တခါတုန္းက အလြန္ၾကီးမားတဲ့ သေဘာၤၾကီးတစ္စင္းရဲ႕ အင္ဂ်င္ဟာ ပ်က္သြားတယ္ ။ သေဘာၤပိုင္ရွင္ဟာ စက္ၿပင္သမားေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေၿပာင္းၿပီးၿပေပမယ့္ ဘယ္သူကမွ အင္ဂ်င္ၿပန္ေကာင္းေအာင္ ဘယ္လိုလုပ္ရမလဲဆိုတာ အေၿဖ ရွာမေတြ႔ခဲ့ၾကဘူး။
တစ္ေန႔မွာ စက္ၿပင္သမားေတြက သေဘၤာအင္ ဂ်င္နဲ႔ပတ္သတ္လို႔ ငယ္ငယ္ကတည္းကတတ္ကၽြမ္းခဲ့တဲ့ အဖိုးအိုတစ္ဦးကိုေခၚလာတယ္ ။ အဖိုးအိုက အိတ္ၾကီး တစ္လံုးကိုလြယ္ထားတယ္ ။ ေရာက္ေရာက္ၿခင္းပဲ သူဟာ အင္ဂ်င္ဆီကိုသြားၿပီးအလုပ္လုပ္ဖို႔ စတင္ပါတယ္ ။ အဖိုးအိုဟာ အင္ဂ်င္ကို ဂရုတစိုက္နဲ႔ ေသခ်ာၾကည့္တယ္ အေပၚ ကေန ေအာက္ေၿခ အထိ ေသေသ ခ်ာခ်ာစစ္ေဆးတယ္။
အဲဒီေနရာမွာ သေဘၤာပိုင္ရွင္ကလည္း ၾကည့္ေနတယ္ ။ အဖိုးအို ဘာလုပ္မလဲဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ေပါ့ ။ အကုန္လံုးၾကည့္ၿပီးတဲ့အခါ အဖိုးအိုဟာ အိတ္ထဲကို လက္ႏွိဳက္လုိက္ၿပီး တူေသးေသးေလး တစ္ေခ်ာင္း ကိုထုတ္လိုက္တယ္ ။ ၿပီးေတာ့ တစ္ေနရာကို ညွင္သာစြာ ေခါက္လိုက္တယ္။
ရုတ္တရက္ပဲ အင္ဂ်င္က စက္ႏွိဳးသြားပါတယ္။ အဖိုးအိုဟာ သူ႔ တူေလးကို ဂရုတစိုက္အိတ္ထဲထည့္ၿပီး ထြက္ခြာသြားတယ္ ။ ခဏေလးပါပဲ — အင္ဂ်င္ၿပင္တာၿပီးသြားပါၿပီ။ တစ္ပတ္ၾကာၿပီးေနာက္မွာ သေဘာၤပိုင္ရွင္ဟာ အဖိုးအိုဆီက ေငြေတာင္းခံလႊာကို လက္ခံရရွိခဲ့တယ္ ။ ေဒၚလာ ၁၀၀၀၀ ၿဖစ္ပါသတဲ့။
“ ဘာ ” သေဘာၤပိုင္ရွင္ ထိတ္လန္႔သြားတယ္။ “ သူက ဘာမ်ား ခက္ခဲစြာ လုပ္ရလို႔လဲ ”ဒီလိုနဲ႔ သေဘာၤပိုင္ရွင္က အဖိုးအိုကို ပစၥည္းတန္ဖိုးနဲ႔တကြ ကုန္က်စရိတ္ကိုေတာင္းခံလႊာပို႔လိုက္တယ္။ အဖိုးအို က စာၿပန္ပို႔လိုက္တယ္ ။ “ တူ ႏွင့္ ထု ခ — ၂ ေဒၚလာ။ မည္သည့္ေနရာကို ထု ရမလဲ သိသည့္ အသိပညာခ – ၉၉၉၈ ေဒၚလာ ”ေလာကၾကီးမွာ အသိပညာ အတတ္ပညာဟာ အရာအားလံုးကို ေၿဖရွင္းေပးႏုိင္သလို ဘ၀ရဲ႕ ေအာင္ၿမင္ ၿခင္းေသာ့ ခ်က္လည္းၿဖစ္တယ္ ။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔အားလံုးလည္း အသိပညာတစ္ခုခုကို စူးစိုက္ေလ့ လာသင္ၾကားၾကဖို႔လိုတယ္။ ဘယ္ေနရာေလး (Key point ) ကို အားစိုက္ၿပဳၿပင္ရမလဲဆိုတာ သိၿခင္း ဟာ ေလာ က မွာ အေရးၾကီးဆံုး အရာတစ္ခုပါပဲ။
credit – Aung Ko latt (ရာမညေျမ)
Unicdoe
တခါတုန်းက အလွန်ကြီးမားတဲ့ သဘောင်္ကြီးတစ်စင်းရဲ့ အင်ဂျင်ဟာ ပျက်သွားတယ် ။ သဘောင်္ပိုင်ရှင်ဟာ စက်ပြင်သမားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီးပြပေမယ့် ဘယ်သူကမှ အင်ဂျင်ပြန်ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေ ရှာမတွေ့ခဲ့ကြဘူး။
တစ်နေ့မှာ စက်ပြင်သမားတွေက သင်္ဘောအင် ဂျင်နဲ့ပတ်သတ်လို့ ငယ်ငယ်ကတည်းကတတ်ကျွမ်းခဲ့တဲ့ အဖိုးအိုတစ်ဦးကိုခေါ်လာတယ် ။ အဖိုးအိုက အိတ်ကြီး တစ်လုံးကိုလွယ်ထားတယ် ။ ရောက်ရောက်ခြင်းပဲ သူဟာ အင်ဂျင်ဆီကိုသွားပြီးအလုပ်လုပ်ဖို့ စတင်ပါတယ် ။ အဖိုးအိုဟာ အင်ဂျင်ကို ဂရုတစိုက်နဲ့ သေချာကြည့်တယ် အပေါ် ကနေ အောက်ခြေ အထိ သေသေ ချာချာစစ်ဆေးတယ်။
အဲဒီနေရာမှာ သင်္ဘောပိုင်ရှင်ကလည်း ကြည့်နေတယ် ။ အဖိုးအို ဘာလုပ်မလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။ အကုန်လုံးကြည့်ပြီးတဲ့အခါ အဖိုးအိုဟာ အိတ်ထဲကို လက်နှိုက်လိုက်ပြီး တူသေးသေးလေး တစ်ချောင်း ကိုထုတ်လိုက်တယ် ။ ပြီးတော့ တစ်နေရာကို ညှင်သာစွာ ခေါက်လိုက်တယ်။
ရုတ်တရက်ပဲ အင်ဂျင်က စက်နှိုးသွားပါတယ်။ အဖိုးအိုဟာ သူ့ တူလေးကို ဂရုတစိုက်အိတ်ထဲထည့်ပြီး ထွက်ခွာသွားတယ် ။ ခဏလေးပါပဲ — အင်ဂျင်ပြင်တာပြီးသွားပါပြီ။ တစ်ပတ်ကြာပြီးနောက်မှာ သဘောင်္ပိုင်ရှင်ဟာ အဖိုးအိုဆီက ငွေတောင်းခံလွှာကို လက်ခံရရှိခဲ့တယ် ။ ဒေါ်လာ ၁၀၀၀၀ ဖြစ်ပါသတဲ့။
“ ဘာ ” သဘောင်္ပိုင်ရှင် ထိတ်လန့်သွားတယ်။ “ သူက ဘာများ ခက်ခဲစွာ လုပ်ရလို့လဲ ”ဒီလိုနဲ့ သဘောင်္ပိုင်ရှင်က အဖိုးအိုကို ပစ္စည်းတန်ဖိုးနဲ့တကွ ကုန်ကျစရိတ်ကိုတောင်းခံလွှာပို့လိုက်တယ်။ အဖိုးအို က စာပြန်ပို့လိုက်တယ် ။ “ တူ နှင့် ထု ခ — ၂ ဒေါ်လာ။ မည်သည့်နေရာကို ထု ရမလဲ သိသည့် အသိပညာခ – ၉၉၉၈ ဒေါ်လာ ”လောကကြီးမှာ အသိပညာ အတတ်ပညာဟာ အရာအားလုံးကို ဖြေရှင်းပေးနိုင်သလို ဘဝရဲ့ အောင်မြင် ခြင်းသော့ ချက်လည်းဖြစ်တယ် ။ ဒါကြောင့် ကျွန်တော်တို့အားလုံးလည်း အသိပညာတစ်ခုခုကို စူးစိုက်လေ့ လာသင်ကြားကြဖို့လိုတယ်။ ဘယ်နေရာလေး (Key point ) ကို အားစိုက်ပြုပြင်ရမလဲဆိုတာ သိခြင်း ဟာ လော က မှာ အရေးကြီးဆုံး အရာတစ်ခုပါပဲ။
credit – Aung Ko latt (ရာမညမြေ)