ကြူကြူက မြင့်မြင့်ရီကို အသာလက်တို့ပြီး ပြောလိုက်သည်ကို နုနု ကြားလိုက်တော့ ရှိုးကေ့စ်နောက်တွင်ရပ်၍ နေရင်းက အသာလေး မျက်လွှာလေးပင့်ပြီး ကြည့်လိုက်သည်။ အသက်က (၂၃) (၂၄) ထက်မပို၊ အသားက မဖြူသော်လည်း ခပ်လတ်လတ်လေးဖြစ်သည်။ နှာတံပေါ်ပေါ် မျက်နှာက မျက်လုံးကောင်းကောင်း မျက်ခုံးကောင်းကောင်းဆိုတော့ ချောမောခန့်ညားသည်။ အရပ်ကမြင့်မြင့် အားကစားသမားတွေပုံစံမျိုးမို့ ခန္ဓာကိုယ်ကလည်း တောင့်တောင့်တင်းတင်းရှိသည်။ စတိုင်လ်ကလည်းဖြောင့်တော့ မင်းသားရှုံးလောက်သည်။
“ ဟင်…”
နုနု သူမ၏မျက်လွှာလေးကို ချက်ချင်းပင် ပြန်၍ချပစ်လိုက်သည်။ သူနဲ့လည်း မသိဘဲနဲ့ ကိုယ်တော်က နုနုကို စိုက်ကြည့်ပြီး ပြုံးပြလိုက်သည်။ သူ့အပြုံးက စွဲမက်ဖွယ်ကောင်းလှသည်။ ဒါပေမယ့် ရင်တုန်သွားရသော နုနုကတော့ သူ့ဆီရောက်နေတဲ့ သူမရဲ့အကြည့်တွေကို ချက်ချင်းရုတ်သိမ်းလိုက်ပြီး မျက်လွှာလေးကို ချပစ်လိုက်သည်။ ခဏနေတော့မှ နုနုက မျက်လွှာလေးကိုပင့်ကာ သူရှိနိုင်မည့်နေရာကိုမှန်း၍ ကြည့်လိုက်သည်။
ဆိုင်ထဲကိုလျှောက်၍လာသော သူက ဆိုင်၏ဘေးတစ်ဖက်နံရံတွင် ကပ်၍ပြုလုပ်ထားသည့် အပေါ်ထပ်သို့တက်သော လှေခါးခြေရင်းသို့ ရောက်၍သွားပေပြီ။ လှေခါးရင်းတွင် ပိတ်ထားသော သံဘာဂျာတံခါးကို အပေါ်ထပ်တွင်နေသော နုနုတို့၏ အလုပ်ရှင် စတိုးဆိုင်ပိုင်ရှင် အန်တီကြီးက ဆင်း၍ဖွင့်ပေးနေသည်။ ပြီးတော့ သူနှင့် အန်တီကြီးတို့ စကားတပြောပြော ရယ်ရယ်မောမောနှင့် အပေါ်ထပ်သို့ အတူတက်သွားကြလေသည်။
သူမ၏မြင်ကွင်းထဲမှ သူပျောက်သွားတော့ နုနုသည် အမှတ်တမဲ့ သက်ပြင်းတစ်ချက်ခိုး၍ ချလိုက်မိသည်။ ပြီးမှ ဟင် ဘာဆိုင်လို့လဲဟု သူမကိုယ်သူမ စိတ်ထဲမှပြောကာ နုနု၏ ပါးပြင်လေးနှစ်ဖက်မှာ ပန်းနုရောင်ပြေး၍ သွားရလေတော့သည်။
“ သူ့နာမည်က သက်တင်ပိုင် တဲ့…”
စကားစကိုဆက်၍ ပြောလိုက်သော ကြူကြူ၏ တီးတိုးစကားသံက ဆက်၍ထွက်လာတော့ နုနုက အသာလေး နားစွင့်လိုက်သည်။
“ ကဲ…ဆက်ပြောအုံးလေ…”
မြင့်မြင့်ရီ၏အသံ ငေါက်ဆတ်ဆတ်လေးက ခပ်တိုးတိုးထွက်၍လာသည်။
“ အဲဒါ ငါသိတာ အကုန်ပဲ…။ ဒီထက် ပိုသိချင်ရင် အပေါ်ထပ်က ဆင်းလာတဲ့အခါ ညည်းဘာသာ သွားပြီးမေးပေတော့…”
“ ဟော…သိချင်လို့မေးတော့ မပြောတော့ဘူး…။ စောစောက ဘယ်သူမှ မမေးဘဲနဲ့တော့ ပြောနေပြီးတော့…”
“ ကဲ တိတ်… ဟိုမှာ စျေးဝယ်မယ့်သူတွေ ဝင်လာပြီ…”
စတိုးဆိုင်ထဲသို့ အမျိုးသား (၂) ယောက်နှင့် အမျိုးသမီး (၂) ယောက်တို့ ရှေ့ဆင့်နောက်ဆင့် ဝင်လာကြတော့ ကြူကြူနှင့် မြင့်မြင့်ရီတို့ စကားစပြတ်၍သွားရသည်။
သူ ဒီကိုလာတာကို နုနု နှစ်ခါသုံးခါလောက် သတိထားမိခဲ့သည်။ သတိထားမိတာကလည်း စျေးဝယ်သူမဟုတ်ဘဲ အပေါ်ထပ်သို့လာသည့် ဧည့်သည်ဖြစ်၍ သတိထားမိခဲ့ခြင်း ဖြစ်သည်။ သူဆိုတဲ့ သက်တင်ပိုင်က အန်တီကြီးဆီသို့ တစ်လလျှင် နှစ်ခေါက်၊ ဒါမှမဟုတ် သုံးခေါက် ရောက်လာတတ်သည်။ သူ့အကြောင်းတွေကို ကြူကြူက ပြောပြနိုင်တာကလည်း သိပ်တော့မဆန်း။ ဒီစတိုးဆိုင်တွင် ကြူကြူက လုပ်သက်အရင့်ဆုံးဖြစ်ပြီး အန်တီကြီးနှင့်က အတော်ရင်းနှီးနေတဲ့သူဆိုတော့ တစ်စွန်းတစ်စတော့ ကြူကြူက သိမှာပင် ဖြစ်သည်။
နုနုတို့၏ စတိုးဆိုင်ပိုင်ရှင် ဒေါ်ခင်ခင်ကြီးကို သူမတို့တတွေက အန်တီကြီးဟုသာ ခေါ်နေသော်လည်း အသက်က (၃၇) နှစ်ထဲရောက်ရုံသာ ရှိသေးသည်။ ပြီးခဲ့သည့် နှစ်လလောက်က အန်တီကြီးက သူ့ (၃၆) နှစ်ပြည့် မွေးနေ့ဆိုပြီး နုနုတို့တတွေကို ဒံပေါက်ကျွေးပြီး လက်ဆောင်တွေပေးတာကြောင့် သူ့အသက်ကို သိနေရခြင်းဖြစ်သည်။
ဒေါ်ခင်ခင်ကြီးက အပျိုကြီးတော့ မဟုတ်ပါ။ တစ်ခုလပ်ဖြစ်သည်။ သူမ၏ယောက်ျားက ဘန်ကောက်တွင် အလုပ်သွားလုပ်ရင်း အိမ်ထောင်ကျသွားသဖြင့် ဒေါ်ခင်ခင်ကြီးက ကျန်ရစ်ဖြစ်ခဲ့ရခြင်း ဖြစ်သည်။ ဒါပေမယ့် သူ့ယောက်ျားထားခဲ့သော ပစ္စည်းတွေက မနည်း။ သားသမီးလည်းမရှိတော့ လှည်းတန်းရှိ သူမ၏ လေးထပ်တိုက်ကို အပေါ်ဆုံး (၂) ထပ်ကို အငှားထားပြီး မြေညီထပ်ကို သူမက စတိုးဆိုင်ဖွင့်သည်။ ပြီးတော့ တစ်ကိုယ်ရေတစ်ကာယ ဒေါ်ခင်ခင်ကြီးက ပထမထပ်မှာပင် တစ်ဦးတည်း နေထိုင်သူ ဖြစ်သည်။
နုနု၏ နာမည်အပြည့်အစုံက နုဝေသီ ဖြစ်သည်။ ဒါပေမယ့် သူမကို အများက နုနု ဟုပင် ခေါ်ကြသည်။ နုဝေသီ၏ မိဘများက နယ်တွင်နေကြပြီး နုဝေသီကတော့ အဝေးသင်ဖြင့်ဘွဲ့ရပြီး ရန်ကုန်တွင် အလုပ်လာရှာရာမှ တောင်ဥက္ကလာတွင်နေသော အဒေါ် ဖြစ်သူ၏ နေအိမ်တွင် သောင်တင်နေခဲ့သည်မှာ တစ်နှစ်ခန့်ရှိပြီ ဖြစ်သည်။ နုဝေသီ အလုပ်ဝင်တာကတော့ (၇) လပင် ရှိသေးသည်။ နဂိုထဲကလည်း အရောင်းအဝယ်ကို ဝါသနာပါပြီး စတိုးဆိုင်မှာလည်း အလုပ်ကရတော့ အဆင်သင့်သွားသည်။ ဆိုင်တွင် ဝန်ထမ်းအားလုံးမှာ အမျိုးသမီးတွေချည်း ဖြစ်သည့်ပြင် အန်တီကြီးကလည်း သဘောကောင်းသည်။ လစာကလည်း သူများဆိုင်တွေထက် ပိုပြီးပေးထားလေတော့ နုဝေသီတစ်ယောက် ပို၍ အဆင်ပြေနေရတော့သည်။
×××××××××××××××××××××××××××
“ အမေ့…အို…”
“ ဟင်…”
အပေါ်ထပ်သို့တက်သော လှေခါး၏အောက်ဖက်တွင် တစ်တောင်ပတ်လည် စက္ကူသေတ္တာလေးများဖြင့် ကုန်ပစ္စည်းများကိုထည့်ကာ စီကာစဉ်ကာ ထပ်ထားသည်။ ရှိုးကေ့စ်ထဲရှိ ရောင်းကုန်ပစ္စည်း ပြတ်သွားသဖြင့် ကြီးကြပ်သူကိုပြောကာ ထိုနေရာမှ သေတ္တာလေးတစ်လုံးကို နုဝေသီက မ၍ နောက်သို့လှည့်ကာ လှမ်း၍အထွက် သူမ၏ နောက်မှလာသော လူတစ်ယောက်နှင့် ကိုယ်လုံးချင်း တိုက်မိသွားကြသည်။ အရှိန်ကတော့ သိပ်မပြင်းလှပါ။ ဒါပေမယ့် ကိုယ်လုံးချင်းတိုက်မိသည့် နေရာက နုဝေသီ၏ တင်ပါးဆုံ ကားကားအိအိကြီးကို ထိုသူ၏ ဆီးခုံနေရာနှင့် တိုက်မိခြင်းဖြစ်သည်။
သူမ၏ ဖင်သားကြီးနှစ်လုံးအောက်ဖက် အစပ်ကို နောက်မှနေ၍ ခပ်တိုတို တုတ်တိုတစ်ချောင်း၏ ထိပ်နှင့် ဆောင့်ထိုးလိုက်သလိုမျိုး နုဝေသီ ခံစားလိုက်ရသည်။ တစ်ကိုယ်လုံး ထူပူသွားပြီး ရင်ထဲတွင် ဒိန်းကနဲဖြစ်၍ သွားရသည်။ နုဝေသီ၏ မျက်နှာလေးတစ်ခုလုံး နီရဲ၍ သွားရသည်။ ရင်ထဲတွင် ဖို၍သွားရသော်လည်း ဒေါသစိတ်ကပါ၍သွားရသဖြင့် မျက်နှာထားတင်းတင်းဖြင့် သူမမော့၍ ကြည့်လိုက်သည်။
“ ဟင်…သူ…ပါလား…”
ရင်ထဲတွင်ဖို၍ တလှပ်လှပ် တုန်ခါ၍ သွားရသည်။ ပြီးတော့ သူက အားတုံ့အားနာပုံစံဖြင့် နုဝေသီ၏ မျက်နှာလေးကို စိုက်၍ ကြည့်နေသည်။ အားနာတဲ့ပုံစံ မျက်နှာက ဖြစ်နေပေမယ့်လည်း သူ့မျက်လုံးတွေက အရောင်တွေ တဖိတ်ဖိတ် ထ၍နေသည်။ ဆုံမိသွားသောအကြည့်ကို နုဝေသီတစ်ယောက် ဗြုံးကနဲ လွှဲဖယ်၍ မရနိုင် ဖြစ်သွားရသည်။ ပြီးတော့ သူက
“ ဆောရီးနော်…ညီမ…”
ဒါပဲ ခပ်တိုတိုပြောပြီး သူ့လမ်းသူဆက်၍ လျှောက်သွားတော့သည်။ နုဝေသီကသာ ဗြုံးကနဲ ရပ်နေရာက ထွက်မသွားနိုင်သေးဘဲ သူဆိုသော သက်တင်ပိုင်၏ ကျောပြင်ကြီးကို ငေး၍ ကြည့်နေမိသည်။ “ ဆောရီးနော်…” တဲ့…။ ဒီမှာတော့ တစ်ကိုယ်လုံးအရည်တွေ ပျော်သွားမလားတောင် အောက်မေ့ရတယ်… အစ်ကိုရယ်…။
သူမ၏မြင်ကွင်းထဲမှ သက်တင်ပိုင်တစ်ယောက် ကွယ်ပျောက်သွားတော့မှ နုဝေသီက မလုံမလဲဖြင့် ပတ်ဝန်းကျင်ကို ကြည့်မိသည်။ တော်ပါသေးသည်။ စတိုးဆိုင်ထဲတွင် စျေးဝယ်သူကျနေ၍ သူတို့အဖြစ်ကို မည်သူကမျှ မတွေ့လိုက် သတိမထားမိလိုက်ချေ။ ဒါပေမယ့်လည်း နုဝေသီတစ်ယောက်ကတော့ သူမကိုယ်သူမ သတိထားလိုက်မိပါသည်။ စောစောက သူ့ဟိုဥစ္စာကြီးဖြင့် ထိုးတိုက်မိခဲ့သော သူမ၏ ဖင်ဆုံကြီးအောက်ဖက်ရှိ နေရာလေးသည် အသားလေးတွေတင်းကာ ထူပူပူလေး ဖြစ်နေသည်။ ပြီးတော့လည်း နုဝေသီ၏ ရင်ထဲတွင် အစ်ကိုရယ် ကျမဖြင့် ဘယ်လိုဖြစ်နေမှန်းတောင် မသိပါဘူးကွယ်…။
×××××××××××××××××××××
နုဝေသီတစ်ယောက် နေ့တိုင်းလိုလို သူ့ကိုမျှော်နေမိသည်။ ဘာရယ်လို့တော့ မဟုတ်ပါ။ သူ့မျက်နှာကို မြင်တွေ့ချင်သည့် ဆန္ဒတွေ ပြင်းပြနေသောကြောင့်ပင် ဖြစ်ပါသည်။ ဒီနေ့ဆိုရင် သူ့ကိုမတွေ့ရသည်မှာ (၁၀) ရက်ခန့်ပင် ရှိ၍သွားပြီ ဖြစ်သည်။ ညနေ နုဝေသီ ဆိုင်မှပြန်ချိန်အထိ သူက ရောက်မလာသဖြင့် နုဝေသီတစ်ယောက် တစ်နေ့တော့ ကုန်ပြန်ပါပြီဟု သူမကိုယ်သူမ ညည်းတွားစွာ ပြောမိလျက် အိမ်သို့ပြန်ရန် ဆိုင်မှထွက်ခဲ့လေသည်။
နုဝေသီ လိုင်းကားဂိတ်ရောက်၍ ကားရပ်စောင့်နေစဉ်မှာပင် သူမ၏နောက်နားမှကပ်၍ ညီမဟုခေါ်လိုက်သံ ကြားရသဖြင့် နုဝေသီကလှည့်၍ ကြည့်လိုက်မိသည်။
“ ဟင်…အစ်ကို ”
သူမ၏နှုတ်ဖျားမှ အမှတ်တမဲ့ထွက်၍သွားရသည်။ ပြီးတော့မှ မှားသွားမှန်း သိလိုက်ပေမယ့် မရတော့ လွန်သွားပေပြီ။ သူမကိုခေါ်လိုက်တာက သူမနေ့စဉ်ရက်ဆက် တွေ့ချင်ဇောဖြင့် မျှော်နေသူ သက်တင်ပိုင်ပင် ဖြစ်ပါသည်။
“ ကားစောင့်နေတာလား…”
“ ဟုတ်ကဲ့…”
“ ဒါဆိုလာ… အစ်ကိုကားပါတယ်… လိုက်ပို့ပေးမယ်…။ ပြီးတော့ တစ်ခုခု သောက်ကြရအောင်လား…”
ခေါင်းလေးကိုသာ ညိတ်ပြရင်း နုဝေသီတစ်ယောက် သူ့နောက်ပါးမှနေ၍ သူခေါ်ရာနောက်သို့ လိုက်ပါခဲ့ပါသည်။ ထိုနေ့ထိုအချိန်အခါမှစ၍ သက်တင်ပိုင်သည် နုဝေသီကို ကားဂိတ်နှင့် မလှမ်းမကမ်း နေရာမှ တစ်ရက်ခြား နှစ်ရက်ခြားဆိုသလို လာ၍ ညနေတိုင်း စောင့်တတ်သည်။ ပြီးတော့ တစ်ခုခု စားသောက်ကြကာ ကားဖြင့် နုဝေသီတို့အိမ်ရှိရာ လမ်းထောင့်ထိ လိုက်၍ ပို့ပေးသည်။ သူကနုဝေသီကို လာ၍စောင့်နေသော နေရာမှာလည်း ကားဂိတ်မှ ခပ်လှမ်းလှမ်းတွင် ဖြစ်သည့်အပြင် လှည်းတန်းဆိုတာကလည်း လူရှုပ်တော့ သူတို့ကို ဆိုင်မှ အခြားလုပ်ဖော်ကိုင်ဖက်များက သတိမပြုမိကြချေ။ ထို့အပြင် သက်တင်ပိုင်က နုဝေသီကို အိမ်သို့ လိုက်ပို့ရာတွင်လည်း လမ်းထောင့်အထိသာ လိုက်ပို့သဖြင့် နုဝေသီတို့အိမ်မှ လူတွေကလည်း မသိပေ။
ဤသို့ဖြင့် တစ်လခန့်ကြာသောအခါတွင်တော့ သက်တင်ပိုင်နှင့် နုဝေသီတို့မှာ ချစ်သူဘဝသို့ ရောက်၍သွားကြပါတော့သည်။ ဒီကာလများအတွင်းတွင် သက်တင်ပိုင်က စတိုးဆိုင်ပိုင်ရှင် အန်တီကြီးထံသို့ နှစ်ခေါက်သုံးခေါက် လာရောက်ခဲ့သော်လည်း နုဝေသီကို ခါတိုင်းလိုပင် မသိကျိုးကျွံပြု၍ တစ်ယောက်ကိုတစ်ယောက် သူစိမ်းတွေလိုပင် ခပ်တန်းတန်း နေထိုင်ခဲ့ကြသည်။ ထို့ကြောင့်လည်း နုဝေသီနှင့် သက်တင်ပိုင်တို့ ချစ်သူဘဝရောက်၍သွားခဲ့ကြသော်လည်း မည်သူကမျှ မသိလိုက်ဘဲ တိုးတိုးတိတ်တိတ်ပင် အဆင်ပြေနေခဲ့ကြလေသည်။
××××××××××××××××××××××××××××××
သက်တင်ပိုင်နှင့် နုဝေသီတို့၏ ချစ်သူသက်တမ်းသည် တစ်လပင်ကျော်၍လာခဲ့ချေပြီ။ တစ်ဦးနှင့်တစ်ဦးလည်း အနေအထိုင် ပို၍ ရင်းနှီးပြီးလာခဲ့ကြရသည်။ ဒီနေ့လည်း အပြန်လမ်းခရီးတွင် သက်တင်ပိုင်က နုဝေသီကို စောင့်၍ခေါ်လာခဲ့သည်။ ပြီးတော့ ကားကို ပြည်လမ်းအတိုင်း မောင်းလိုက်ပြီး အင်းယားလမ်းထဲချိုးဝင်ကာ ကန်ဘေးသို့ ထိုးဆင်းလိုက်ပြီး အရိပ်ကောင်းကောင်း ခြုံကောင်းကောင်း နေရာတွင် ရပ်လိုက်သည်။ ပြီးတော့ ကားပေါ်မှမဆင်းဘဲ သက်တင်ပိုင်သည် နုဝေသီကို တပြွတ်ပြွတ်နမ်းရင်း တစ်ကိုယ်လုံးကိုလည်း ဆုတ်ချေပြီး ပွတ်သပ်နေသည်။
“ နု… ကိုယ့်ဟာကို ကိုင်ပေးပါလားဟင်…”
နုဝေသီ လုံးဝမျှော်လင့်မထားပါ။ သူမ၏ ရင်ထဲတွင် ဒိန်းကနဲဖြစ်၍သွားရစဉ်မှာပင် သူ့လုံချည်ကိုလှန်ပြီး သူ့ရဲ့မတ်တောင်နီရဲနေတဲ့ ဟာကြီးကို မရှက်မကြောက်လှန်ပြီး ပြလိုက်သည်။ အရင့်အရင်ကတော့ ပုဆိုးနဲ့လုံးထွေးပြီး နုဝေသီတစ်ယောက် မသိမသာ ကိုင်၍ကြည့်ခဲ့ဖူးပါသည်။ မာကြောထောင်မတ်နေတဲ့ အဲ့ဒီပစ္စည်းကြီးဟာ တစ်နေ့နေ့ ငါ့ဥစ္စာလေးထဲ ဝင်လာဦးမှာပါလားဆိုတဲ့ အတွေးလေးတော့ နုဝေသီ တွေးခဲ့ဖူးလေသည်။ အခုလို ပေါ်တင်ကြီး ကိုင်ခိုင်းတာမျိုးတော့ တစ်ခါမှ မတွေးခဲ့ဘူးပါ။ ကားမှန်တွေ အလုံပိတ်ထားပြီး လူဆက်ပြတ်နေတာကြောင့် ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုပေမယ့် ယောက်ျားတစ်ယောက်ရဲ့ ကြီးမားတဲ့ လီးတန်ကြီးကို ကိုင်ဖူးသူမဟုတ်လေတော့ နုဝေသီ၏ ရင်ထဲတွင် တဒိန်းဒိန်း ဖြစ်နေရသည်။
“ နု…ရယ်…”
သက်တင်ပိုင်၏အသံက တုန်လှုပ်၍နေသည်။ သူမကို ဖက်တွယ်၍ တရွရွပွတ်သပ်နေသော လက်တွေကလည်း နုဝေသီ၏ ကိုယ်လုံးလေးပေါ်တွင် ရွေ့လျားနေရာမှ သူမ၏ ပခုံးလေးကို သူ့ဆီသို့ ဆွဲ၍ကပ်ပြီးသည်နှင့် နို့လေးများကို နှိုက်သည်။ နုဝေသီ တွန့်ကနဲ ဖြစ်သွားကာ ရုန်းကန်မိသည်။ သက်တင်ပိုင်၏ လက်ကိုလည်း ဆတ်ကနဲ ယောင်ပြီး ဆွဲဖယ်လိုက်မိသည်။
“ နု…နုလေးရယ်…ဟင်း…”
တုန်တုန်ခိုက်ခိုက်အသံကြီးက နုဝေသီ၏ရင်ကို ဗြုံးကနဲ ချောက်ချားသွားစေရပြန်သည်။ မှန်အလုံပိတ်ကာ ရပ်၍ထားသော ကားလေးထဲ၌ ခြေထောက်ရွေ့လျားသံ အဝတ်ချင်း ပွတ်တိုက်သံနှင့် အသက်ရှူသံတို့က စိတ်လှုပ်ရှားဖွယ်ရာ ထွက်ပေါ်၍နေသည်။
သက်တင်ပိုင်က ဆောက်တည်ရာမရ ပြုမူနေသကဲ့သို့ နုဝေသီကိုယ်တိုင်ကလည်း အကြီးအကျယ် စိတ်တွေလှုပ်ရှားနေမိသည်။ ကားကလေး ငြိမ့်ကနဲ သိမ့်ကနဲ လှုပ်ရမ်းသွားအောင် တခါတရံ သူတို့ချင်း ပူးကပ်ဖက်တွယ်ပြီး ကူရှင်ပေါ်သို့ လဲပြိုတတ်ပေသည်။ ထိုအခါမျိုးတွင် နုဝေသီသည် အကြောက်အကန် အားသွန်ခွန်စိုက် ရုန်းကန်တတ်လေသည်။ ကြာတော့ တဒိတ်ဒိတ်ခုန်နေသော ရင်ထဲ၌ ပူလောင်မောဟိုက်ခြင်းကကြီးစိုးကာ ပါးချင်းကပ်၊ ရင်ချင်းအပ်ပြီး အမောဖြေသလို ငြိမ်သက်သွားမိကြသည်။
“ ချစ်တယ်…နုရယ်…”
သက်တင်ပိုင်က နက်ရှိုင်းသော ချောက်ကမ်းပါးကြီးကို တွယ်ကပ်တက်လာပြီး အပေါ်ရောက်လာသူ၏ လေသံမျိုးကြီးနှင့် မောဟိုက်တုန်ရီစွာ ပြောလိုက်သည်။
“ နုလည်း ကို့ကို ချစ်တာပါပဲ… ဒါပေမယ့်… ဟင့်…”
ဟုတ်ပါသည်။ နုဝေသီ ဘာကိုဘယ်လိုပြောရမှန်း မသိအောင်ကို ရှက်နေသည်။
“ ပြောလေ…ဒါပေမယ့် ဘာဖြစ်လဲ နု…”
“ ဟင့်အင်းကွယ်…နု မပြောတတ်ဘူး…”
“ နု…ရှက်နေတယ်မို့လား…”
“ အင်းပေါ့…အဟင့်…”
“ အစတော့… ဒီလိုပေါ့ နုရယ်…။ နောက် ညားသွားကြတော့လည်း တစ်ယောက်ဥစ္စာ တစ်ယောက် မမြင်ချင်အဆုံး ရိုးသွားကြတာပေါ့…”
“ ဟာ…ဘာတွေပြောမှန်းမသိဘူး…သွား…”
နုဝေသီက ရဲတွတ်၍သွားသော သူမ၏ မျက်နှာဝိုင်းလေးကို တစ်ဖက်သို့ ဆတ်ကနဲ လှည့်ပြီး ရှက်ငြီးငြီးလေးပြောကာ သက်တင်ပိုင်၏ လက်ကို ဖယ်ချသည်။ သက်တင်ပိုင်က ရယ်သည်။ တကယ်တော့ သက်တင်ပိုင် ကိုယ်တိုင်ကလည်း ထူပူရှိန်းဖိန်း၍နေပါသည်။
“ နုက ကို့ကို တကယ်မချစ်ပါဘူး…”
“ ဘာရယ်… မချစ်ဘူး… ဟုတ်လား…။ ဖယ်… ဖယ်… မချစ်ဘဲနဲ့ ဒီလောက် နှိုက်တာပြုတာ ခံနေမလား… သွား…”
နုဝေသီက ရင်မောချောက်ချားစွာ ပါးစပ်မှ ဒေါသလေးနှင့် လွှတ်ကနဲ ပြောဖြစ်သည်။ သက်တင်ပိုင်က နုဝေသီ၏ ကိုယ်လုံးလေးကို ထွေးနေအောင် ဖက်လိုက်သည်။
“ ချစ်ရင် ကို့ဟာကို ကိုင်ပေးလေ… ကဲ…”
“ အာ…ဟင့်အင်း…ရွံတယ်ကွာ…”
“ ဒါဆို နုဟာကို ကို နှိုက်ပေးမယ်… ကဲ… လက်ဖယ်…”
“ ဟင့်အင်း…အဲဒါလည်း မခံတတ်ဘူး…မလုပ်နဲ့…”