် … လာစမ်းကွာ ဖြစ်ချင်ရာဖြစ်ဟု ဆုံးဖြတ်ချက်ချပြီး..
“ ရတယ်လေ… မမ .. စာရွက်နဲ့ ဘောလ်ပင် ပေး…”
“ ဒီလို လုပ်စမ်းပါ.. ဆရာလေးရယ်… အဟင်းဟင်း…”
မသက်ထားရီက သူ့ရေးလက်စ ဘောပင်ကို လှမ်းပေးရင်း ၊ ကိုယ်ကို လိမ်၍ ထလိုက်သည်။ လျော့တိလျော့ရဲ ဖြစ်နေသော ထမီကြောင့် ဖွေးနုဝင်းမွှတ်နေသော ဗိုက်သားပြင်ကို လှစ်ခနဲ မြင်လိုက်ရသည်။ မသက်ထားရီက ကုတင်ခေါင်းရင်းဆီသို့ တရွတ်တွန်းသွားပြီး ကုတင်ခေါင်းရင်းရှိ ဘီရိုတံခါးကို ဆွဲဖွင့်သည်။ ဒီတော့ တပ်မက်ဖွယ်ကောင်းလှသော ကျော့ရှင်းသည့် ကိုယ်ဟန်က ဖြိုးဟိန်းကျော် မျက်လုံးထဲ တည့်တည့်ကြီး ဝင်လာသည်။ သေးသွယ်သော ခါးနှင့် ဖွံ့ထွားသော တင်ဆုံသား မို့မို့ကြီးက ထင်ရှားစွာ စွင့်ကား ဝင့်ကြွားလျက် ရှိနေတော့သည်။
မသက်ထားရီက ဘီရိုအောက်ထပ်မှ စက္ကူတစ်ထပ် ယူ၍ ဖြိုးဟိန်းကျော်ထံ လှမ်းပေးသည်။ သူမ နောက်ကျောကို ရမ္မက်ရောင်လွှမ်းသော အကြည့်သရမ်းတို့ဖြင့် စူးနစ် မက်မောစွာ ကြည့်နေသော ဖြိုးဟိန်းကျော် မျက်လုံးတို့ကို သတိထားမိလိုက်သည်။ သို့သော် မသိချင်ယောင်ဆောင်၍ နေလိုက်သည်။
ယခု မသက်ထားရီ ပြောသော စကားများသည် အစစ်အမှန် မဟုတ်ပါ..။ သုံးလုံးထိုးသည်ကား မှန်၏။ သူ့ယောက်ျား ပို့လိုက်သော ငွေ ၁၅ သိန်းဆိုသည်မှာ တကယ်မဟုတ်ပါ..။ သုံးသိန်းလောက် ထိသွားသည်ကတော့ မှန်သည်။ ဒီမျှလောက်တော့ မသက်ထားရီအဖို့ အပျင်းပြေ သွားကြားထိုးသလောက်ပင် ရှိ၏။ ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ ဖြိုးဟိန်းကျော်ကို ကာမသားကောင်အဖြစ် သွတ်သွင်းရန် ရမ္မက်ထောင်ချောက် ဆင်နေခြင်းသာ..။ ဤကိစ္စကို သူမနှင့် မြနှစ်တို့ နှစ်ဦးသဘောတူ တိုင်ပင်ပြီး ပန္နက်ရိုက် အစပျိုးခြင်းသာ ဖြစ်၏။ သူ့ယောက်ျား မလေးရှားမှာ ၃ နှစ်ခွဲနေရမည်..။ ထို့ကြောင့် ရေရှည်စီမံကိန်းအတွက် ယနေ့ အစပျိုးလိုက်ခြင်း ဖြစ်သည်။