ေလာကမွာ လူတစ္ေယာက္ရဲ့ ရသင့္ရထိုက္ ေပးသင့္ေပးထိုက္တဲ့ အခြင့္အေရးကို မေပးပဲ ထားတဲ့သူဟာ လူလိမ္ပါပဲ။ အေတြးအေခၚ ေကာင္း တစ္ခုရွိၿပီဆိုရင္ သင့္ရဲ႕အနာဂါတ္အိမ္ဟာ ဘယ္ေတာ့မွ တဲဘုတ္ကေလးအျဖစ္ရွိေနမွာမဟုတ္ပါဘူး။ အခ်စ္ဆိုတဲ့သူ ကၽြန္ေတာ္ တို႔ ရဲ႕ အနီးဆုံးေနရာမွာရွိေနပါလ်က္ ျပသနာေတြကိုဆုံးျဖတ္တဲ့အခါ အမုန္းဆိုတဲ့သူကို တကူးတ ကဖိတ္ေခၚ ၿပီး အေျဖရွာမိျကတယ္။ ေအာင္ျမင္ တဲ့လူတစ္ေယာက္နဲ႔ေတြ႕တဲ့အခါ သူဘယ္လိုေအာင္ျမင္ခဲ့သလဲဆိုတာထက္ သူဘာေတြက်ရႈံးခဲ့သလဲဆိုတာကို အဓိကေလ့ လာရမယ္။
ကိုယ့္ရဲ႕ၿပိဳင္ဖက္တစ္ေယာက္က ကိုယ့္ကိုကဲ့ရဲ႕ပုတ္ ခတ္ေနတဲ့အခ်ိန္မွာ ႏွစ္ၿခိဳက္စြာျပဳံးလိုက္ပါ။ ကိုယ့္အတြက္ သူ႔အခ်ိန္ေတြ ေပး ထားတာျဖစ္လို႔ သူ႔အတြက္ ျပင္ဆင္ခ်ိန္ေလ်ာ့နည္းသြားပါၿပီ။ လူတစ္ေယာက္မျဖစ္မေနႀကိဳးစားက်င့္ၾကံရမယ့္ အလုပ္ ၂ မ်ိဳးရွိတယ္။ (၁)ဘယ္လိုေနရမလဲ ၊ (၂)ဘယ္လိုေသရမလဲ ။လူတစ္ေယာက္ ကၽြန္ေတာ့္ကို အျပင္းအထန္ေဝဖန္ေျပာဆိုေနခ်ိန္မွာ ကြ်န္ေတာ္က အလုပ္တစ္ခုကို ေကာင္းစြာအဆုံးသတ္ႏိုင္လိုက္ပါၿပီ။ယေန႔ကၽြန္ေတာ္တို႔ရဲ႕အမူအက်င့္ေတြဟာ ကၽြန္ေတာ္တို႔ကိုယ္တိုင္ သင္ယူတတ္ ေျမာက္ ခဲ့ တာေတြပါ။ မည္သူတစ္ဦးတစ္ေယာက္၌မွ အျပစ္မရွိ။ မိမိ၌သာ တာဝန္ရွိ၏။
ခ်စ္ရတာ တကယ္ေတာ့မခက္ဘူးဗ်။ အဲ့ဒီ အခ်စ္ ဆိုတာႀကီး ေရရွည္တည္တံ့ခိုင္ျမဲေအာင္ ထိန္းဖို႔ေတာ့ အေတာ္ခက္တယ္။ကိုယ့္တိုင္းျပည္နဲ႔ကိုယ့္လူမ်ိဳးအတြက္ ဘာမွအသုံး မဝင္တဲ့လူ ဟာ ကိုင္းက်ိဳးေနတဲ့ေရပုံးလိုပဲ။ အမွိုက္ထည့္လို႔ပဲရယ္။တစ္ေယာက္နဲ႔တစ္ေယာက္ ေလးစားမႈ၊ ယုံၾကည္မႈမရွိတဲ့ ေဆြးေႏြးပြဲဟာ ဘယ္ လိုရလာဒ္ေကာင္းမွာထြက္မွာ မဟုတ္ဘူး။ ေနာက္ၿပီး အဲ့ဒီလူ႔အသိုင္းအဝိုင္း တိုးတက္ဖြံ႕ၿဖိဳးဖို႔ အခ်ိန္အမ်ားႀကီးယူရလိမ့္ဦးမယ္။ လူ ႀကီး ေတြမွာ ဆုိးရြားတဲ့အတိတ္ေတြရွိသလို ကေလးေတြမွာလည္း လွပတဲ့အနာဂါတ္ေတြရွိၾကတယ္။
လူတစ္ေယာက္မွာ တန္ဖိုးရွိတဲ့ အခ်ိန္ တစ္ခုေတာ့ရွိရမယ္။လူတစ္ေယာက္ဟာ လူတစ္ေယာက္ ရဲ႕ေက်းဇူးနဲ႔ကင္းၿပီး ေအာင္ျမင္မႈဆိုတာကို ဘယ္ေတာ့မွမရႏိုင္ဘူး။ အကယ္၍ ရႏိုင္ပါတယ္လို႔ေျပာလာခဲ့ရင္ ဒီလူဟာ အတိတ္ေမ့ေနတာပဲ ျဖစ္လိမ့္မယ္။ဦးေဆာင္သူတစ္ေယာက္ဟာ မိမိ လက္ေအာက္ငယ္သားကို အလုပ္တစ္ခုခုခိုင္းတဲ့အခါ ဒီအလုပ္ကို ဘာျဖစ္ျဖစ္လုပ္ဆိုတာထက္ ဘာ ေၾကာင့္လုပ္ရသလဲဆိုတဲ့ ရည္ရြယ္ခ်က္ကို သိေစရမွာျဖစ္ တယ္။ ဘာလို႔ လည္းဆိုေတာ့ လူတိုင္းဟာ မိမိလုပ္တဲ့အလုပ္ကို တန္ဖိုး ထားတတ္ေစဖို႔ပါ။ လူတစ္ေယာက္ ဘယ္ေနရာကေနၾကီးျပင္း လာတာက အေရးမၾကီးပါဘူး၊ သူဘယ္လို ရပ္တည္ရွင္သန္သလဲဆိုတာပဲ အေရးၾကီးတယ္။
လူ ့တန္ဖိုးကို သူရဲ့ရပ္တည္ခ်က္နဲ ့ပဲတိုင္း တာတယ္။ အဲ့ဒါသဘာ၀အက်ဆုံး ေပတံပဲ။ကိုယ္ထိုင္ဖို ့ေနရာ ေပါပါလ်က္ သူမ်ားထိုင္ေနတဲ့ ေနရာကို မတ္တပ္ ရပ္ေစာင့္ေနတာဟာ အက်ိဳးမရွိတဲ့အျပင္ လူကိုလည္း ပင္ပန္းေစပါလိမ့္မယ္။အဖြဲ ့အစည္းတစ္ခု ေအာင္ျမင္ဖို ့ အခ်က္ ၂ ခ်က္ ထားရတယ္။ (၁) အဖြဲ ့အစည္း အတြင္း Human Resources ကို ျမွင့္တင္ေပးပါ၊ (၂) လက္ဆင့္ကမ္းေပးရမည့္ New Generation ထားရွိေပးပါ။ေခါင္းေဆာင္ လိုသူ တစ္ဦးမွာ ဒီအခ်က္ ၂ ခ်က္ ကို သတိျပဳရမယ္။(၁) မိမိနွလုံးသားကို နားလည္နိုင္ဖို ့လုပ္ပါ၊ (၂) လက္ေအာက္ငယ္သားမ်ားရဲ့ နွလုံးသားကို နားလည္နိုင္ဖို ့လုပ္ပါ။ကိုယ့္လုပ္အားျဖင့္ တကယ္တမ္းထိုက္တန္တယ္လုိ ့ထင္ရင္ ေနရာတို ့၊ ေငြေၾကးတို ့ဆိုတာ မက္ေမာသင့္ပါတယ္။
ကိုယ္ရသင့္ရထိုက္ တာမွန္ရင္ ယူသင့္ပါတယ္။ မရသင့္မရထိုက္ပဲ ယူရင္ မနိုင္မနင္းျဖစ္ျပီး လူအမ်ားရဲ့အနင္းကို ခံရတတ္ တယ္။ကုိယ့္ က်င့္ တရားနဲ ့ခံစားခ်က္ကို ေငြေၾကးေတြ၊ ရာထူးေတြ၊ စည္းစိမ္ဥစၥာေတြနဲ ့လဲယူတဲ့အခါ အဲ့ဒီလူဟာ ညစ္ႏြမ္းသြားပါတယ္။ အလင္းထဲ မွာေနရေသာ္လည္း ခံစားခ်က္ေတြ ေမွာင္မိုက္ေနပါတယ္။
Unicode
လောကမှာ လူတစ်ယောက်ရဲ့ ရသင့်ရထိုက် ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးကို မပေးပဲ ထားတဲ့သူဟာ လူလိမ်ပါပဲ။ အတွေးအခေါ် ကောင်း တစ်ခုရှိပြီဆိုရင် သင့်ရဲ့အနာဂါတ်အိမ်ဟာ ဘယ်တော့မှ တဲဘုတ်ကလေးအဖြစ်ရှိနေမှာမဟုတ်ပါဘူး။ အချစ်ဆိုတဲ့သူ ကျွန်တော် တို့ ရဲ့ အနီးဆုံးနေရာမှာရှိနေပါလျက် ပြသနာတွေကိုဆုံးဖြတ်တဲ့အခါ အမုန်းဆိုတဲ့သူကို တကူးတ ကဖိတ်ခေါ် ပြီး အဖြေရှာမိကြတယ်။ အောင်မြင် တဲ့လူတစ်ယောက်နဲ့တွေ့တဲ့အခါ သူဘယ်လိုအောင်မြင်ခဲ့သလဲဆိုတာထက် သူဘာတွေကျရှုံးခဲ့သလဲဆိုတာကို အဓိကလေ့ လာရမယ်။
ကိုယ့်ရဲ့ပြိုင်ဖက်တစ်ယောက်က ကိုယ့်ကိုကဲ့ရဲ့ပုတ် ခတ်နေတဲ့အချိန်မှာ နှစ်ခြိုက်စွာပြုံးလိုက်ပါ။ ကိုယ့်အတွက် သူ့အချိန်တွေ ပေး ထားတာဖြစ်လို့ သူ့အတွက် ပြင်ဆင်ချိန်လျော့နည်းသွားပါပြီ။ လူတစ်ယောက်မဖြစ်မနေကြိုးစားကျင့်ကြံရမယ့် အလုပ် ၂ မျိုးရှိတယ်။ (၁)ဘယ်လိုနေရမလဲ ၊ (၂)ဘယ်လိုသေရမလဲ ။လူတစ်ယောက် ကျွန်တော့်ကို အပြင်းအထန်ဝေဖန်ပြောဆိုနေချိန်မှာ ကျွန်တော်က အလုပ်တစ်ခုကို ကောင်းစွာအဆုံးသတ်နိုင်လိုက်ပါပြီ။ယနေ့ကျွန်တော်တို့ရဲ့အမူအကျင့်တွေဟာ ကျွန်တော်တို့ကိုယ်တိုင် သင်ယူတတ် မြောက် ခဲ့ တာတွေပါ။ မည်သူတစ်ဦးတစ်ယောက်၌မှ အပြစ်မရှိ။ မိမိ၌သာ တာဝန်ရှိ၏။
ချစ်ရတာ တကယ်တော့မခက်ဘူးဗျ။ အဲ့ဒီ အချစ် ဆိုတာကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းဖို့တော့ အတော်ခက်တယ်။ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုးအတွက် ဘာမှအသုံး မဝင်တဲ့လူ ဟာ ကိုင်းကျိုးနေတဲ့ရေပုံးလိုပဲ။ အမှိုက်ထည့်လို့ပဲရယ်။တစ်ယောက်နဲ့တစ်ယောက် လေးစားမှု၊ ယုံကြည်မှုမရှိတဲ့ ဆွေးနွေးပွဲဟာ ဘယ် လိုရလာဒ်ကောင်းမှာထွက်မှာ မဟုတ်ဘူး။ နောက်ပြီး အဲ့ဒီလူ့အသိုင်းအဝိုင်း တိုးတက်ဖွံ့ဖြိုးဖို့ အချိန်အများကြီးယူရလိမ့်ဦးမယ်။ လူ ကြီး တွေမှာ ဆိုးရွားတဲ့အတိတ်တွေရှိသလို ကလေးတွေမှာလည်း လှပတဲ့အနာဂါတ်တွေရှိကြတယ်။
လူတစ်ယောက်မှာ တန်ဖိုးရှိတဲ့ အချိန် တစ်ခုတော့ရှိရမယ်။လူတစ်ယောက်ဟာ လူတစ်ယောက် ရဲ့ကျေးဇူးနဲ့ကင်းပြီး အောင်မြင်မှုဆိုတာကို ဘယ်တော့မှမရနိုင်ဘူး။ အကယ်၍ ရနိုင်ပါတယ်လို့ပြောလာခဲ့ရင် ဒီလူဟာ အတိတ်မေ့နေတာပဲ ဖြစ်လိမ့်မယ်။ဦးဆောင်သူတစ်ယောက်ဟာ မိမိ လက်အောက်ငယ်သားကို အလုပ်တစ်ခုခုခိုင်းတဲ့အခါ ဒီအလုပ်ကို ဘာဖြစ်ဖြစ်လုပ်ဆိုတာထက် ဘာ ကြောင့်လုပ်ရသလဲဆိုတဲ့ ရည်ရွယ်ချက်ကို သိစေရမှာဖြစ် တယ်။ ဘာလို့ လည်းဆိုတော့ လူတိုင်းဟာ မိမိလုပ်တဲ့အလုပ်ကို တန်ဖိုး ထားတတ်စေဖို့ပါ။ လူတစ်ယောက် ဘယ်နေရာကနေကြီးပြင်း လာတာက အရေးမကြီးပါဘူး၊ သူဘယ်လို ရပ်တည်ရှင်သန်သလဲဆိုတာပဲ အရေးကြီးတယ်။
လူ ့တန်ဖိုးကို သူရဲ့ရပ်တည်ချက်နဲ ့ပဲတိုင်း တာတယ်။ အဲ့ဒါသဘာဝအကျဆုံး ပေတံပဲ။ကိုယ်ထိုင်ဖို ့နေရာ ပေါပါလျက် သူများထိုင်နေတဲ့ နေရာကို မတ်တပ် ရပ်စောင့်နေတာဟာ အကျိုးမရှိတဲ့အပြင် လူကိုလည်း ပင်ပန်းစေပါလိမ့်မယ်။အဖွဲ ့အစည်းတစ်ခု အောင်မြင်ဖို ့ အချက် ၂ ချက် ထားရတယ်။ (၁) အဖွဲ ့အစည်း အတွင်း Human Resources ကို မြှင့်တင်ပေးပါ၊ (၂) လက်ဆင့်ကမ်းပေးရမည့် New Generation ထားရှိပေးပါ။ခေါင်းဆောင် လိုသူ တစ်ဦးမှာ ဒီအချက် ၂ ချက် ကို သတိပြုရမယ်။(၁) မိမိနှလုံးသားကို နားလည်နိုင်ဖို ့လုပ်ပါ၊ (၂) လက်အောက်ငယ်သားများရဲ့ နှလုံးသားကို နားလည်နိုင်ဖို ့လုပ်ပါ။ကိုယ့်လုပ်အားဖြင့် တကယ်တမ်းထိုက်တန်တယ်လို ့ထင်ရင် နေရာတို ့၊ ငွေကြေးတို ့ဆိုတာ မက်မောသင့်ပါတယ်။
ကိုယ်ရသင့်ရထိုက် တာမှန်ရင် ယူသင့်ပါတယ်။ မရသင့်မရထိုက်ပဲ ယူရင် မနိုင်မနင်းဖြစ်ပြီး လူအများရဲ့အနင်းကို ခံရတတ် တယ်။ကိုယ့် ကျင့် တရားနဲ ့ခံစားချက်ကို ငွေကြေးတွေ၊ ရာထူးတွေ၊ စည်းစိမ်ဥစ္စာတွေနဲ ့လဲယူတဲ့အခါ အဲ့ဒီလူဟာ ညစ်နွမ်းသွားပါတယ်။ အလင်းထဲ မှာနေရသော်လည်း ခံစားချက်တွေ မှောင်မိုက်နေပါတယ်။