“ကိုမြတ်ဆွေ လူစုံပြီလား စုံရင်ထွက်ရအောင် နေပြည်တော်ဝင်တာ အရမ်းနောက်ကျနေမယ်”
“ဟုတ်ကဲ့ စုံပြီထင်တာပဲဗျ။ ခဏလေးဗျာ။ ဟဲ့ ကတုံးမ နင့်ယောကျ်ားကော ”
“လာပြီဦးလေး ကလေးရှူးသွားတည်နေလို့ ”
“အေးအေး မြန်မြန်လာခိုင်းလိုက် ဦးဝင်းတင်တို့ မိသားစု စုံပြီနော် ”
“ဟုတ်ကဲ့ဆရာ စုံပြီ။ ဟိုမှာ ဟိုသားအဖလည်း ပြေးလာပြီ ဆရာ”
“ဟုတ်ပြီ ဟုတ်ပြီ ရပြီ ကိုစည်သူရေ ရှေ့မှာတွေ့တဲ့ ဆိုင်ကြ ရပ်ဦးဗျာ နေ့လည်စာ မစားရသေးဘူး ”
“ဟုတ်ကဲ့ ကိုမြတ်ဆွေ မြကန်သာနားက တောင်ကြီးကဖေးပဲ သွားလိုက်မယ်လေ။ အဲ့ဒီဆိုင်က ပေါက်စီနဲ့ ဝက်သားပေါင်းက တောင်ကြီးမှာတော့ နာမည်ကြီးပဲဗျ ”
“အဆင်ပြေတဲ့ဆိုင်သာ မောင်းဗျာ”
ကားစထွက်တော့ ညနေ ၃ နာရီခွဲနေပြီ။ ဒီအတိုင်းဆို နေပြည်တော်ကိုရောက်တာ ညနက်တော့မည်။ သိပ်နောက်မကျချင်။ မနက်ကြ အလုပ်သမားတစ်ဖွဲ့ ကြိုပြီး ပြန်တက်ရမည်။ ပစ္စည်းများရင် တင်နေတာနဲ့ပဲ နေ့တဝက်နီးနီး သွားနိုင်သည်။ တောင်ကြီးပြန်ရောက်တာလည်း နောက်ကျနိုင်သည်။ မတတ်နိုင် ကားသမားဆိုတော့လည်း ဖင်ပူအောင် မောင်းရဦးမည်။
လဘက်ရည်ဆိုင်မှာ စားသောက်ကြပြီး ပြန်ထွက်ကာ နီးမသင်္ကာ၍ အဖော်ခေါ်လာသော ကောင်လေးကို
” ဟျောင့် ကိုဖြိုး လူရေကြည့်ကွာ”
“ဟုတ် အာစိ။ ဘကြီး ဦးမြတ်ဆွေ၊ ဦးဝင်းတင်တို့မိသားစုက ၃ ယောက်၊ ဦးချင်း ကတုံးမတို့က ၃ ယောက်၊ ကျနော်ရယ် အာစိရယ် အားလုံး ၉ ယောက်ဗျ”
“အေး အဲ့ဒါဆို ကျောက်ခဲတစ်လုံးကောက်ပြီး မောင်ကျောက်ခဲ တို့နဲ့ အဖော်လိုက်ခဲ့လို့ပြောပြီး ခေါ်ခဲ့ကွာ”
“ဟုတ် အာစိ”
ကိုဖြိုးလည်း လမ်းဘေးက ကျောက်ခဲတစ်လုံးကို ကောက်ယူပြီး
“မကျောက်ခဲရေ တို့နဲ့ အဖော်လိုက်ခဲ့ပေးဟေ့”
“လီး မကျောက်ခဲပါလား ပြောင်ချော်ချော်နဲ့ ”
“ဟီးဟီး အာစိကလည်း မောင်ကျောက်ခဲကြီးပဲ ခေါ်နေတော့ ပြောင်းခေါ်ကြည့်တာပါ”
“တက်တက် မျက်နှာပြောင်မနေနဲ့”
တောင်ကြီးအဆင်းလမ်းအတိုင်း light truck လေးတစ်စီး နေပြည်တော်သို့ တအိအိဖြင့် ခရီးနှင်ခဲ့သည်။ ကားပေါ်သို့ရောက်သော် ကိုမြတ်ဆွေမှ
“ကိုစည်သူ မသိလို့မေးဦးမယ်ဗျာ။ ခုနက ကျောက်ခဲလေးတစ်လုံးကို ဘာလို့တင်လာတာလဲ”
“ဒီလိုဗျ ဒါက ကိုးမြို့ရှင်အပိုင် နယ်တွေလေဗျာ။ ရှမ်းပြည်နယ်ဆိုတော့ ၉ ဂဏန်း ရှောင်ရတယ်လို့ ရှေးအဆက်ဆက် လက်ဆင့်ကမ်းလာတော့ ကျနော်တို့လည်း ရှေးထုံးမပယ်တဲ့ သဘောပါဗျာ။ အတိအကျတော့ ကျနော်လည်း မပြောပြတတ်ဘူးဗျ”
“ရှင်းရောဗျာ ဟားဟား”
“ဟားဟား ကျနော်ကတော့ မသိတာ မသိဘူးပဲ ပြောတတ်တယ် ကိုမြတ်ဆွေရေ ”
“ကောင်းပါတယ်ဗျာ ဟားဟားဟား”
ဒီလိုနဲ့ ည ၈ နာရီကျော်တော့ ယင်းမာပင်မှာ ထမင်းစားနားပြီး ဆက်ထွက်လာလိုက်တာ နေပြည်တော်ကို ည ၁၁ ကျော်တော့ ရောက်သွားသည်။ ပါလာတဲ့ မိသားစုတွေကို သူတို့အိမ်လိုက်ပို့ပြီး ကိုမြတ်ဆွေက သူ့အိမ်မှာပင် တည်းရန် ခေါ်သောကြောင့် လိုက်လာခဲ့သည်။ ရောက်တော့ ခြေလက်ဆေးကြောပြီး စကားထိုင်ပြောကြပြီး အိပ်ဖို့ပြင်တော့ ကျနော် တစ်ခုသတိရပြီး
“ကိုမြတ်ဆွေ ဒီမှာသူခိုးတွေ ဘာတွေများ ရှိနေမလားဗျ”
“ရှိတယ် အစ်ကိုကြီးရေ။ အရင်နေ့ကပဲ ဟိုဘက်လမ်းက အိမ်ကို ဖောက်သွားတယ်တဲ့ ”
ကိုမြတ်ဆွေရဲ့ သားက ဝင်ပြောသည်။ ဟုတ်မှာ ဒီရပ်ကွက်က လူပြတ်သည်။ အိမ်တော်တော်များများကလည်း လူမနေကြ။ တစ်အိမ်နှင့် တစ်အိမ်လည်း အလှမ်းဝေးလှသည်။
“ဒါဆို မဖြစ်ဘူးဗျ။ ကျနော့်ကား ဘက်ထရီက အပြင်မှာ။ တော်ကြာ မ သွားလို့ တိုင်ပတ်နေမယ် ”
ပြောရင်း ဖျာရယ် ခေါင်းအုံးရယ် စောင်ပါးလေး တစ်ထည်ဆွဲပြီး ခြံပြင်ထွက်ခဲ့သည်။
“အာစိ အထဲသွားပါ ကျနော်အိပ်လိုက်မယ် ကားပေါ်မှာ”
“ရတယ် မင်းအထဲမှာပဲအိပ် ငါဒီမှာ အေးအေးဆေးဆေး အိပ်ချင်လို့။ အထဲမှာဆို စကားပြောနေရတာနဲ့ အိပ်ရမှာမဟုတ်ဘူး။ သွားသွား အိပ်တော့”
“ဟုတ် ဟုတ်”
ကားပေါ်ဖျာလေးခင်း ခေါင်းအုံးလေးချပြီး စောင်ခြုံကာ အိပ်မယ်လုပ်လိုက်တော့ ညနေက တင်လာတဲ့ ကျောက်ခဲလေးကို ကားထောင့်မှာ တွေ့လိုက်သည်။ ကဲ မင်းလည်း ဒီည ကားပေါ်မှာပဲအိပ်တော့ မနက်မှ အောက်ချတော့မယ် ဟုတွေးပြီး ပင်ပန်းလာသဖြင့် နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားသည်။
“အစ်ကို အစ်ကို ညီမကို စောင်နည်းနည်းလောက် ပေးခြုံပါလား။ မိုးကျလာတော့ အေးလို့ပါ”
အိပ်မက်လိုလို တကယ်လိုလိုနှင့် ဘေးက လှုပ်နှိုးနေသော ကောင်မလေးအသံကြောင့် စည်သူ နိုးလာသည်။ မိုးကလည်း ဖွဲဖွဲလေးကျပြီး လေအဝှေ့မှာ မိုးစက်လေးတွေ ကားထဲ ဖျန်းပက်လိုက်သလို အေးစိမ့်စိမ့်နှင့်။ စည်သူလည်း ဘေးက မိုးကာတွေကို ချလိုက်ပြီး
“မင်းက ဘယ်လိုလုပ်ပြီး ကားပေါ်ရောက်နေတာလဲ”
“အစ်ကိုတို့ပဲ ညနေက ခေါ်လာတာလေ”
စည်သူ ခေါင်းတွေကြီးသွားသည်။
“ဒါ.. ဒါဆို မင်းက မကျောက်ခဲ….”
“မကျောက်ခဲတော့ မဟုတ်ပါဘူး နန်းယွန်းပါ။ ကျောက်ခဲလေးနဲ့ ပါလာတာပါ။ အစ်ကို့ကို ဒုက္ခမပေးပါဘူး။ အခုလည်း အရမ်းအေးနေလို့ပါရှင်”
စည်သူလည်း လန့်လန့်နှင့် ဖုန်းမီးဖွင့်ပြီး နန်းယွန်းမျက်နှာကို ကြည့်လိုက်တော့ အသားဖွေးဖွေးနှင့် ကောင်မလေး ချမ်းနေလို့ နှုတ်ခမ်းလေးတွေ တဆတ်ဆတ် တုန်နေသည်။ လေကလည်း ကြမ်းတာကိုး။ ချောမောလှသော ရုပ်သွင်ကြောင့် စည်သူလည်း ကြောက်ရွံ့စိတ်တွေ လွင့်ပါးကုန်ပြီး အိပ်ယာဘေးတခြမ်း ကပ်ပေးလိုက်ပြီး
“လာလေ ဒီဘက်မှာ လာလှဲလို့ရပါတယ်။ စောင်ကသေးတော့ နှစ်ယောက်မလုံမှာပဲ စိုးရိမ်တာ”
“ရတယ် နန်းယွန်း အစ်ကို့ဘက် တိုးအိပ်မယ်လေနော်”
စည်သူ ကျောထဲ စိမ့်သွားပြီး
“ရ…ရပါတယ်”
“ခစ်ခစ် မကြောက်ပါနဲ့ အစ်ကိုရယ် နန်းယွန်း ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး”
“အင်းပါ လာ”
စောင်လေးမပြီး ခေါ်လိုက်တော့ စောင်ထဲထိုးဝင်ရင်း နန်းယွန်းတစ်ယောက် စည်သူ့ရင်ခွင်ထဲ ရောက်သွားသည်။
“နန်းရဲ့ အဝတ်စားတွေက စိုနေတော့ အစ်ကို့ကို အားနာစရာကြီး”
“စောင်တွေပါ စိုကုန်မှ ခက်မယ်နော်။ ခဏလေး ကျနော့်အင်္ကျီ ဝတ်ထားမလား အပိုပါတယ်”
“နေပါစေ မဝတ်တော့ပါဘူး အစ်ကို ဖက်ထားပေးပေါ့ နွေးနေအောင်”
“ကျနော့်အကျီတွေပါ စိုကုန်မှာပေါ့ ချွတ်ထားလိုက်လေ ဟီးဟီး”
“ဟွန့် လူလည်ကြီး ချွတ်ပါဘူး”
“သဘောပါဗျာ စိတ်ထဲရှိသလိုနေပါ နေချင်သလိုနေပါ။ တစ်ခုပဲ ကြောက်အောင်တော့ မလုပ်နဲ့နော်”
“ဟင် အစ်ကိုကလည်း အခုပုံက အဆင်မပြေလို့လား”
“ပြေလွန်းလို့ ခက်နေတာ နန်းယွန်းရေ”
“ခစ်ခစ် ဟိုဘက်တိုး”
ဒီလိုနဲ့ အေးစက်စက် စိုစိစိ ကိုယ်လုံးလေးကို ဖက်ထားလိုက်ပြီး နှစ်ယောက်သား ငြိမ်နေလိုက်ကြသည်။ နန်းယွန်းတော့မသိ စည်သူတော့ ရင်တွေခုန်နေပြီလေ။ နန်းယွန်းက ရင်ခုန်ပါတော့မလား တွေးရင်း ကြက်သီးထပြီး နန်းယွန်းကို အလန့်တကြား ငုံ့ကြည့်လိုက်မိသည်။