တဏှာ‌ဒေါသ

မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကမ္ဘာပျက်လုမတတ် ဒေါသတွေ ငယ်ထိပ်ရောက်နေလို့၊ အသားတွေ တဆက်ဆက်တုန်လို့၊ ခံစားချက်တွေ မျိုသိပ်ထားရင်း မကောင်းတဲ့ လူတစ်ယောက်အတွက်နဲ့ ငါ့ဘဝ အပျက်မခံနိုင်ဘူး။ အံကိုခပ်တင်းတင်းကြိတ်ရင်း အိမ်ထဲက ပြန်ထွက်လို့ ဒေါသတွေ ပြေဖျောက်ဖို့ ကျနော် ဘုရားအရိပ်အောက် ခိုလှုံပြီး ရသလောက် စိတ်ကို တည်ငြိမ်အောင် စုစည်းပြီး KK ဆီကို ဖုန်းခေါ်လိုက်တယ်။

“ဟယ်လို အောင် အိမ်မပြန်လာသေးဘူးလား။ မိုးချုပ်နေပြီလေ”

“KK ဘုရားကို ခဏလောက် ထွက်လာခဲ့ပါလား။ အောင် စောင့်နေမယ်။ တနင်္ဂနွေတောင့်ကို လာခဲ့နော်”

“အောင်ကတော့ လုပ်ပြီ။ KK လာခဲ့မယ်”

ဖုန်းချသွားပြီး နာရီဝက်လောက်အကြာမှာ လှုပ်လီလှုပ်လဲ့ ပါတိတ်အနီရောင်အပွင့်လေးနဲ့၊ သနပ်ခါး ပါးကွက်လေးနဲ့၊ ချစ်စရာအပြုံးလေးနဲ့ ကျနော့်အနားမှာ ထိုင်ချလိုက်ပြီး

“ကဲပြော ဘာပြောစရာရှိလို့လဲ အောင်။ အိမ်ကြမှပြောလဲရတာကို”

“KK သေချာနားတောင်နော်။ အောင်တို့ ကွာရှင်းရအောင်”

“ဘာ ဘာပြောတယ် အောင်”

“လမ်းခွဲကြမယ် KK”

“အောင် ဘာကြောင့် အခုလို ဆုံးဖြတ်တာလည်း KK နားမလည်နိုင်ဘူး။ KK ဘာတွေလုပ်မိလို့လည်း အောင်”

“ဒီမှာ KK။ အောင် နေ့လည် ၃ နာရီလောက်က ဆိုင်ကအလုပ်ကိစ္စနဲ့ အိမ်နားရောက်နေလို့ အောင် ပြန်လာခဲ့သေးတယ်။ ငါ့နောက်ကျောကို ဓါးနဲ့ထိုးနေတာ နောက်ကျမှသိရတာ ဒေါသဖြစ်တယ်။ အောင့်အပေါ် ရက်စက်လိုက်တာ KK။ အောင် ရှာဖွေမကျွေးမိလို့လား။ အောင် တတ်နိုင်တာ၊ ရွှေငွေ မဆင်ပေးခဲ့မိလို့လား။ သာယာတဲ့ဘဝကို မဖြည့်ဆည်းခဲ့လို့လား။ KK သဘော KK စိတ်တိုင်းကျ မနေပေးခဲ့မိလို့လား။ နောက်ဆုံး စကားက ဘုရားရင်ပြင်ပေါ်ဖြစ်နေလို့ လင်မယားအိပ်တဲ့အချိန် အောင် KKအပေါ် လင်မယားလိင်ကိစ္စ မဖြည့်ခဲ့မိလို့လား။ အောင်ဘက်က ဘာတစ်ခုမှ မပျက်ကွက်ခဲ့ပါဘူး။ ဒါတွေကို KK အသိဆုံးပါ။ အောင် KK ကို ချစ်လိုက်ရတာ။ အရမ်းချစ်တတ်တဲ့သူတွေ တန်ဖိုးထားခြင်း မခံရဘူးဆိုတာ အောင် ကိုယ်တွေ့ကြုံလိုက် သိလိုက်ရပါပြီ။ အရာရာ စိတ်တိုင်းကျ ဦးစားပေးချစ်လိုက်ရတာ။ ရှိသမျှ ရှာသမျှ အကုန်ပေးတယ်။ ပင်ပန်းနေပါစေ မောတယ်လို့ အောင် ညီးဖူးလား။ အိမ်ပြန်လာလို့ အပြုံးတစ်ချက် မြင်ရတာနဲ့ ပျှော်နေမိတဲ့ အောင် ပါ။ အခုတော့ကွာ ရည်းစားဟောင်းနဲ့ ကုတင်ပေါ်မှာ မြင်မကောင်းပါလား KK။ အောင်ဘဝ ကို အောင်အချစ်ရဆုံး မိန်းမက အောင်ဘဝရဲ့ နှလုံးသားကို ဓါးနဲ့ ခပ်ပြုံးပြုံး ထိုးနေတာ မသိလိုက်မိဘူး။ အောင်ဘဝကို အောင်သနားတယ်။ တစ်နေ့ကုန် အလုပ်လုပ် ပင်ပင်ပန်းပန်းလုပ်နေတာ ငါ့ကမ္ဘာလေး မိသားစုဘဝလေး လိုချင်လို့ပါ KK။ အခုတော့ကွာ ငါကတော့ ရှာနေတယ်။ KK မင်းကတော့ နောက်အကောင်နဲ့ သာယာနေတယ်”

မျက်ရည်ကျပြီး ငြိမ်သက်နေတဲ့ KK က

“အောင် KKတောင်းပန်ပါတယ်။ KKကို ခွင့်လွှတ်ပေးပါ။ အမိုက်မ KKကို တစ်ခုခုလုပ်လိုက်ပါ။ ရိုက်ချင်လည်း ရိုက်လိုက်ပါ။ ထိုးချင်လည်း ထိုးလိုက်ပါ။ အောင် KKကို ခွင့်လွှတ်ပေးပါ။ KK အနူးအညွတ် တောင်းပန်ပါတယ် အောင်။ နောက်ဆုံးအကြိမ်အဖြစ် ခွင့်လွှတ်”

“တော်တော့ KK ဆက်မပြောနဲ့တော့။ အောင်ပြောတာ နားတောင်။ မနက်ဖြန် တရားရုံးကို လာခဲ့ပါ။ အောင် စောင့်နေမယ်။ KK နောက်လူကို လက်ထပ်လိုက်ပါ။ သာယာမှုကို ဖန်တီးလိုက်ပါ။ ပျှော်မယ်ထင်တဲ့ လမ်းကို KKတို့ ဆက်လျှောက်ကြပါ။ အောင် ချစ်တဲ့ အချစ်ထက် နောက်လူ KKကို ချစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော် KK။ အောင်ဘက်က ပေးနိုင်တာ အကုန်ပါပဲ။ မနက် တရားရုံးကိုသာ လာခဲ့လိုက် KK။ အောင် စောင့်နေမယ်။ အောင် သွားတော့မယ်။ လိုက်မလာခဲ့ပါနဲ့”

ကျနော် မတ်တပ်ရပ်ပြီး ကျောခိုင်းကာ ခြေလှမ်းလိုက်တော့

“အောင် KKတောင်းပန်ပါတယ်။ ထွက်မသွားပါနဲ့”

ငိုပြီး ပြောနေတော့တယ်။ ကျနော် KKကို လှည့်မကြည့်တော့ပဲ မျက်ရည်တစ်ပေါက်ချင်း လိမ့်ဆင်းလာပြီး

“နောက်ကျသွားပါပြီ KK”

လို့ပြောပြီး ခြေလှမ်းတွေ KKနဲ့ ဆန့်ကျင်ဘက်အရပ် ဦးတည်သွားရင် ဘုရားက ဆည်းလည်းသံနဲ့ ကျနော့်ရင်ထဲက အသည်းပေါက်မတတ် ခံစားမှုနဲ့ KKရဲ့ ငိုရှိုက်သံသဲ့သဲ့ကို ခေါင်းလောင်းထိုးသံ ကြေးစည်သံသဲ့သဲ့က လွှမ်းမိုးသွားရင်း ကျနော်နဲ့KKရဲ့ အိမ်ထောင်ရေးပြသနာကို ဘုရားကလွှဲလို ဘယ်သူမှ ပိုသိနိုင်မယ် မထင်တော့ပါဘူးးးးး ဗျာ။

မနက်လင်းတော့ ကျနော် အိပ်ယာထ၊ ရေချိုး၊ အဝတ်အစားလဲပြီး တည်းခိုခန်းသော့ကို ပြန်အပ်၊ ငွေရှင်းပေးလိုက်ပြီး မနက်ခင်းမှာ ဟာတာတာ ဖြစ်နေတော့ အော် မနေ့ကနဲ့ ဒီနေ့ မတူတော့ပါလား။ ဆိုင်ကို အရင်သွား ကျနော်စုထားတဲ့ ငွေ၊ ဘောနပ်ဆုကြေး၊ မုန့်ဖိုးရငွေ အားလုံးကို ဆိုင်ရှင်စီ အပ်ထားတာ ၆ သိန်းကျော် ပြန်ထုတ်လိုက်ပြီး ဒီနေ့တစ်ရက်တော့ အလုပ်နားချင်လို့ ဆိုင်ရှင်ကိုပြောပြီး ပြန်ထွက်လာတော့ မနက် ၈ နာရီကျော်နေပြီ။ ဗိုက်ကဆာလာလို့ တရားရုံးကိုအရင်သွား ရုံးနားကကွန်ပျူတာဆိုင်မှာ ကွာရှင်းစာချုပ် ဝယ်လိုက်ပြီး ရုံးနားက လက်ဖက်ရည်ဆိုင်မှာ ထမင်းကြော်၊ ကြက်ဥကြော်နဲ့ ကော်ဖီတစ်ခွက်သောက်ရင်း ဗိုက်ဖြည့်နေလိုက်တယ်။

မနက် ၉ နာရီခွဲလောက်မှာ KK တရားရုံးထဲ ဝင်လာပြီး ကျနော့်အနား ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး

“တစ်ခုခု မှာလိုက်လေ မနက်စာ စားဖို့”

“မမှာတော့ပါဘူး”

“အောင် KK အရမ်းမှားသွားပါတယ်။ ခွင့်လွှတ်ပေးပါ။ နောင်တထက် KK ရင်ထဲ ကိုယ့်ကိုယ်ကို ဒေါသဖြစ်မိပါတယ် အောင်။ KK အရမ်းကို မိုက်မဲမိပါတယ်။ ဒီတစ်ခါတော့ KKအမှားကို ပြင်ဆင်ခွင့်ပေးပါ။ နောက်ဆုံးအကြိမ်အဖြစ် တောင်းဆိုပါရစေ အောင်”

ပြောပြီး မျက်ရည်တွေကျနေတဲ့ KKကို ကျနော်တစ်ချက် ကြည့်လိုက်ပြီး

“ဒီမှာ KK။ ငါ့အသက်ထက် မင်းကို တန်ဖိုးထား ချစ်ခဲ့တာပါ။ ငါ့အချစ်ကို အနိုင်ယူတာ နားလည်ပေးလို့ရပါတယ်။ ဖောက်ပြန်မှုကို ငါခွင့်မလွှတ်နိုင်ဘူး KK။ မင်းကို ဘယ်လောက်ချစ်ခဲ့ပါစေ ရင်ထဲက နာကျင်မှုတွေ တစ်နေ့ နေသားကျလာမှာပါ။ မင်းကို ချစ်တဲ့စိတ် သတိရစိတ် ဝင်လာလည်း နာတာနဲ့ ဖြေတတ်အောင် နေတော့မယ်။ တနေ့တချိန် KK ဆိုတဲ့ လူတစ်ယောက်ကို အောင့်ရင်ထဲ မေ့ပျောက်သွားအောင် အချိန်ဆိုတဲ့ စက်ဝိုင်းက ကုစားသွားမှာပါ။ အောင်ဆိုတဲ့ ငါ့ကို KKရင်ထဲ တကယ်ရှိခဲ့တယ်ဆိုရင် အခုလိုလုပ်ရက်မျိုးနဲ့ ရက်စက်မှာ မဟုတ်ပါဘူး။ အောင်နဲ့နေရတာ မပျှော်ဘူးဆိုလည်း ပွင့်လင်းစွာ ပြောလိုက်လို့ရပါတယ်။ အောင် လမ်းခွဲပေးမှာပါ။ အောင် နှလုံးသားကို စကားလုံးနဲ့သတ်လည်း သေပါတယ်။ အခုတော့ကွာ နှလုံးသားကို ဓါးနဲ့ထိုးတာထက် နာတယ်။ ခပ်ရိုင်းရိုင်းပြောရင် ငါ့ကိုနွားလို သဘောထား ပေါင်းသင်းနေတာ အရမ်းတော်ပါတယ် KK။ ငါကသာ အချစ်ကို ရှေ့တန်းတင် မမွှန်နေလို့ ဘာမှမမြင်မသိ နွားတစ်ကောင်လို ပေါင်းသင်းနေမိတာ ငါ့ကိုယ်ငါလည်းရွံ့မိတယ် KK။ ခိုးကြောင်ခိုးဝှက် မပေါင်းပါနဲ့ နောက်လူလက်ကို ရဲရဲတွဲလိုက်ပါ KK။ သာယာမယ်တင်တဲ့လူနဲ့ နေခဲ့လိုက်ပါ။ ပျော်မယ်တင်တဲ့ဘဝ လျှောက်လိုက်ပါ။ အဆင်ပြေကြပါစေလို့ ဆုတောင်းပေးခဲ့တာပါ။ ဒါ နောက်ဆုံးအနေနဲ့ ကျေနပ်စွာ KKအတွက် စဉ်းစားပေးခဲ့တာပါ။ တောင်းပန်နေစရာလည်း မလိုတော့ပါဘူး။ အောင်လည်း နားလည်ပေးစရာ မရှိတော့ပါဘူး။ လူဆိုတာ ကိုယ့်အိပ်မက်ကို ကိုယ်ဘာသာဆေးခြယ်တာ အကောင်းဆုံးပါ KK။ ငါ့တို့နှစ်ယောက်ရဲ့ လမ်းခွဲခြင်းမှာ ဝမ်းနည်းစရာ မရှိတော့ပါဘူး။ တောင်းပန်နေမဲ့အစား ငါ့တို့ကွာရှင်းတာက ပိုအဓိပ္ပါယ်ရှိပါတယ် KK။ အနာဂတ်လမ်း စိတ်ကြိုက် လျှောက်လှမ်းလို့ရအောင် အောင်နဲ့KK ပြတ်ပြတ်သားသား တရားဝင်ကွာရှင်းဖို့ ရုံးတော်ကို လိုက်လာခဲ့ပါတော့ KK”

မျက်ရည်တွေနဲ့ KK ဘာမှဆက်မပြောပဲ ငိုင်နေစဉ်

“ညီလေးရေ ပိုက်ဆံထားခဲ့တယ်”

လို့ အော်ပြောလိုက်ပြီး တရားရုံးပေါ် ကျနော်လှမ်းတက်သွားတော့တယ်။ တရားသူကြီးရှေ့ လက်မှတ်ထိုး ကွာရှင်းစာချုပ် တစ်ယောက် တစ်ခုစီ ယူလိုက်ပြီး KK မျက်နှာကို တစ်ချက် ကျနော်ကြည့်လိုက်ပြီး အမှတ်မထင် အကြည့်တစ်ချက် ဆုံလိုက်စဉ်

“KK”

“ပြောပါ အောင်”

“ကျန်းမာရေးဂရုစိုက်ပါ KK။ အောင် သွားတော့မယ် နှုတ်ဆက်ခဲ့ပါတယ်”

ကျနော် စကားဆုံးတာနဲ့ KKကို ကျောခိုင်းကာ ရုံးတော်အပြင်ဘက်ကို ထွက်လာတော့တယ်။ အောင် အောင် အောင် အောင် လို့ အော်ခေါ်နေတဲ့ KKအသံကို ပြန်လှည့်မကြည့်တော့ပဲ ကျနော် မျက်ရည်တွေ အံကြိတ်တင်းထားပေမဲ့ တစ်ပေါက်ချင်း ကျဆင်းနေတာ KKတစ်ယောက် သိမြင်နိုင်မှာ မဟုတ်တော့ပါဘူး။ ကျတဲ့မျက်ရည်ကို သုတ်လိုက်ပြီး TAXI ငှားလိုက်ပြီး ကားဂိတ်ကို ဦးတည်ထွက်ခွာမိတော့တယ်။

ကားဂိတ်ကို ရောက်တော့ ရေးမြို့သို့သွားမည့်ကားကို စီးနင်းပြီး KKနဲ့ ဝေးရာအရပ်သို့ ဘဝအသစ် လျှောက်လှမ်းဖို့ ခရီးဆက်လာခဲ့မိတယ်။ ကိုယ့်အပေါ် မကောင်းခဲ့တဲ့ မိန်းမဖြစ်ပေမဲ့ ဒဏ်ရာက လတ်လတ်ဆတ်ဆတ် ဖြစ်နေလို့ သတိရစိတ် ခဏခဏ ဖြစ်နေမိပါတယ်။ ကျနော် မညာပါဘူး။ လမ်းမှာ ထမင်းစားလည်းနင်၊ ရေသောက်လည်းနင်၊ လည်ချောင်းမှာ ဝမ်းနည်းမှုတွေ စို့နင့်နေတယ်ဗျာ။

တရိပ်ရိပ် ပြေးလမ်းမှာ ကားကလည်း ဖြေးဖြေးမှန်မှန် မောင်းနှင်နေရင်း မကြာမှီ ရေးမြို့သို့ ရောက်ရှိပြီး ကားပေါ်က ဆင်းတော့မှ ဗိုက်က အရမ်းဆာလာလို့ စားသောက်ဆိုင် ခဏဝင်ပြီး ဆီချက်ခေါက်ဆွဲတစ်ပွဲ မှာစားလိုက်ပြီး ဖုန်းကိုထုတ်လိုက်ကာ ပါဝါဖွင့်လိုက်တော့ KK ဖုန်းခေါ်ထားတာ အကြိမ်ကြိမ်ဆိုတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ ကျနော် ပြန်မဆက်တော့ပါဘူး။ တခြား ဖုန်းနံပါတ် တစ်ခုကို နှိပ်ပြီး ခေါ်လိုက်မိတယ်။

“ဟယ်လို ဒေါ်လေး”

“ဟယ်လို တူလေးးး အောင် လား”

“ဟုတ်တယ် ဒေါ်လေး”

“ဖုန်းမဆက်ဘူး အဆက်ထူးနေပါနေလား အဒေါ့်တူ ကတော့။ ပိုက်ဆံပြတ်နေလို့လား”

“မဟုတ်ပါဘူး ဒေါ်လေးရာ။ ကျနော် ရေးကို ရောက်နေတာ။ အခုကားဂိတ်ကနေ ဖုန်းဆက်လိုက်တာ”

“ဟာ တကယ်လား တူလေး။ ဒေါ်လေး လာကြိုမယ်။ ရွာကနေ အခုထွက်လာမယ်။ စောင့်နေနော် ကြားလား တူလေး”

“ဟုတ်ကဲ့ ဒေါ်လေး။ မြန်မြန်လာနော် ကျနော် ပင်ပန်းနေလို့ အိပ်ချင်နေပြီ”

“အေး အေး လာပြီ”

ဆိုပြီး ဖုန်းချသွားတော့တယ်။ ၁ နာရီလောက်ကြာတော့ ဒေါ်လေး ရောက်လာတယ်။

“တူလေး ပိန်သွားတယ်နော်”

“ဟုတ်တယ် ဒေါ်လေး ပင်ပန်းလို့ပါ”

“မင်းမိန်းမ မပါဘူးလား”

“မပါဘူး ဒေါ်လေး။ ကျနော် အရမ်းအိပ်ချင်နေပြီ။ ပြန်ရအောင် ဒေါ်လေး”

“အေး အေး။ အိပ်ငိုက်နေတာဆိုတော့ နောက်က ခွထိုင်ပြီး ဆိုင်ကယ်လိုက်စီးတော့။ ဒေါ်လေးပဲ မောင်းတော့မယ်”

“ဟုတ်…။ ဒေါ်လေးကတော့ အရင်ကအတိုင်းပဲ လှနေတုန်းပဲ”

“မြှောက်မနေနဲ့ ညာတာပါတေး။ တက်တော့ သွားမယ်”

ဒေါ်လေးနောက်ကခွစီးကာ ဒေါ်လေးခါးကို ဖက်လိုက်ပြီး ဒေါ်လေးနောက်ကျောကို မျက်နှာအပ်ပြီး မျက်လုံးတွေလေးနေစဉ် ဒေါ်လေးက

“ခါးကိုသေချာဖက်ထား။ ပြုတ်ကျနေဦးမယ်။ ကြားလား”

“ဟုတ်ကဲ့ ဒေါ်လေး”

ကျနော် ဒေါ်လေးကို ခပ်တင်းတင်း ဖက်ထားပြီး အိပ်ပျော်လိုက် ပြန့်လန့်နိုးလိုက် ဖြစ်နေရင်း အိပ်ပျော်သွားတယ်။

“ဟာ ဒီကလေးကတော့။ ကဲ ထတော့ ဆင်းတော့ အိမ်ရောက်ပြီ”

“အင်း ဒေါ်လေး ကျနော် အိပ်ပျော်သွားတာလား”

“ဟင် ကိုယ်တော် ဆိုင်ကယ်ကို သတိထားပြီး မနည်းမောင်းပြန်လာရတာ”

“ဆောရီး ဒေါ်လေး။ ကျနော် တော်တော်အိပ်ချင်နေတာ”

“ကိုဘခက် ကိုဘခက်”

“ဟေ ဘာတုန်းကွာ လာပြီ လာပြီ”

“ရှင့်တူကို အိပ်ယာခင်းပေးလိုက်ဦး”

“အေးပါ မိန်းမရာ”

“ငအောင် ငါ့တူကို မတွေ့ရတာကြာပြီကွာ လာ လာ အိမ်ပေါ်တက်”

“ဟုတ်ကဲ့ ဦးလေး”

ဦးလေးက ဖျာခင်းပြီး ခေါင်းအုံးပြင်ပေးတယ်။

“အိပ်တော့မယ် ဦးလေး။ ကျနော် မရတော့ဘူး”

လို့ပြောလိုက်ပြီး ဖျာနဲ့ခေါင်းအုံး ထိလိုက်ပြီး မကြာမှီ ကျနော် အိပ်ပျော်သွားတော့တယ်ဗျာ။

“ငအောင် ငအာင်”

ဦးလေး လာနိုးတော့မှ အိပ်ယာက ထလိုက်ပြီး

“ဦးလေးကလည်း အိပ်နေတာကို”

“ထတော့ ထမင်းစားလိုက်ဦး။ မင်းဒေါ်လေးက ထမင်းစားဖို့ စောင့်နေတယ်။ လာခဲ့ ထမင်းစားပြီးမှ ပြန်အိပ် ကြားလား”

“ဟုတ်ကဲ့ ဦးလေး”

ကျနော် မျက်နှာပြန်သစ်လိုက်ပြီး ထမင်းစားဖို့ နောက်ဖေးဘက် ထွက်လာခဲ့လိုက်တယ်။

“လာ လာ တူလေး။ တောမှာဆိုတော့ စားစရာ သိပ်မကောင်းဘူးနော်။ ဘဲဥဟင်း၊ ဘူးသီးဟင်းချို၊ ငပိ၊ တို့စရာပဲရှိတယ်။ ဒေါ်လေး မြို့ဈေးသွားမှ ဟင်းကောင်းချက်ကျွေးမယ်နော်”

“ရပါတယ် ဒေါ်လေးရာ။ ကျနော် စားတက်ပါတယ်”

“မိန်းမ ဟင်းထည့်ပေးလိုက်ဦးလေ”

“ရပါတယ် ဦးလေး ဧည့်သည်မှမဟုတ်တာ”

“ဟုတ်သားပဲ ကိုဘခက်ကလည်း။ အေး အေး ထည့်စား ငအောင်”

ဒေါ်လေးလက်ရာ မစားရတာကြာလို့ ထမင်းစားကောင်းလိုက်တာ။ စားပြီးလို့ အိမ်ရှေ့မှာ ဦးလေးနဲ့ ရေနွေး သောက်နေချိန်

“ကဲ တူဝရီးနှစ်ယောက် လက်ဖက်စားကြဦး”

ဆိုပြီး ဒေါ်လေးက ကျနော့်အနားမှာ ထိုင်လိုက်ပြီး

“ဆိုပါဦး တူလေး။ ဒေါ်လေးတို့ဆီ အလည်လာတာလား”

ကျနော် ချက်ချင်း ပြန်မဖြေနိုင်အောင် ငေးငိုင်နေတော့

“ငအောင် ငါတူ မင်းတစ်ခုခု ဖြစ်နေသလိုပဲ ပြောပါကွာ ဘာဖြစ်နေတာလဲ ဦးကိုပြောပြကွာ”

“ကျနော် ပြောမထွက်ဘူး ဦးနဲ့ဒေါ်လေးရယ် မပြောလို့ဖြစ်မလား”

“ငအောင် ဦးလေးနဲ့ မင်းအဒေါ်ကိုမှ မပြောရင် ဘယ်သူ့ကို မင်းပြောမှာလဲ ပြော”

“ဟုတ်ကဲ့ ကျနော် ပြောပါ့မယ် ဦးနဲ့အဒေါ်”

ကျနော် လေးလံတဲ့စိတ်ကို တည်ငြိမ်အောင်ထားလိုက်ပြီးမှ

“ကျနော် KK နဲ့ လမ်းခွဲလိုက်ပြီ”

“ဟေ ဟာ ဘာဖြစ်ကြတာလဲ တူလေး။ ဘယ်လိုဖြစ်ကြတာလဲ ငအောင်”

ဖြစ်ကြောင်းကုန်စင် တစ်ခုမကျန် ကျနော် ပြောပြလိုက်ပြီးချိန်မှာတော့ ဒေါ်လေးနဲ့ဦးလေး သက်ပြင်းကိုယ်စီချလိုက်ပြီး ဒေါ်လေးကစပြီး စကားဆိုတော့တယ်။

“တူလေး KKကို ခွင့်လွှတ်မပေးနိုင်ဘူးလား။ တောင်းပန်စကားပြောတဲ့ KKကို တစ်ကြိမ်လောက် ပြုပြင်ခွင့် မပေးနိုင်တော့ဘူလား”

“ကျနော် အားလုံးကို ခွင့်လွှတ်နိုင်ပါတယ်။ ဒါပေမဲ့ လူ့စည်းတစ်ခုဖောက်တာတော့ ကျနော် လက်မခံနိုင်ဘူး ဒေါ်လေး။ သေလောက်အောင် ချစ်နေပါစေ ကျနော် ရင်ကွဲသာခံလိုက်မယ်။ ခြံခုန်ဖူးတဲ့နွားကို ခြံထဲ မသိမ်းထားပါဘူး သွားချင်ရာ သွားပါစေ။ ဖမ်းဆုပ်မထားပါဘူး လွတ်လပ်စွာ သွားပါစေ။ ကျနော် ကိုယ်တိုင် တံခါးဖွင့်ပေးလိုက်တာပါ။ ပြတ်သွားတဲ့ကြိုးကို ပြန်မဆက်ပါရစေနဲ့တော့။ သံသယနဲ့ ကျနော် တစ်သက်လုံး မပေါင်းသင်းပါရစေနဲ့ ဒေါ်လေးရယ်။ ကျနော် မေ့ပစ်နိုင်ဖို့ ဦးနဲ့ဒေါ်လေးဆီမှာ လာနေတာပါ။ ကျနော် ယောင်္ကျားတစ်ယောက်ပါ။ ပိုက်ဆံမချမ်းသာပေမဲ့ ကျနော့်သိက္ခာတော့ ထပ်အကျမခံပါရစေနဲ့။ ကျနော့်ကို နားလည်ပေးပါလို့ ဒေါ်လေးနဲ့ ဦးလေးကို ပြောချင်ပါတယ်”

“တူလေး ပြောတာကို ဒေါ်လေး လက်ခံပါတယ်”

“ငအောင် ဦးလေး နားလည်တယ်။ ငါ့တူ ဘယ်လောက်ခံစားနေရမလဲ။ ဒဏ်ရာအတိမ်အနက်ကို ကိုယ်ချင်းစာတယ်”

“ငါ့တူ မင်းမှန်တယ်။ ဒေါ်လေးတို့နဲ့နေ ကွမ်းသီးခြံဝိုင်းကူလုပ် ဟုတ်ပြီလား။ နောက်အလုပ်လုပ်ငန်း ထပ်လုပ်ချင်လည်း ပြော ဟုတ်ပြီလား။ ဖြစ်နိုင်တယ်ဆိုရင် ဒေါ်လေးတို့ ပိုက်ဆံပေးမယ် ဟုတ်ပြီလား”

“ဟုတ်ကဲ့ ဒေါ်လေး။ စကားမစပ် ဒေါ်လေးတို့ ကလေးမယူကြသေးဘူးလား။ ကျနော်ရှိတော့ ကူထိန်းပေးလို့ ရတယ်လေ။ ကျနော်လည်း တူလေး တူမလေး ချီချင်ပြီ”

“ကောင်စုတ်လေး ဒီလိုအချိန်မှာတောင် ပေါက်ကရ စနောက်နိုင်သေးတယ်နော်”

“စိတ်ချ ငအောင် မင်းဦးလေး ကြိုးစားနေတယ်ကွ ဟား ဟား”

“ကိုဘခက် ရှင်နော် ကျမတူလေးရှေ့မှာ ဘာတွေပြောနေတာလဲ မရှက်ဘူးလား”

“မရှက်ပါနဲ့ ဒေါ်လေးရယ်။ ဦးလေးမျက်နှာကိုကြည့် ကလေးချီချင်နေတာ အသိသာကြီး ဟား ဟား”

“ငါ ဆဲမိတော့မယ်နော်။ ကိုဘခက် ရှင်လည်း သတိထားနေ ကြာလား”

ပြောပြီး ဒေါ်လေး အိမ်နောက်ဖေးဘက် ဝင်သွားတော့တယ်။

“ကဲ ကဲ ဦးလေး ဒေါ်လေးရှက်သွားပြီ သွားချော့လိုက်ဦး။ ကျနော် ဒီနေ့တော့ အနားယူလိုက်ဦးမယ်။ မနက်ဖြန်မှ ဦးလေးနဲ့ ခြံအလုပ် ကူလုပ်ပေးတော့မယ်။ ကျနော် အိမ်အောက်ထပ် အခန်းထဲမှာပဲ နေတော့မယ်”

“သဘောပဲ ငအောင် နေချင်တဲ့နေရာမှာနေ”

လို့ဆိုပြီး ဦးလေးစကားပြောပြီး ကျနော့်အနားကနေ ဒေါ်လေးရှိတဲ့ နောက်ဖေးဘက်ကို ထွက်သွားတော့တယ်ဗျာ။ ကျနော်လည်း ထမင်းစားများသွားလို့ မျက်လုံးလေးလာလို့ ကြမ်းခင်းပေါ် အိပ်ချလိုက်ပါတော့တယ်။

ညနေစောင်းတော့ အိပ်ရေးဝပြီး အိပ်ပျော်နေရာကနေ နိုးလာပြီး ရေချိုး ညစာစားပြီး ဦးလေးနဲ့ အဒေါ်နဲ့ စကားခဏပြော ရေနွေးသောက်ပြီး ည ၈ နာရီလောက်ကြတော့

” တူလေး ဒေါ်လေးတို့ အပေါ်တက်အိပ်တော့မယ်။ ဒေါ်လေးတို့ ပင်ပန်းနေပြီ အိပ်တော့မယ်”

“ဟုတ်ကဲ့ ဒေါ်လေး။ ကျနော် အောက်ကအခန်းမှာပဲ အိပ်တော့မယ်”

“အေး အေး စောစောအိပ်နော် အတွေးမလွန်နဲ့ ကြားလား။ ဘဝသစ်ကိုပြန်စ။ ပြီးခဲ့တာတွေ မေ့ထားလိုက်တော့”

“ဟုတ်ကဲ့ ဒေါ်လေး”

“ကိုဘခက် ရှင် တူလေးနဲ့ စကားပြောချင်လည်းပြော။ အိပ်တာ နောက်မကျနဲ့နော်။ ကျမသွားတော့မယ်”

“မိန်းမကလည်း ငါလည်း တစ်နေကုန် ပင်ပန်းနေတာ နားချင်ပြီ။ ငအောင် ဦးလေးလည်း အိပ်တော့မယ် စောစောအိပ်”

“ဟုတ်ကဲ့”

“သွားမယ် မိန်းမ”

ဆိုပြီး ဒေါ်လေးနဲ့ဦးလေး အိမ်ပေါ်တက်သွားတော့တယ်။ ရွာဆိုတော့ တိတ်ဆိတ်ငြိမ်သက်မှုက ကျနော့်ရင်ထဲ KKကို သတိရစိတ် ပြန်ဝင်လာခဲ့မိရင်း KK မင်းကို ငါမမုန်းပါဘူး။ ဒါပေမဲ့ ငါမင်းကို လက်မခံနိုင်ဘူး။ KK နင်အဆင်ပြေပါစေ ပျော်ပါစေ။ နင့်ဘဝ သာယာနိုင်ပါစေ KK။ အတွေးတွေ လွှင့်နေတုန်း

“ကိုဘခက် ကျမစိတ်တွေ ရှုပ်နေတယ်။ ပိုက်ဆံတွေ ဘယ်လိုလုပ်ပေးရမှာလဲ။ ကျမရင်ထဲ မပျော်တဲ့အချိန် ဟိုစိတ်ဒီစိတ်ထက် ပိုက်ဆံကိစ္စပဲ ခေါင်းရှုပ်နေတာ။ ရှင်လည်း အိပ်တော့”

“အေးပါ မိန်းမရာ။ ဘယ်လိုလုပ်ပေးရမလဲ မသိတော့ပါဘူး”

“တိုးတိုးပြောပါ ကိုဘခက်ရယ်။ တူလေးကို မသိစေချင်ဘူး”

“စိတ်ရှုပ်လိုက်တာ မိန်းမရာ။ မေသစ် လာရင် ဘယ်လိုရှင်းရမလဲကွာ”

“တောင်းပန်ရုံသာ ရှိတော့တာပဲ ကိုဘခက်ရယ်။ အိပ်တော့ ကိုဘခက်။ ကျမလည်း အိပ်တော့မယ်”

တိတ်ဆိတ်သွားတဲ့ အသံများ၊ ညကလည်း မှောင်မိုက်၊ အတွေးတွေကို ဖြတ်တောက်လိုက်ပြီး မီးခွက်မီးကို ငြိမ်းလိုက်ပြီး ဦးနဲ့အဒေါ် ဘာတွေဖြစ်နေကြတာလဲ တွေးနေမိကာ KKကို သတိရစိတ် ပျောက်သွားပြီး ကျနော်လည်း အမှောင်နဲ့ တစ်သားတည်းကျလို့ အိပ်ပျော်သွားတော့တယ်ဗျာ။

လင်းကြက်တွန်သံ အုန်းမောင်းခေါက်သံကြားတဲ့အချိန် ရွာဓလေ့ အသက်ပြန်ဝင်လာလို့ အိပ်ယာထ ထမင်းချက် လုပ်ငန်းခွင်အတွက် စီမံကြလို့ မနက်ခင်းစလို့ အသက်ပြန်ဝင်လာပါတော့တယ်။

“ကိုဘခက် ကိုဘခက် ထတော့ ရွာကျောင်းက အုန်းမောင်းခေါက်နေပြီ”

“အေး အေး ထပြီ မိန်းမကလဲ”

“မျက်နှာသစ်တော့။ ပြီးရင် ထမင်းချက်ထားနော်။ ကျမ ကန်စွန်းရွက်ကြော်နဲ့ ကြက်ဥကြော် အာရုံဆွမ်း ကျောင်းသွားပို့မယ်။ မနက်စာ အစာပြေ ကန်စွန်းရွက်ကြော်နဲ့ ကြက်ဥကြော်ပဲ စားကြတာပေါ့။ တူလေးကို သွားနိုးလိုက်ဦးမယ်။ ကြားလား ကိုဘခက်”

“အေး အေး မိန်းမ”

“တူလေး တူလေး”

“အင်းးးး”

“အိပ်ယာထတော့”

“ဟုတ်ကဲ့ ဒေါ်လေး။ ကျနော်ထပါပြီ။ ဒေါ်လေး ဘာခိုင်းစရာရှိလို့လဲ”

“မရှိပါဘူး။ ဒေါ်လေးနဲ့ ဘုန်းကြီးကျောင်းလိုက်ခဲ့ ဆွမ်းသွားပို့မလို့။ လုပ်စရာရှိတာလုပ်ထား ကြားလား ဒေါ်လေးသွားပြီ”

“ဟုတ်ကဲ့ ဒေါ်လေး”

ကျနော် မျက်နှာသစ် သွားတိုက်ပြီး မနက်စောစော ရေပါတစ်ခါတည်း ချိုးလိုက်လို့ ပိုလန်းဆန်းသွားပါတော့တယ်။

“တူလေး အဆင်သင့်ဖြစ်ပြီလား သွားရအောင်”

ငါးဆင့်ချိုင့်ကိုဆွဲလို့ လှေကားကနေဆင်းလာပြီး ပြောနေစဉ်

“ပြီးပါပြီ ဒေါ်လေးကလည်း လာပါပြီ။ အားပါးပါး ဒေါ်လေးက မျက်စိထဲလှနေပါလား ဒီမနက်”

“ကဲ မြှောက်မနေနဲ့ သွားမယ် နောက်ကျနေဦးမယ်”

“ဟုတ်ကဲ့ ဒေါ်လေး။ ချိုင့် ကျနော့်ကိုပေး”

“ရော့ သေချာကိုင် သွားမယ်”

ကျနော်နဲ့ဒေါ်လေး ဘုန်းကြီးကျောင်းသို့ ထွက်လာကြပြီး လမ်းခုလတ်လောက်ရောက်တော့ ကျနော့်စိတ်ထဲ သိချင်လာတာကို မေးလိုက်မိတော့တယ်။

“ဒေါ်လေး ညက ပိုက်ဆံကိစ္စ စိတ်ညစ်နေတာ ကျနော် ကြားလိုက်တယ်။ ဘာဖြစ်နေတာလဲ ကျနော့်ကို ပြောပြပါ”

“တူလေးရယ် မသိချင်ပါနဲ့”

“မဟုတ်ဘူးလေ ဒေါ်လေးက ကျနော့်အဒေါ်အရင်းနော်။ ကျနော်မိသားစုဝင် တစ်ယောက်ပါ။ ပြောပြသင့်ပါတယ်”

“ဟုတ်ပါတယ် ဒေါ်လေး ပြောပြပါ့မယ်။ မနှစ်မိုးတွင်းက ရေကကြီး၊ ကွမ်းသီးတွေကလည်း အရှူံးပြ၊ ကိုဘခက်ကလည်း အူအတက်ပေါက်လို့ ခွဲစိတ်ရ၊ ဒေါ်လေးလည်း မိန်းမရောဂါကြောင့် ဆေးရုံ ခဏခဏတက်ရလို့ လက်ရှိ ခြံနဲ့အိမ်ကို မမော်ဆီမှာ သိန်းနှစ်ဆယ်နဲ့ အပေါင်ထားလိုက်ရတယ် တူလေး။ အတိုးပေါ် အတိုးဆင့်လို့ ဒေါ်လေးတို့ မရွေးနိုင်ရင် နောက် ၂ လဆို စာချုပ်အတိုင်း ဒေါ်လေးတို့ အိမ်နဲ့ခြံကို ပေးရတော့မယ်”

ညိုးငယ်စွာ ထွက်လာတဲ့ စကားကို ကျနော် ဆွံ့အစွာ နားတောင်မိပြီး ဘာမှမပြောနိုင်ခင် ဒေါ်လေးကဆက်ပြီး စကားကို ဆက်ပြောလာတော့တယ်။

“မမော်က နှုတ်ကြမ်းတယ်။ ပိုက်ဆံနဲ့ ပတ်သက်လာရင် မရဘူး တူလေးရယ်။ ဘာလုပ်ရမှန်း မသိတော့ပါဘူး”

“ကျနော် တတ်နိုင်သလောက် ဒေါ်လေးတို့ ပြသနာကို ရှင်းပေးပါ့မယ်။ ကျနော် ဒေါ်လေးတို့ အခက်အခဲကို မကြည့်ရက်ဘူး။ ကျနော်ပါ တောင်းပန်မယ်။ ဆဲလည်း ခံယုံပဲပေါ့ ဒေါ်လေးရာ”

လို့ ပြောနေမိရင်း

“ကျောင်းရောက်ပြီ တူလေး”

“ဟုတ်ကဲ့ ဒေါ်လေး”

ဆရာတော်ကို ဆွမ်းကပ်ပြီး လေးပင်တဲ့ ခြေလှမ်းတွေနဲ့ အိမ်ကိုပြန်လာကြရင်း အပြန်လမ်းဟာ တိတ်ဆိတ်ငြိမ်သက်နေပါတော့တယ် ဗျာ။

—————————————-

“မကျော့မေ မကျော့မေ”

အော်ကြီးဟစ်ကျယ် အသံကြောင့် ခြံထဲအလုပ်ဆင်းနေရာမှ အိမ်ရှေ့ဘက်ကို အကြည့်ရောက်သွားတော့ လုံးကြီးပေါက်လှ အသားညိုပြီး မာထန်တဲ့ မျက်နှာနဲ့ ရုပ်ရည်က ပြေပြစ်တဲ့ မိန်းမတစ်ယောက်ကို တွေ့လိုက်ရပြီး

“လာပြီ မမော်ရေ လာပြီ”

“မကျော့ ကျမကိုပေးရမယ့် ပိုက်ဆံ ရှင်းပေးဦး”

“တစ်လ နှစ်လလောက် စောင့်ပေးပါဦး မမော်”

“မကျော့ ပြောလိုက်ရင် ဒီလိုချည်းပဲ။ ကျမ ရှင်တို့အိမ်နဲ့ ဒီခြံကို သိမ်းလို့ရနေပြီနော်။ ရှင်တို့ နားလည်လား”

ကျနော်ရော ဦးလေးဘခက်ပါ ဒေါ်လေးအနား ရောက်သွားပြီး ကျနော် မမော်ကို သေချာကြည့်လိုက်ပြီး

“အစ်မ ခဏလောက် စောင့်ပေးပါလား။ ဒီနှစ် ခြံက အခြေအနေကောင်းရင် အတိုးရော အရင်းပါ တတ်နိုင်သလောက် ပြန်ဆပ်ပေးပါ့မယ်။ ဒီခြံနဲ့ အိမ်ကိုတော့ မသိမ်းပါနဲ့ဗျာ။ ဒေါ်လေးနဲ့ဦးလေး ပြန်ဆပ်လို့ မကျေရင် ကျနော့်ကို ကြိုက်တာခိုင်း ကျနော် လုပ်ပေးပါ့မယ်။ အခိုင်းအစေအဖြစ်နဲ့ ပြန်ဆပ်ပါ့မယ်။ ကျနော် ကတိပေးပါတယ်။ ကျနော်တို့ ဘိုးဘွားပိုင် အိမ်နဲ့ခြံလေး ဖြစ်နေလို့ပါ အစ်မရယ်”

ကျနော့် တောင်းပန်စကားဆုံးတော့ ကျနော့်မျက်နှာကို မမော် သေချာကြည့်ပြီး

“ကောင်းပြီလေ။ ဒါနဲ့ မင်းက ဘယ်သူလဲ”

“ကျမတူလေးပါ မမော်။ အောင်လို့ ခေါ်ပါတယ်”

“မင်းစကား တည်ပါစေ”

“စိတ်ချပါ အစ်မ။ ကျနော် ယောကျ်ားတစ်ယောက်ပါ ကတိတည်ပါတယ်”

“ကောင်းပြီလေ မကျော့။ ကျမလိုအပ်လို့ တစ်ခုခု ခိုင်းစရာရှိရင် အောင်ကို ခေါ်ခိုင်းမယ်။ အကြွေးကို နှစ်လ ထပ်စောင့်ပေးမယ်။ အဆင်ပြေတယ်မလား မကျော့”

“အဆင်ပြေပါတယ် မမော်”

“ဒါနဲ့ အောင် မင်းဖုန်းနံပါတ် အစ်မကိုပေး။ လိုအပ်တာရှိရင် ခိုင်းမလို့”

“ရပါတယ် အစ်မ။ ကျနော့် ဖုန်းနံပါတ်က 09779xxxxxx ပါ အစ်မ”

“ရပြီ လိုအပ်လို့ ခိုင်းစရာရှိရင် ခေါ်လိုက်မယ်။ မအားဘူးလို့ ငြင်းခွင့်မရှိဘူး ကြားလား”

“ဟုတ်ကဲ့ပါ အစ်မ”

ဒေါ်လေးမျက်နှာကြောင့် စိတ်ကိုထိန်းချုပ်လို့ ကျနော် ဟုတ်ကဲ့လို့သာ ဖြေမိပါတော့တယ်။

“ကဲ ဒါဆို ကျမသွားပြီ မကျော့”

“ဟုတ်ကဲ့ပါ မမော်”

ဆိုင်ကယ်စက်နှိုးပြီး ခြံထဲက မမော် ထွက်သွားမှ ကျနော် မျက်ရည်စတွေ ပေါက်ခနဲ ကျဆင်းလာပြီး အံကိုကြိတ်လို့ ခံပြင်းစိတ်က အလိပ်လိပ်တတ်လာပြီး တောက်တစ်ချက် ခေါက်လိုက်ကာ ငါကွာ ဆိုပြီး အိမ်ရှေ့က စားပွဲခုံကို လက်သီးနဲ့ ထိုးချလိုက်မိတော့တယ်။

“ဒုန်း ဒုန်း”

“တူလေး”

ဆိုပြီး ဒေါ်လေးက အတင်းဆွဲဖက်ထားပြီး ဦးလေး ကလည်း အတင်းဆွဲထားလို့

“မလုပ်ပါနဲ့ ငအောင်ရာ ဦးလေး တောင်းပန်ပါတယ်”

“ရပါတယ် ဦးလေးရာ။ ဒီအိမ်နဲ့ခြံကို ကျနော့်အသက်နဲ့ ကာကွယ်ပေးမယ် စိတ်ချ။ နောက်ဆုံးကျနော် ကျွန်ခံဆပ်ပေးမယ်။ ဒေါ်လေးနဲ့ဦးလေး ဒီကနေ ဘယ်မှထွက်မသွားစေရဘူး”

“တူလေးရယ် ဒေါ်လေး စိတ်မကောင်းလိုက်တာ။ လာလာ ခြံထဲ လုပ်စရာတွေ ဆက်လုပ်ရအောင်။ ခြံကိစ္စ မေ့ထားလိုက်တော့နော်။ မမော်ကိုတော့ သတိထား ဆက်ဆံပါနော်။ သူက ဒေါ်လေးထက် ငယ်ပါတယ်။ ဒါပေမဲ့ မောက်မာတယ်။ ရွာမှာ သူနဲ့ကင်းတာ ခပ်ရှားရှားပါ။ သတိထား ဆက်ဆံနော်”

“ဟုတ်ကဲ့ပါ ဒေါ်လေး”

ခြံထဲ အလုပ်များ ဆက်လုပ်ကြပြီး တနေဝင်လို့ မိုးချုပ်အိပ်စက်ကြကုန်ပြီး မနက်ခင်းသစ် ရောင်နီသန်းလို့ အကြော်ပူပူလေးနဲ့ ထမင်းကြမ်းနဲ့ မနက်စာအဆာပြေ စားသောက်နေချိန် ဖုန်းသံမြည်လာလို့ နံပါတ်အစိမ်းတစ်ခု ကောက်ကိုင်လိုက်တော့

“ဟယ်လို အောင်လား”

“ကျနော် အောင်ပါ ဘယ်သူလဲမသိဘူး”

“မမော်ပါ။ အိမ်ခဏလာခဲ့ပါလား။ အိမ်မှာခိုင်းတဲ့လူ နေမကောင်းလို့။ ခဏလာခဲ့ပါဦး”

“ဟုတ်ကဲ့ ကျနော်လာခဲ့ပါ့မယ်”

ဖုန်းချသွားတော့မှ

“ဘယ်သူလဲ ငအောင်”

“မမော်ဆက်တာပါ ဦးလေး။ သူ့အိမ်ကို လာခဲ့ပါတဲ့ ခိုင်းစရာရှိလိုတဲ့။ ဦးလေးဘခက် လိုက်ပို့ပေးပါဦး”

“အေး အေး”

ဦးလေနဲ့ ရွာလမ်းကို တူတူလျှောက်သွားပြီး

“ငအောင် ဟိုရှေ့ကခြံပဲ ဝင်သွားလိုက်တော့။ သည်းခံပေးပါ ငအောင်”

“ဟုတ်ကဲ့ ဦးလေး”

ကျနော် ခြံထဲဝင်သွားပြီး အိမ်ခြေမြင့် နှစ်ထပ်အိမ် အပေါ်ကို မော့ကြည့်လိုက်ပြီး

“အစ်မရေ အစ်မ ကျနော်ရောက်ပါပြီ”

လို့ အော်ပြောလိုက်တော့

“အေး အေး လာပြီ ခဏ”

အောက်ထပ်က အိမ်ရှေ့ထိုင်ခုံမှာ ထိုင်ချပြီး စောင့်နေစဉ် အိမ်အပေါ်ထပ်ကနေ လှေကားအတိုင်း မမော် ဆင်းလာတာကို ကျနော် ငေးကြည့်မိသွားပါတယ်။ လုံးကြီးပေါက်လှ၊ ညိုစိမ့်တဲ့ အသားအရေ၊ သနပ်ခါးပါးကွက်နဲ့ ပါတိတ်အနီရောင်အပွင့် ဝမ်းဆက်နဲ့ တကယ်ကို လှပါတယ်ဗျာ။ တွေးငေးနေတုန်းမှာပဲ

“ဟဲ့ ဘာကြည့်နေတာလဲ”

ကျနော့်အတွေးတွေ လွင့်သွားတော့တယ်။

“ဘာမှမကြည့်ပါဘူး အစ်မ ခိုင်းစရာရှိတယ်ဆိုလို့”

“ခိုင်းစရာရှိတယ်။ ရေတွင်းထဲက ရေခပ်ပြီး ရေအိုးတွေကိုဖြည့်နော်။ ညနေ ရေချိုးဖို့ အပြည့်ဖြည့်ထား ကြားလား။ ငါရွာထဲ အကြွေးတောင်းစရာရှိလို့ အပြင်ခဏသွားမယ်”

“ဟုတ်ကဲ့ အစ်မ”

“အိမ်ပေါ်ကိုတက်တာ စပ်စုတာ ငါမကြိုက်ဘူး။ ငါခေါ်မှလာ။ အပိုတွေထပ်ပြောတာ ငါမကြိုက်ဘူး။ သိတယ်နော်”

“ဟုတ်ကဲ့ပါ အစ်မ”

“ငါသွားမယ် ရေခပ်ထား ကြားတယ်နော်”

“ဟုတ်ကဲ့ပါ အစ်မ”

ဆိုင်ကယ်ထွက်သွာတော့မှ ရေခပ်ဖြည့်နေမိတော့တယ်ဗျာ။ ရေအိုးတွေ ရေပြည့်သွားတော့ အိမ်ရှေ့က စားပွဲခုံမှာထိုင်ရင်း အမောဖြေနေမိပါတော့တယ်။

နာရီဝက်လောက်ကြာတော့ မမော် ခြံထဲမှာ ဆိုင်ကယ်ရပ်လိုက်ပြီး ကျနော်ထိုင်နေတဲ့ ခုံတစ်ဖက်စွန်းမှာ ထိုင်ချရင်း သနပ်ခါးနံ့သင်းသင်းလေးကို ကျနော်ရှူရှိုက်မိရင်း KKရဲ့ ကိုယ်သင်းရနံ့လေးကို သတိရမိသလို ဖြစ်သွားတဲ့အချိန် အတွေးပါ လက်စသတ်သွားတဲ့ စကားသံကို ကျနော် ကြားလိုက်ရတော့တယ်ဗျာ။

“ဟဲ့ သောက်ရေတစ်ခွက် ခပ်ပေးဦး မောလာတယ်”

“ဟုတ်ကဲ့အစ်မ ဘယ်နားမှာလဲ”

“အိမ်အပေါ်ထပ်မှာ ရေအိုးရှိတယ် သွားခပ်”

ကျနော် မမော်အတွက် ရေတစ်ခွက် ယူလာပေးပြီး

“အစ်မ ရေရပြီ”

ဆိုပြီး ခွက်ကို ကမ်းပေးလိုက်တော့ မမော် သောက်ချလိုက်ပြီး

“အခုမှပဲ အမောပြေသွားတော့တယ်။ သွား ရေခွက် ပြန်ထားလိုက်ဦး”

ကျနော် ရေခွက် ပြန်ထားပြီး မမော်ဆီ ပြန်သွားပြီး

“အစ်မ ခိုင်းစရာမရှိတော့ရင် ကျနော် ပြန်တော့မယ်”

“ဒီမှာ နင့်ကိုပြန်လို့ ငါပြောနေလို့လား။ ငါပြန်ဆိုမှပြန်။ ငါ့ကို လာမမေးနဲ့ ငါမကြိုက်ဘူး။ နားလည်တယ်နော်”

“ဟုတ်ကဲ့”

အံကိုကြိတ်လို့သာ ဖြေမိရင်း

“ခြံထဲ အမှိုက်လှည်း၊ မီးရှို့ သေချာလုပ် ကြားလား”

“ဟုတ်ကဲ့ပါ အစ်မ”

“သွား လုပ်”

ကျနော်စိတ်ထဲ အောင့်သက်သက်နဲ့ အမှိုက်လှည်း၊ မီးရှို့သန့်ရှင်းအောင် လုပ်ပြီးတော့ အိမ်အောက်ထပ်ကနေ

“အစ်မရေ အစ်မ”

“အေး ဘာလဲ”

“အလုပ်တွေပြီးပြီ”

“အေး အိမ်ပေါ်တက်ခဲ့ဦး”

“ဟုတ်ကဲ့”

ကျနော် အိမ်ပေါ်တက်သွားတော့

“လာ ထမင်းဟင်း ကူချက်ဦး”

ကျနော့်ကို ခိုင်းနေလိုက်တာ တစ်ခုပြီးတစ်ခု။ လူလည်း မောနေပါပြီ။

“ဘာလုပ်နေတာလဲ ထမင်းစားပွဲခုံပြင်လေ။ ထမင်းစားမယ်”

“ဟုတ်ကဲ့”

လို့သာဖြေရင်း စားပွဲခုံပြင်၊ ထမင်းဟင်း ပန်းကန်ချပြင်ဆင်ပြီး အောက်ကိုဆင်းမလို့ ခြေလှမ်းပြင်နေစဥ်

“အဲ့ဒါက ဘယ်လဲ”

“ကျနော် အောက်မှာ စောင့်နေမလို့ပါ”

“ဘယ်သူက ဆင်းခိုင်းလို့လဲ။ ငါ ဆဲမိတော့မယ်။ လာထိုင် လာစား။ ငါနှစ်ခါ မပြောဘူးနော် ကြားလား”

“ဟုတ်ကဲ့ အစ်မ”

“နေပါဦး အစ်မ အစ်မနဲ့။ ငါ နင့်အစ်မလား”

“မဟုတ်ပါဘူး လေးစားသမှုနဲ့ ခေါ်တာပါ”

“မလိုဘူး အစ်မ အစ်မနဲ့ လာခေါ်မနေနဲ့ မကြိုက်ဘူး။ မမော်လို့ပဲခေါ် ရှင်းတယ်နော်”

“ဟုတ်ကဲ့ မမော်”

“လာ ထိုင် ထမင်းလာစား”

ကျနော် လက်ဆေးပြီး မမော်နဲ့အတူတူ ထမင်းထိုင်စားမိတော့တယ်ဗျာ။

“ဟင်းထည့်စား ခပ်စားလေ။ စားစရာရှိရင်စား ကြောင်တောင်တောင် လုပ်မနေနဲ့”

“ဟုတ်ကဲ့ မမော်”

ဆက်လက်ဖတ်ရှု့ရန် အောက်သို့ အနည်းငယ်သွားပေးပါနော်

Scroll to Top