ဆန္ဒ ရဲ့ နောက်ကွယ်
မိသူဇာတစ်ယောက်တပင်လဲလို့တပင်ထူမှာ မှာပါ။လင်သားမရှိတဲ့ဘဝက အဆင်မပြေဘူး အခုသမီးလေးကရှစ်တန်းတက်တော့မယ်။ကျောင်းစားရိတ်တွေနှင့်အိမ်ငှားခတွေနှင့် အဆင်မပြေတော့ကြာရင်သမီးလေးကိုပညာဆက်မသင်နိုင်မှာစိုးတယ်။ မိသူဇာအသက်က၃၂နှစ်ရှိပြီ။တစ်သားမွေးတစ်သွေးလှဆိုသလိုသူဇာအလှကပိုလှလာတယ်။မိန်းကလေးဆိုတာသုံးဆယ်ကျော်မှ အလှကပြည့်စုံတာမို့ အခုတော့သူဋာအလှကပိုပြီးပြည့်စုံနေတာပေါ့။မုဆိုးမဆိုတော့ လိုချင်သူတွေလက်တွေ့စမ်းချင်သူတွေကလည်း များတယ်။လင်မရှိတဲ့မိန်းမတံခွန်မရှိတဲ့ဘုရားဆိုတာမတင့်တယ်ဘူးလေ။ယောက်ျားဆုံးတာကေ လးနှစ်ရှိလောက်ရှိပြီ ဆိုတော့မုဆိုးမအေ နနှင့်နေခဲ့တာ။တချို့ကကြားအောင်တစ် မျိုးမကြားအောင်တမျိုးရိသဲ့သဲ့တွေနှင့်အနေခက်လှတယ်။အခုတော့ကိုစိုးမင်းဆိုတဲ့သူနှင့်တွေ့ခဲ့ရတော့ငယ်စိတ်တွေပြန်ပေါ်လာခဲ့ပြီ။ကိုစိုးမင်းဆိုတာကလဲ ခပ်ပျော်ပျော်နေတတ်တဲ့သူဖြစ်တဲ့အပြင်သမီး လေးအပေါ်မှာလည်းကောင်းတယ်။ ဒီတော့လဲကိုစိုးမင်းအပေါ်မှာ သာယာမိခဲ့တယ်။သာယာမိတော့လည်းလာမည့်အရေးပြေးမကြည့်မိတော့ဘူး။စဉ်းစားစရာလည်းမလိုဘူး။လိုအပ်နေတဲ့ကွက်လပ်ကလေးကအခုပြည့်စုံပြီလေ။အခုတော့ကိုစိုးမင်းနှင့်တစ်အိုးတစ်အိမ်ထူထောင်လိုက်ပြီ “သူဇာ အကိုတို့အိပ်ရအောင်” […]