အ ပေး အ ယူ မျှ
ညလေပြေညှင်းက ဖြူငယ့်ဆံနွယ်ပျော့ပျော့များကို တိုးဝှေ့ဆော့ကစားသောအခါ ရှုပ်ထွေးနေသော စိတ်များ အနည်းငယ်ပြန်ကြည်လင်လာရသည်။ ဖြူငယ့်ပထမနှစ်စာမေးပွဲက နီးနေပြီ။ အခန်းအောင်းပြီး တချိန်လုံး စာ ကြည့်နေရသဖြင့် ခေါင်းတွေမူးကာ မကြည်မလင်ဖြစ်နေသော စိတ်များဖြေလျှော့ရန် ၀ရံတာသို့ထွက်လာခြင်း ဖြစ်သည်။ “ ဖြူလေး မအိပ်သေးဘူးလား“ […]