ဖွ ဖွ လေး

ညနေ လေးနာရီခွဲပြီးနေပြီ။ … ကိုလတ်တယောက် အိမ်ပြန်ရန် ဆေးရုံလှေကားမကြီးမှ ဆင်းတော့မလို့ဟန်ပြင်နေစဉ် နောက်ဖက်မှ အသံလေးတခုက ရုတ်တရက်ပေါ်လာ၏။ ‘ ဆရာ ပြန်တော့မလို့လား … ဟင်းဟင်းဟင်း .. ‘ ပြန်တော့မလားမေးတာ ဘာများ ရီစရာ ပါနေသည်မသိ။ … ကိုလတ်စိတ်ထဲ နဲနဲ အစာမကြေဖြစ်သွားမိသည်။ .. လှည့်ကြည့်စရာမလိုပဲ သိနေသည်။ အသံရှင်လေး မည်သူဆိုတာ။ … ဘယ်သူရှိရမည်လဲ … သူနာပြုအသစ်လေး ဂျာဂျာ ပေါ့။ … သူမက မြန်မာမဟုတ် .. ။ တိုင်းရင်းသူလေး .. ။ နာမည်အပြည့်အစုံက အယ်လ်ကွန်ဖန်ဂျာ တဲ့ ….. ။ သို့ပေမယ့် တဆေးရုံလုံးက သူမကို ဂျာဂျာ လို့ပဲ ခေါ်ကြသည်။ … တွေးကြည့်လျှင် အဓိပ္ပါယ်က ဘာလိုလိုကြီး … ။ ကိုလတ်စိတ်ထဲတော့ လွန်ခဲ့သည့် သုံးလလောက်က သူတို့ဆေးရုံကို ဒီဆရာမလေး ရောက်လာပြီး သူတို့ဝါ့ဒ်ထဲရောက်လာခဲ့ချိန်ကစပြီး သူမနာမည်ကို ဂျာဂျာ လို့ ခေါ်လိုက်ရတိုင်း စိတ်ထဲမှာ သူမကို ဘာဂျာပေးချင်စိတ်တွေသာ တဖွားဖွားပေါ်ပေါ်လာနေတော့ ခက်လှသည်။

… နာမည်အပြည့်အစုံခေါ်ဘို့ကလဲ ခေါ်ရခက်လှတော့ ဒီအတိုင်းပဲ သူများတွေခေါ်သလို အတိုပဲ ခေါ်နေရတော့သည်။ ထားပါတော့ ဂျာဂျာ ပဲ … ။ အနှီ ဂျာဂျာသည် လှတာတော့ တော်တော့ကိုလှသည်။ .. ဆွဲဆောင်မှုကလည်း ကောင်းသည်။ .. မျက်နှာလေးကြည့်မလား … ဖြူနုနေသည်။ .. မျက်ခုံးလေးတွေက တန်းတန်းလေး .. ။ နှာတံလေးက ပေါ်ပေါ် .. ။ တခြားတိုင်းရင်းသူတွေနှင့်မတူပဲ မျက်ဆံလေးကလဲ နက်နက်လေး … ။ ပါးပြင်လေးတွေက ခရမ်းချဉ်သီးလေးတွေလို ရဲရဲလေးတွေ … ။ နှုတ်ခမ်းလေးတွေက ဖူးရွနေသည်။ .. အောက်နှုတ်ခမ်းလေးက တွဲတွဲလေး … ။ မေးစေ့နှစ်ခွလေးအပေါ်နားမှ မှဲ့လေးကတော့ သူမမျက်နှာကို ဆွဲဆောင်မှုအရှိဆုံး ဖြစ်လာအောင် လုပ်ပေးထားသည့်အရာလေးပဲဖြစ်မည်။ … ကိုယ်လုံးကိုယ်ပေါက်ကြည့်ဦးမလား … ဘာမှ အပြစ်ပြောစရာမရှိ။ … ငါးပေသုံးလက်မဆိုသော အရပ်လေးက နဲနဲတော့ ပုသည်ပြောလို့ရပေမယ့် မြန်မာနိုင်ငံမှာတော့ မိန်းကလေးတွေအတွက် ကြည့်ကောင်းသော အရပ်ထဲမှာ ပါနေသည်။ … ခါးလေးက သေးသေးလေး။

ကိုလတ်ဖတ်ဖူးသည့်ဆောင်းပါးများအရ ငါးပေသုံးလက်မရှိသော မိန်းကလေးတယောက်အတွက် စံချိန်မှီ ခါးအတိုင်းက ၂၁ လက်မခွဲ ရှိရမည်ဟု ဖတ်ဖူးသည်။ .. မယ်ရွေးပွဲတွေအကြောင်း လိုက်လေ့လာတုန်းက ဖတ်ဖူးထားတာပါ … ။ ခု ဂျာဂျာ့ခါးက ၂၁ တောင်နဲနဲ လျော့ဦးမလားမသိ။ .. ခါး ၂၁ ဆိုလျှင် ရင်က ၃၁၊ တင်က ၃၃ အနည်းဆုံးရှိရမည်တဲ့ … ဒါလောက်ရှိမှ စံမှီမည်။ … ဒီ့ထက်ကွာခြားချက်ပိုလေလေ ပိုကြည့်ကောင်းလေလေပေါ့ … ။ သို့ပေမယ့် တခိုျ့ ကွာခြားချက်အရမ်းကြီး များသွားလွန်းလျှင်လည်း မဆံ့မပြဲကြီးလိုဖြစ်ပြီး မျက်စိထဲ အမြင်ရိုင်းသွားတတ်ပြန်သည်။ … ကိုလတ် ပေကြိုးနှင့်တော့ သွားမတိုင်းကြည့်ဖူးပါ … ဒါပေမယ့် မျက်မှန်းအတိုင်းအရတော့ ဂျာဂျာ့ ရင်က ၃၂လောက် .. တင်က ၃၃ခွဲ လောက်ရှိလိမ့်မည်မှန်း သိနေသည်။ .. မျက်စိထဲ မြင်ယောင်သာ ကြည့်ကြပါတော့။ .. ထိုခါးကို လေတိုးရင် ကိုျးမှာ အလွန်စိုးတယ်ဆိုသည့် ဆရာမြို့မငြိမ်းသီချင်းက ဂျာဂျာ့ကိုများ ကြည့်ပြီး စပ်ထားသလား ထင်ရသည်။ … မဆံ့မပြဲကြီးမိုျးလည်း ဖြစ်မနေ .. သူ့ဟာနှင့်သူ ကျော့ကျော့မော့မော့လေးနှင့် ကြည့်လို့ကောင်းလှသည်။ ကိုယ်လုံးကိုယ်ပေါက် လှသလို ဂျာဂျာက ဝတ်လိုက်စားလိုက်လျှင်လည်း ကိုယ်လုံးအလှပေါ်အောင် အထူး သတိထားပြီး ဝတ်စားပုံရသည်။ .. သူနာပြုဆိုတော့ အလုပ်ချိန်ဆို ယူနီဖောင်းပဲ ဝတ်ရသည်ပေါ့။ … ဒါပေမယ့် မဂျာဂျာတို့က သူများတွေလို ယူနီဖောင်းကို ဖြစ်သလိုမဝတ် … ။ ရင်ဖုံးအင်္ကျီလေးဆိုလဲ ဖြူဖွေးဥနေသည်။ … အသားက ခပ်ပျော့ပျော့ကိုယ်ကပ် အသားမိုျးမှ ရွေးဝတ်သည်။ အင်္ကျီကိုဘယ်တော့မှ ပွပွ မဝတ် .. ။ တစ်ရစ် တင်းကပ်နေအောင် ခပ်ကျပ်ကျပ်အမြဲဝတ်သည်။ တခါတခါ .. ၀ါ့ဒ်ထဲကို မေထရွန်ကြီး ရောင်းလှည့်လာလို့ ဆုံမိလျှင် ဂျာဂျာ့ကို အနားနားကပ်ပြီး တိုးတိုးဆူတတ်တာ .. လက်မောင်းကို လိမ်ဆွဲပြီး သတိပေးတတ်တာ ကိုလတ် သတိထားမိသည်။ ယူနီဖောင်းနှင့်ဆိုတော့ အောက်ကတော့ ရိုးရိုးဘော်လီပဲဝတ်ရသည်မို့ ဘရာစီယာတွေ ပုံဆန်းဘော်လီတွေ တော့ ဝတ်ခွင့်မရှိဘူးပေါ့ …။ သို့ပေမယ့် ဂျာဂျာ့ကိုယ်လုံးလေးက ဒါတွေ ကူနေစရာကို မလိုအောင်ကို ပြီးပြည့်စုံနေပြီးသားဖြစ်သည်။

ကိုလတ် တခါတခါများမြင်ယောင်ကြည့်မိသည် .. ။ ဒီလို ကိုယ်လုံးမိုျးလေးနှင့် ဒီလို အသားပျော့အင်္ကျီအဖြူကျပ်ကျပ်လေး အောက်မှာများပုံဆန်း ဘရာစီယာလေးနှင့်သာဆို ဘယ်လိုနေမည်မသိ .. လို့ ။ တွေးကြည့်ယုံနှင့်ပဲ ဖွားဘက်တော်ကခေါင်းထောင်ထောင် ထလာတတ်လို့ အိမ်သာထဲ ပြေးခဲ့ရသည့်အကြိမ်တွေလဲ မနည်းတော့။ … ထမီလေးကြည့်ဦးမလား … ။ သူများတွေလို တွေ့ကရာ အသားနှင့် အနီရောင်ဖြစ် ပြီးရော ဘယ်တော့မှ မဝတ်။ .. ဘီဘဲလ်လို အိတုံလို ကိုယ်ပေါ်မှာ ပျော့အိပြီးကပ်နေမည့် အသားမိုျးမှ အနီရောင်ရှာပြီး ဝတ်တတ်သည်။ ဒေါက်တွေဘာတွေ လိုအပ်သလို သေသေချာချာလဲ တတ်ပုံရသည်။ ဂျာဂျာ့တင်သားအိအိကြီးတွေပေါ်တွင် ထမီပျော့ပျော့လေးက အမြဲလို တသားတည်းကပ်နေတတ်သည်။ .. အောက်မှ ပင်တီ အရစ်လေးက အထင်းသား …. ။ လမ်းလျှောက်လိုက်လို့ လှိုင်းတွေထ သွားတိုင်း မြင်ရသူ အသက်ရှုမှားလောက်သည် ဆိုတာမိုျး ဖြစ်နေတော့၏။ … အရပ်ကလေးက နည်းနည်းပုသူမို့ တခါတလေ ၀ါ့ဒ်ထဲမှာ ဒရစ်ပုလင်းတွေဘာတွေ ချိတ်ရဖြုတ်ရတိုင်း ဒီအတိုင်းမမှီလေတော့ ခြေဖျားလေးတွေထောက်ပြီးများ လှမ်းလိုက်ရချိန်တွေဆို ကိုလတ်သာ အနားမှာရှိနေလျှင် အလုပ်ထဲက စည်းမျဉ်းတွေ ဂုဏ်တွေမေ့ထားလိုက်ပြီး နောက်ကနေ သွားပြီးတော့သာ ကိုင်ညှစ်ပြစ်လိုက်ချင်မိလောက်အောင် ဖြစ်ရတတ်သည်။ ဒီကောင်မလေး ၀ါ့ဒ်ထဲရောက်လာတော့ ကိုလတ် ဖန်မလားစိတ်ကူးသေးသည်။အမှန်က မိဂျာဂျာကလည်း ၀ါ့ဒ်ထဲရောက်လာကတည်းက လူပိုျလူလွတ် ဇ နှင့် နာမည်တလုံးနှင့်ကိုလတ်ကို သတိထားမိပုံရပါသည်။ .. နဂိုကလဲ ခပ်သွက်သွက်ဖြစ်ရသည့်အထဲ ကိုလတ်ရှေ့ဆိုလျှင် ပိုပြီး အသံလေးက စာ သွားတာ … ဆေးရုံစင်္ကြန်တွေမှာများ ကိုလတ်ရှေ့က သွားမိတာနှင့်ကြုံလျှင် တင်သားကြီးတွေ ပိုလှုပ်ခါပြီး လျှောက်ပြတတ်တာ .. တခါတခါ ကိုလတ် စားပွဲမှာ အလုပ်ထိုင်လုပ်နေတုန်းများ ကိုလတ်ဆီ လာဘို့ ကြုံလာလျှင် စားပွဲပေါ်လက်ထောက်ပြီး ရင်ကိုကော့ တင်ကိုနောက်ပစ်ပြတတ်တာ .. ကိုလတ်လဲ ကောင်းကောင်းသတိထားမိသည်ပဲ … ။

အလုပ်ထဲဆိုတော့လဲ ရုတ်တရက် သွားမစရဲ။ .. စလိုက်လို့ ဖြစ်သွားပြီးလျှင် အပြင်ကဟာလေးတွေလို အရှောင်အတိမ်းလုပ်လို့ လွယ်မည်မဟုတ်။ .. ယူရဘို့ များသွား လိမ့်မည်။ … ဒီအချိန်မှာပဲ မီမီနှင့်ကလဲ မနားတမ်းကို ဆွဲလာဖြစ်ကြတော့ ကိုလတ်စိတ်ထဲ ဂျာဂျာ့ကို ခနခေါက်ထားလိုက်မိတော့သည်ပေါ့။ …မိဂျာဂျာလို ကောင်မလေးမိုျးက ကိုလတ်ခေါက်ထားတော့ကော ဒီအတိုင်းနေနေမည်တဲ့လား … ။ သူမ ဟန်ရေးပြသမျှ အရာမထင်တော့ စိတ်က ပေါက်လာသည်။ .. ဒီ လူပိုျဆရာဝန် မျက်စိများ ကန်းနေသလားပင်မသိဟု တွေးမိတာ အကြိမ်ကြိမ် … ။ အခြောက်တော့ မဟုတ်နိုင် … သူ့သတင်းတွေက မွှေးလှသည်ပဲ။ .. တဆေးရုံလုံး မကြားချင်မှ အဆုံးရယ် … ။ သူမကိုတော့ အရေးမလုပ်ပေမယ့် သူဆေးခန်းဖွင့် ထားသည့်လမ်းထဲမှ ကုလားဆင် မုဆိုးမလေးနှင့်ကျတော့ ဘယ်လိုဘယ်ပုံဆိုတာ ကြားလိုက်ရသည့်နေ့က ဂျာဂျာ မခံချင်စိတ်နှင့် အိပ်လို့ပင်မပျော် … ။ ဒီလောက်တောင်ဖြစ်လှတာ တွေ့ကြသေးတာပေါ့ ဟု ဂျာဂျာ တေးမှတ်ထားလိုက်သည်။ ဖြစ်ချင်တော့ နောက်ရက်များမကြာခင် နောက်ဆုံးနှစ်ဆေးကျောင်းသား ကိုလွင်က ဂျာဂျာ့ကို ပရိုပို့စ် လုပ်လာတော့ ဂျာဂျာ ဘာမှ စဉ်းစားမနေတော့ပဲ ချက်ခြင်းကို အဖြေပေးပစ်လိုက်၏ ကိုလတ်ရှေ့မှာ ကိုလွင်နှင့်တွဲသွား တွဲလာ လုပ်ပြရတာ အရသာရှိလှသည်မှတ်သည် … ။ ကိုလတ်ကတော့ လွတ်တဲ့ငါး ကြီးသည် ဆိုတာလို နှမျောတသ ဖြစ်နေရခဲ့ရ၏။ သူ့ရှေ့မှာ ဂျာဂျာက ဟိုကောင်လေးနှင့်တွဲပြလေ သူ့စိတ်တွေက မခံချင်စိတ်နှင့်အတူ နိုးထလာလေဖြေစ်နေရတော့သည်။သို့ပေမယ့် သူမ ကိုယ်တိုင်လဲ မှန်းချက်နှင့်နှမ်းထွက်က မကိုက်ဖြစ်နေတာ သူမဖာသာပဲ သိသည်။ .. ကိုလတ်ကို အရွဲ့ တိုက်ချင်စိတ်နှင့် အဖြေပေးကာ တွဲပစ်လိုက်သော ဆေးကျောင်းသားကိုလွင်က ခပ်ကြောင်ကြောင်ရယ် .. ။ နှစ်ယောက်သား ချိန်းတွေ့ချိန် ကဗျာတွေ လာရွတ်ပြလိုပြ လုပ်နေတတ်သည့်လူမိုျး … ။ လူကိုပဲ မထိရက် သလိုလို မကိုင်ရက်သလိုလိုနှင့် … ပန်းကလေးနွမ်းသွားမှာစိုးသည်တွေဘာတွေနှင့် ဒိုင်ကြောင်နေတတ်သူ ဖြစ်နေတာ တွဲပြီးမှ သိရတော့သည်။ … တွဲပြီးမှတော့ မိဂျာဂျာတို့ ဘာတတ်နိုင်မှာတဲ့လဲလေ …။ တခါတလေ သူတို့သူငယ်ချင်းတွေရှိရာ အဆောင်ကို သွားလည်သည့်အခါမိုျး (ဂျာဂျာကိုယ်တိုင်ကတော့ မြို့ထဲမှာ မိဘတွေနှင့် အတူနေသူဖြစ်သည်၊ .. အဆောင်မှာ မနေ) များ .. ဟဲ့ကောင်မ ညဉ်းဘယ်အဆင့် ရောက်နေပြီလဲ ဘာလဲ နှင့် အမေးခံရလျှင် ဂျာဂျာ မချိပြုံးလေးသာ ပြုံးနေလိုက်ရသည်ချည်း။ .. ပါးလေး နမ်းယုံထက် မပိုသေးဘူးဟု အမှန်အတိုင်းဖြေလဲ ယုံကြမှာမှ မဟုတ်တာလေ။ဒီနေ့ညနေတော့ ကိုလွင့်ကို ကျွတ်အောင်ချွတ်မည်ရယ်လို့ ဂူျတီဆင်းလျှင် ရုပ်ရှင်သွားကြည့်ကြဘို့ ချိန်းထားခြင်းဖြစ်သည်။ .. သူမလဲ ဆေးရုံအပြီး ကိုလွင်လဲ ကျောင်းအပြီး ညနေ ၅နာရီပွဲပေါ့။ … လှေကားမှ ဆင်းတော့မည့်ဆဲဆဲ သူမရှေ့မှာ ကိုလတ်ကို ခပ်ငေါင်ငေါင်ကြီး တွေ့လိုက်ရသည်မို့ မထိတထိ ကလိသလို ရီသံလေးနှင့် လှမ်း နှုတ်ဆက်လိုက်မိခြင်းပါ … ။

ကိုလတ် မျက်မှောင်ကြုံ့ရင်း လှည့်ကြည့်လိုက်မိ၏။ ဂျာဂျာ၏ ချစ်စဖွယ် အပြုံးလေးကို မြင်ရတော့ ကိုလတ်မျက်ခုံးတွေ အလိုလို အတွန့်ပြေသွားသည်။ ဂျာဂျာက ယူနီဖောင်း မလဲရသေး .. ။ သို့ပေမယ့် ခေါင်းဆောင်း ကက်ပ် လေးကိုတော့ ဖြုတ်ထားပြီးပြီ။ ကက်ပ် မပါပဲ နောက်တွဲဆံထုံးလေးနှင့် မြင်ရတာ ဂျာဂျာက တမိုျးကြည့်ကောင်းနေ၏။ အစကတော့ ကိုလတ်စိတ်ထဲ ဂျာဂျာ့ရီသံက သူ့ကိုလှောင်နေသလိုလို ခံစားရသဖြင့် စိတ်ခုသလိုလိုဖြစ်သွားရခြင်းဖြစ်သည်။ .. ဒါပေမယ့် တကယ်လှည့်ကြည့်လိုက်တော့ ဂျာဂျာ့မျက်နှာလေးက အပြစ်ကင်းစင်စွာဖြင့် ဝင်းပနေသည်။ .. ကိုယ့်ဖာသာ အလိုလို လိပ်ပြာမလုံဖြစ်နေမိတာပဲ ထင်ပါရဲ့လေ … ။ ‘ ပြန်တော့မယ်လေ … ဂျာဂျာရဲ့။ … လေးနာရီပဲခွဲပြီးနေမှဟာ .. ။ ဂျာဂျာရော မပြန်သေးဘူးလား … ‘ ဂျာဂျာက သူမလက်ကိုင်ပဝါလေးကို လက်ထဲတွင် ဆုပ်လိုက်ချေလိုက် လှည့်ပါတ်ကစားလိုက်လုပ်နေသည် ဒါလဲ မိန်းကလေးတို့ တတ်အပ်သော မာယာတွေထဲမှာ တမိုျးပါလေသလားတော့ မသိ။ .. ‘ အဟင်း … ဒီနေ့ ကိုလွင်နဲ့ ရုပ်ရှင်သွားကြည့်ဘို့ ချိန်းထားလို့ ဆရာ … ‘ ‘ သြော် …. ဒီလိုလား … ။

အိမ်ပြန်နောက်ကျနေတော့မှာပေါ့ … ‘ ‘ အဟဲ … အိမ်ကို ဒီနေ့ ညဂူျတီကျတယ်လို့ လှိမ့်ထားတယ်ဆရာ။ .. ရုပ်ရှင်ပြီးမှ အဆောင်က သူငယ်ချင်းတွေ အခန်း ပြန်အိပ်မှာ … ‘ ‘ အမယ် … ညီးတောင် တော်တော် ပညာစုံနေပါ့လား … ‘ လက်ယဉ်နေသော ကိုလတ်က ဂျာဂျာ့ခေါင်းလေးကို ခပ်ဖြည်းဖြည်း လှမ်းထုသည်။ ဂျာဂျာ ခေါင်းလေး ပုသွားကာ လျှာလေးတစ်လစ်ဖြစ်သွား၏။ ‘ ကဲကဲ … ဘယ်ရုံမှာလဲ .. ညီးအဆက်နဲ့ ချိန်းထားတာ … ။ ခုပဲ ငါးနာရီမတ်တင်းရှိတော့မယ် … ‘ ‘ ပပဝင်းမှာပါ ဆရာ၊ ဒီနေ့ သူက ဆေးရုံကြီးမှာ အတန်းရှိလို့ ရုံမှာပဲ ဆုံဘို့ချိန်းထားကြတာ … အယ် .. ဟုတ်ပါရဲ့ နဲနဲတောင် နောက်ကျနေပြီ .. ‘ ဂျာဂျာက လက်ပါတ်နာရီလေးကို မြှောက်ကြည့်ရင်း မဲ့တဲ့တဲ့လေး ဖြစ်သွားသည်။ … အနောက်ပိုင်းဆေးရုံကနေ မြို့လယ် ပပဝင်း ရုပ်ရှင်ရုံကို ဆယ့်ငါးမိနစ်ထဲနှင့် ရောက်ဖို့ဆိုတာ သိပ်မလွယ်လှပေ။ … ‘ ဆရာလိုက်ပို့ပေးမယ်လေ … ဆရာ့ကားကို ဂျာဂျာ စီးရဲရင်ပေါ့ … ‘ ‘ အောင်မယ်လေး … ကိုယ့်ဆရာကားများ ဘာမစီးရဲစရာရှိလဲ … လိုက်ပို့ပေးမယ်ဆို ကျေးဇူးပါဆရာ … ခနနော် … ဂျာဂျာ အဝတ်အမြန်သွားလဲလိုက်ဦးမယ် … ယူနီဖောင်းကြီးနဲ့ ရုပ်ရှင်နဲ့ မဖြစ်သေးပါဘူး ‘ ‘ အိုကေ … ဆရာ ကားပါကင်ကပဲ စောင့်နေတော့မယ် … ‘ ‘ ဟုတ် … ‘ ဂျာဂျာ ဆရာမများ နားနေခန်းဘက် ခပ်သွက်သွက် ထွက်သွားတုန်း ကိုလတ်လဲ အောက်ဆင်းလာနှင့်ခဲ့ လိုက်တော့၏။ … ဘာရယ်မဟုတ် … ပါးစပ်မှ ‘ မင်းရည်းစားတောင်သိရဲ့လား ‘ … သီချင်းလေးကို လေချွန်လာမိလျှက်သားဖြစ်နေသဖြင့် ကိုယ့်ကိုကိုယ် ပြုံးမိရသေးသည်။ .. ငါးမိနစ်လောက်နေတော့ ဂျာဂျာ ကားနားရောက်လာ၏။ ‘ ဆောရီးနော် ဆရာ … ပို့ပေးမယ့်သူက တကူးတက စောင့်နေရတယ်၊ .. အားနာလိုက်တာ … ‘ ဖက်ဖူးရောင် ဝမ်းဆက်လေးနှင့် အလှကြီးလှနေသော ဂျာဂျာက ကားပေါ်စွေ့ကနဲ ဝင်ထိုင်ရင်း တောင်းပန် နေပြန်သည်။ … ဂျာဂျာ့ကိုယ်သင်းနံ့လေးက ရေမွှေးနံ့လေးတွေ မိတ်ကပ်နံ့လေးတွေနှင့် ရောကာ ကားထဲမှာ သင်းကနဲဖြစ်သွား၏။ .. ကိုလတ် တံတွေးကို အသာ လူမသိသူမသိ မြိုချလိုက်မိသည်။ လွတ်တဲ့ငါး .. ကြီးသည်ဆိုတာ ဒါမိုျးလား မသိ။

ကားမောင်းကျွမ်းသလောက် ကြမ်းသူမို့ ပပဝင်းရုံကို ငါးမိနစ်လောက်နှင့် ရောက်သွားသည်။ လမ်းတလျှောက် သူခပ်ကြမ်းကြမ်းမောင်းတာကို မျက်လုံးလေးအဝိုင်းသားနှင့်ကြည့်ရင်း ဘုရားသခင် … ဟု မကြာမကြာ ခပ်တိုးတိုးရေရွတ်နေသော ဂျာဂျာ့ပုံလေးက မျက်စိထဲကကို မထွက်။ ‘ ကဲ .. ရောက်ပြီ။ .. အချိန်မှီပါတယ် ဟုတ် … ‘ ‘ အဟင်း .. အချိန်မှီတာတော့ ဟုတ်ပါတယ်၊ လမ်းမှာ ဂျာဂျာ ဘယ်နှစ်ခါတောင် ဘုရားသခင်ကို တ မိတယ်မသိဘူး။ … ‘ ဂျာဂျာက ချစ်စဖွယ်လေးပြုံးပြရင်း ကားပေါ်မှ ဆင်းလိုက်သည်။ ရုပ်ရှင်ရုံအောက်ကို တချက်ဝေ့ကြည့်တော့ သူမဘဲ ကိုလွင်ကို အရိပ်အယောင်တောင် မတွေ့။ … ‘ ဟို … ဆရာ အပန်းမကြီးရင် တခုကူညီပါဦးလားရှင် … ‘ ကိုလတ်က ကားပြန်ထွက်ဖို့ စက်တောင်နှိုးနေပြီ။ … စက်ကိုပြန်သတ်လိုက်ရင်း ဘာလဲဆိုသော သဘော နှင့် အသာမေးဆတ် ပြလိုက်မိ၏။ ‘ ဟိုလေ … လက်မှတ်တွေက ဂျာဂျာ့ဆီမှာ ရှိပြီးသားပါ .. ကြိုတင် ယူထားတာ။ .. ဒါပေမယ့် သူက မရောက်သေးတော့ ဂျာဂျာ တယောက်ထဲ ရုံအောက်မှာ စောင့်နေရမှာ တမိုျးကြီးဖြစ်နေလို့ ဆရာများ ခန အတူစောင့်ပေးလို့ ရမလားလို့ … အားတော့နာတယ် ဆရာရယ် … ‘ အင်း .. ဒါလဲ ဟုတ်သည်ပဲ။ ဂျာဂျာ့လို ဟော့ရှော့တ်လေးနှင့် အရမ်းကို မိသည့်ကောင်မလေးတယောက်က ရုပ်ရှင်ရုံအောက်မှာ ဘယ်လာ တယောက်ထဲ အူကြောင်ကြောင် ရပ်စောင့်နေချင်ပါ့မလဲ။ .. ခုတောင် ရုံအောက်က လူတွေ(ယောကျာ်းတွေ) က ခေါ်တော တထောင်အားနှင့် ၀ိုင်းကြည့်နေကြပြီ။ ‘ ရပါတယ်ဗျာ … အားလဲနာတယ် ခင်လဲခင်တယ်ဆိုတာ ဒါမိုျးထင်ပါ့ .. ဟုတ်လား … ‘ ‘ အဟဲ … ကျေးဇူးပါဆရာ … ‘ ဂျာဂျာက ရှက်ပြုံးလေးနှင့် ခေါင်းလေးငုံ့သွားသည်။ ကိုလတ် အိပ်မက်များ မက်နေသလား ထင်မိသည်။

သူအရင်က မစွမ်းရင်းရှိခဲ့ပြီး အကြောင်းကြောင်းကြောင့် သူများလက်ပါသွားသော ဂျာဂျာလေးနှင့် အတူတူ ရုပ်ရှင်ရုံအောက်မှာ မုန့်တွေဝယ် .. အအေးတွေသောက်နှင့် … ဖြစ်နေရသည်ကိုး။ သူ့ရည်းစားနှင့်အတူကြည့်ဘို့ စောင့်နေတာမဟုတ်ပဲ သူနှင့်အတူသာကြည့်ကြဘို့ဆို ဘယ်လောက်များ ရင်ခုန်စရာ ကောင်းလိုက်လေမည်လဲလေ။ … သက်ပြင်းကိုသာ ဂျာဂျာမသိအောင် မကြာမကြာ ခိုးပြီး ချနေ မိရတော့သည်။ အချိန်တွေ တစစ ကုန်သွားပြီ။ ငါးနာရီ ဆယ့်ငါးမိနစ်တောင် ရှိပြီ … ။ သကောင့်သား ကိုလွင်ကား မပေါ်ရေးချ ပေါ်ကိုမလာ။ … ဂျာဂျာ့မျက်နှာလေးလဲ ဒေါသနှင့် ရှက်စိတ်တွေနှင့် ရဲတွတ်နေပြီ။ … မျက်ဆံနက်နက်လေးတွေနှင့် ချစ်စဖွယ်ကောင်းလှသော မျက်လုံးလေးတွေတွင် မျက်ရည်လေးတွေပင် ၀ိုင်းနေပြီ။ ‘ ကဲ … ဂျာဂျာရေ .. အချိန်လဲ တော်တော်နောက်ကျနေပြီ … ဘာလုပ်ကြမလဲ … ‘ ဂျာဂျာ့နှုတ်ခမ်းလေးတွေ တဆတ်ဆတ် တုန်နေသည်။ တော်တော်နှင့် စကားသံထွက်မလာ .. အေးလေ ရှက်ရှာမည်ပေါ့။ … တစိမ်းယောကျာ်းတယောက်ရှေ့မှာမှ ချိန်းထားသော ရည်းစားက ရောက်မလာတော့ ဘယ်မိန်းကလေးမဆို အရှက်ခွဲခံရသည်လို့ပဲ ယူဆကြမည်ပေါ့။ … ‘ သူ ဒီလိုချည်းပဲ ဆရာ … ဂျာဂျာ့ကို ဒါ သက်သက်အရှက်ခွဲတာ … ‘ စကားအဆုံးတွင် ဂျာဂျာ့အသံလေးက တိမ်ဝင်သွားပြီး ခပ်တိုးတိုး ရှိုက်သံလေးပင် ထွက်လာသည်။

မျက်ရည်တွေ ကျမလာအောင် မျက်တောင်ကော့ကြီးတွေကို တဖြတ်ဖြတ်ခပ်ကာ ထိန်းလိုက်ရ၏။ ‘ ကဲ … ရောက်လာပြီးမှတော့ မထူးပါဘူး ဂျာဂျာရယ် … ဝင်ကြည့်လိုက်ကြရအောင်ပါ .. ‘ ဂျာဂျာ စိတ်ရှုပ်ထွေးသွားဟန်လေး ဖြစ်သွားသည်။ ‘ အင်း … အိမ်ကိုလဲ ညဂူျတီ ပြောထားပြီးမှတော့ ပြန်လဲမပြန်ချင်တာ အမှန်ပဲ ဆရာရယ် … ဒါပေမယ့် ဆရာ ဆေးခန်းထိုင်ဘို့က ရှိသေးတယ် မဟုတ်လား … ‘ ‘ အို … ဆေးခန်းက အရေးမကြီးပါဘူးကွာ … ဂျာဂျာ့ကိုကြည့်ပြီး ဆရာပါ ဝမ်းနည်းလာလို့ပါ … ‘ ဟုတ်ပါသည် … ဆေးခန်းတရက်စာ ဝင်ငွေက ဂျာဂျာ့လို ကောင်မလေးမိုျးနှင့် ရုပ်ရှင်အတူတွဲကြည့်ရမည့် အခွင့်အရေးကို ဆုံးရှုံးခံရလောက်အောင်တော့ မတန်ရေးချ မတန်ပါ။ … တနည်းအားဖြင့်တော့ ရည်းစားက ချိန်းထားတာတောင် ရောက်မလာချိန်မှာ မိမိက ဆေးခန်းတောင်ဖျက်ပြီး သူမကို အဖော်လုပ်ပေးနိုင်သည်ဆိုသည့်သဘောနှင့် အမှတ်ယူလိုက်ခြင်းလဲ ဖြစ်ပါသည်။ ‘ ဒီနေ့တော့ ဂျာဂျာ ဆရာ့ကို ဒုက္ခတွေ တခုပြီး တခုပေးနေမိပါပြီရှင် … ဘယ်လိုပြောရမှန်းတောင် မသိ တော့ပါဘူး … ‘ ‘ ကဲ အမိရေ … ဘယ်လိုပြောရမှန်းမသိရင်လဲ ပြောမနေနဲ့တော့ .. ။ ရုပ်ရှင်တောင် စနေတာ တော်တော် ကြာလောက်ပြီ။ အထဲ ဝင်ကြစို့ … ‘ ဒီလိုနှင့် ကိုလတ်က ဦးဆောင်ကာ ဂျာဂျာနှင့် ၂ယောက်သား ရုံထဲ ဝင်လာဖြစ်ခဲ့တော့သည်။ သြော် … ဒီတညနေလေးက သူမကို ဘဝ တဆစ်ခိုျးပြောင်းစေဘို့ ဖြစ်လာလိမ့်မည်ဆိုသည်ကိုတော့ ဂျာဂျာလေး လုံးဝ မရိပ်မိခဲ့ရှာပါပေ။ ….. ရုံထဲရောက်တော့ ရုပ်ရှင်က စပြီးပြနေပြီမို့ မီးတွေမှိတ်နေပြီ။ ချစ်သူစုံတွဲကြည့်ဘို့ယူထားသည့် ကြိုတင်လက်မှတ်ဆိုတော့ ခုံနေရာက ဟိုးနောက်က ဒီစီနောက်ဆုံးတန်း ဒေါင့်လေးမှာ … ။ ကိုလတ်က ဂျာဂျာ့လက်လေးကို ဆုပ်ကိုင်ရင်း မှောင်ထဲမှာ ခလုတ်မတိုက်မိအောင် သတိထား သွားနေရ၏ အရေးထဲမှ တမင်လုပ်ထာမဟုတ်ပဲနှင့်ကို မှောင်ထဲမှာ ဂျာဂျာနှင့်သူ ကိုယ်လုံးချင်း ၂ခါလောက် တိုက်မိကြ သေးသည်။ ဂျာဂျာ့တင်ပါး အိအိကြီးတွေက ကိုလတ်ပေါင်တွေနှင့် အိကနဲထိတော့ ကိုလတ် မှောင်ထဲမှာ အံကိုသာ တင်းတင်းကြိတ်ထားမိလိုက်ရသည်ပေါ့။ … တော်သေးသည် ဆေးရုံက တန်းလာရတာမို့ ဒီနေ့ အောက်ခံဘောင်းဘီ ဝတ်လာမိလို့သာ … ။ ခုံနေရာရောက်တော့မှ နှစ်ယောက်သား ထိုင်ချယင်း အလင်းရောင် မပီဝိုးတဝါးအောက်မှာ လှမ်းပြုံးပြဖြစ် ကြသည်။ .. ခုံနေရာက နောက်ဆုံးတန်း၏ ဘယ်ဘက်ဒေါင့်လေးမှာ။ .. ဂျာဂျာက နံရံဘက်မှာထိုင်သည်။

ကိုလတ်က ဂျာဂျာ့ညာဘက်မှာ ထိုင်၏။ အနားကပ်လျှက် ညာဘက် သုံးလေးခုံအထိ မည်သူမျှ မရှိ။ .. ရှေ့ကအတန်းမှာလဲ ဟိုးညာဘက်ခပ်လှမ်းလှမ်းမှာသာ စုံတွဲ နှစ်တွဲ သုံးတွဲ အသီးသီးထိုင်နေကြသည်။ ကိုလတ် အသက်ရှုတွေ မြန်လာရသည်။ ပတ်ဝန်းကျင် အခြေအနေက လှုံ့ဆော်နေသည်မို့လားမသိ၊ .. ကိုလတ်ကော ဂျာဂျာပါ စကားတခွန်းမှ မပြောမိကြပဲ ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်ကြားနေရသည်ထင်မိသည်။ .. မှောင်ထဲမှာ တခါတခါ ရုပ်ရှင်က အလင်းပြကွက်တွေ ပြလာလို့ အလင်းရောင်လေး နဲနဲအားကောင်းလာတိုင်း အနားပတ်လည်မှ စုံတွဲတွေက အပီပွဲကြမ်းနေကြတာ လှမ်းလှမ်းမြင်နေရသည်။ .. ဂျာဂျာတော့ ဘယ်လိုနေသည်မသိ၊ .. ကိုလတ်တော့ ရမက်ဇောတွေ ထလာသည်။ .. ဟိုးအရင်ကတည်းက စိတ်ဝင်စားမိလျှက်သားနှင့် မရည်ရွယ်သော အဖြစ်အပျက်များကြောင့် မနီးစပ်ဖြစ်ခဲ့သည့် ဂျာဂျာလေးနှင့် ခုလိုအခြေအနေမိုျး ရောက်နေရတော့ ကိုလတ်ခမျာ စိတ်ကို ထိန်းဘို့ အရမ်းခက်ခဲလာတော့သည်ပေါ့။ … လုပ်ငန်းခွင်မှာ ဆရာနှင့်တပည့်ပုံစံမို့ သူမမှာလဲ ရည်းစားရှိနေမှန်းကြီးသိသိနှင့် အစပိုျးရမှာ နဲနဲတော့ အခက်ကြုံနေရသည်။

… ဂျာဂျာကျတော့ကော … သူမလဲ သွေးနှင့်ကိုယ် သားနှင့်ကိုယ်ပဲလေ။ အစကတည်းက ကိုလတ်ကို အထာ တွေပေးနေခဲ့မိပြီး ကိုယ်တော်ချောက သူမကိုတော့မကြံပဲ မုဆိုးမလေးနှင့် သွားငြိမ့်နေမှန်းသိလိုက်ရလို့သာ စိတ်ဆိုးဆိုးနှင့် လက်ရှိဘဲကို အရွဲ့တိုက်အဖြေပေးဖြစ်ခဲ့သည်ပဲ … ။ ခုလိုမိုျး ဘဲနှင့်နှစ်ပါးကြည်ကြဘို့လို့ ရုပ်ရှင်ကြည့်မည် စီစဉ်ထားပြီးကာမှ ဘဲကပေါ်မလာလို့ ကိုလတ်နှင့်အတူကြည့်ဖြစ်ကြတော့ သူမစိတ်တွေ ဘယ်လိုကြီးဖြစ်လာမှန်းကို မသိ။ .. ရင်တွေက မခုန်စဖူး အခုန်ထူးလာသည်။ .. ပြီးတော့ လက်ရှိဘဲ ကိုလွင်က ကဗျာရူး ခပ်ကြောင်ကြောင်မို့ တခါမှ ထိထိရောက်ရောက် အပွေ့အသပ်အကိုင်အတွယ် မခံရ ဘူးလေတော့ စိတ်တွေက ဆာနေခဲ့ရသည်ဖြစ်ရာ ကိုလတ်များ ခုနေ သူမကို လာဖက်လေတော့မည်လား .. နမ်းပြုများ လာလေတော့မှာလား … စသည်ဖြင့် စိတ်တွေ ဂနာမငြိမ်ဖြစ်နေရလေတော့၏။ အချိန်တွေ အတော်လေးကြာသွားသည်။ … ကိုလတ်က မှောင်ထဲတွင် မျက်လုံးဒေါင့်ကပ်ပြီး ဂျာဂျာ့ကို အသာခိုးကြည့်၏။ .. ကောင်မလေးလဲ စိတ်တွေ ဂနာမငြိမ်ဖြစ်နေမှန်း ကိုလတ်ရိပ်မိသွားသည်။ .. ရိပ်မိမည်ပေါ့၊ ဂျာဂျာ့အာရုံက ရုပ်ရှင်ထဲမှာကို မရှိ။ .. ဘာတွေ ပြလို့ပြနေမှန်းလဲ သိပုံမရ။ .. မှောင်ထဲကိုသာ မျက်လုံး အကြောင်သား တွေငေးငေးလေး ကြည့်နေမိသည်ကိုး ..။ သက်ပြင်းလေးတွေ မသိမသာ ခိုးခိုးချနေတာကလဲ အကြိမ်ကြိမ်။ ကိုလတ် စိတ်တွေ ပိုဆူလာသည်။ ကံစမ်းမဲလေးတော့ နှိုက်ကြည့်ဦးမှ ဟူသော စိတ်က ရုန်းထလာသည်။ ဖြစ်ချင်ရာ ဖြစ်စေတော့ … ။ နှစ်ယောက်ကြားမှ လက်ရန်းပေါ်တင်ထားသော ဂျာဂျာ့လက်လေးပေါ်သို့ ကိုလတ် သူ့လက်ကို မသိမသာ ထပ်တင်လိုက်သည်။ … ဂျာဂျာ့လက်လေးတွေ အေးစက်နေတာ သတိပြုမိသွားပြန်၏။ ဂျာဂျာက သူမ၏ လက်ကို မရုန်းဖယ် .. ။ ‘ မလှုပ် စိတ်တူ ‘ ဆိုသော စကားကို ကိုလတ် သွားသတိရသည်။ ရဲဆေးတွေက ပိုပြီး တက်လာတော့၏။

ဆက်လက်ဖတ်ရှု့ရန် အောက်ကို အနည်းငယ်သွားပေးပါနော်

Scroll to Top