💕အခန်း (၁)💕
ရန်ကုန်မြို့ မောင်ထော်လေးလမ်းရှိ တည်းခိုခန်းတစ်ခု၏ ဧည့်ခန်းအတွင်းတွင် လူနှစ်ယောက် တီးတိုးစကားပြောနေကြသည်။ တစ်ယောက်က အရပ်အနည်းငယ်ပုသော လူရည်သန့် တစ်ဦးဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ပထမလူထက် အသက်အနည်းငယ်ကြီးပုံရပြီး လူကောင်ထွားထွား၊ အသားညိုညို မြင့်မြင့်နှင့် ဖြစ်သည်။
”အစ်ကိုညိုကလည်း ဒါလေးတောင် ဖြစ်အောင် မလုပ်ပေးနိုင်ဘူးလား။”
လူထွားကြီးက အရပ်ပုပုလူကို စိတ်ပျက်လက်ပျက်နှင့် ပြောသည်။
”ဇော်ကြီးကလဲကွာ… ငါလည်း တစ်နေကုန်ထွက်ပြီး လိုက်ရှာနေတာပဲ အခုဟာက စီမံချက်ရှိလို့တဲ့ကွ”
”ဟူး”
ဇော်ကြီး ဆိုသော လူထွားကြီး စိတ်ပျက်လက်ပျက်နှင့် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
”ဇော်ကြီးကလဲကွာ…. စိတ်မပျက်ပါနဲ့ … နောက်တစ်ခေါက်တော့ ရမှာပါကွာ…။ အရင် အခေါက်တွေကလည်း ငါရအောင် ရှာပေးခဲ့တာဘဲဟာ…”
ကိုညိုဆိုသောလူက လေပြေထိုး၍ ဇော်ကြီးကိုဖျောင်းဖျသည်။ ဇော်ကြီးက ကုလားထိုင်နောက်မှီပေါ် လှန်၍တင်ထားသော သူ့ခေါင်းကို ခါရမ်းလိုက်သည်။ ဒီကိစ္စမျိုးနှင့် ပတ်သက်လာလျင် ဇော်ကြီးကို ဖျောင်းဖြ၍ရမည် မဟုတ်မှန်း ကိုညို ကောင်းကောင်းသိသည်။ သူတို့နှစ်ယောက်လုံး ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်အတွင်းရှိ ကြာအင်းကြီးရွာမှာနေသော လူများဖြစ်ကြသည်။
ဇော်ကြီးက ရွာမှာ သစ်ခွဲစက်ရှိသည်။ ကိုညိုက သူ့မန်နေဂျာ ဖြစ်သည်။ ဇော်ကြီးက လူပျိုကြီးဖြစ်ပြီး ကိုညိုက ကလေးနှစ်ယောက်အဖေ ဖြစ်သည်။ သူတို့နှစ်ယောက် တစ်လလျှင် နှစ်ခေါက်လောက် ရန်ကုန်သို့ တက်၍ ပျော်ပါးနေကြဖြစ်သည်။ အခု သူတို့ပျော်ပါးရာ ကြက်လေးတွေက ပျောက်ခြင်းမလှပျောက်၍ နေသည်။ ကိုညို တစ်နေ့ခင်းလုံး လှည့်ရှာတာတောင် တစ်ယောက်မှ မရခဲ့ပေ။ ကိုညို ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေသည်။ ဇော်ကြီး သူ့ အပေါ် ငြိုငြင်မှာလည်း ကြောက်သည်။ ပစ္စည်းကလည်း ရှာမရ ဖြစ်နေသည်။
ကုလားထိုင်နောက်မှီပေါ် လှန်တင်ထားသော ဦးခေါင်းအား ဇော်ကြီးက ဆတ်ခနဲ ထောင်လိုက်သည်။ ပြီးတော့ ဧည့်ခန်းထောင့် ကောင်တာဒေါင့်မှ ကောင်တာတွင် တစ်စောင်ပြီး တစ်စောင် ကူးရေးနေသော တည်းခိုခန်းမန်နေဂျာထံသို့ လှမ်းကြည့်လိုက်သည်။
”မန်နေဂျာကြီး”
တည်းခိုခန်းမန်နေဂျာက ဇော်ကြီးထံ လှမ်း၍ကြည့်သည်။
”ခင်ဗျားတို့ တည်းခိုခန်းမှာ တော်တော့်ကို လူရှင်းနေပါလားဗျ…။”
”ဟဲဟဲ .. ဟုတ်တယ်ဗျ..။ ဆရာတို့ ဘာများလိုအပ်လို့လဲ..။”
တည်းခိုခန်းမန်နေဂျာက သူ့မျက်နှာမှ မျက်မှန်ကိုချွတ်ရင်း ဇော်ကြီးထံ လှမ်းပြောလိုက်သည်။
”အော် … ပျင်းစရာကောင်းနေလို့ပါဗျာ…။ ပျော်စရာလေး ဘာလေးများ မရှိဘူးလားလို့ပါ။”
”အဟဲ…”
အသက် ၄၀ လောက်ရှိပြီဖြစ်သော တရုတ်ကပြား မန်နေဂျာက စဉ်းစားသလို တစ်ချက်လုပ်လိုက်သည်။ ပြီးမှ…
”ဒီမှာက စီမံချက်ရှိတယ်ဗျ… ။ ဒါကြောင့် ဒီလောက်ရှင်းနေတာ။”
”ကြံစမ်းပါဦးဗျာ…။ ကျုပ်တို့က ဧည့်သည်တွေဆိုတော့ ဒီမှာက သိပ်ပြီး ကျွမ်းကျင်တာ မဟုတ်ဘူးဗျ…။”
ဒီတစ်ခါတော့ ကိုညိုက ဝင်ပြောလိုက်ခြင်းဖြစ်သည်။
”တစ်ခုတော့ရှိတယ်ဗျ…။”
”အင်း … ဆိုစမ်းပါဦး..။” ”ပြောပါဦးဗျ…။”
ဇော်ကြီးရော ကိုညိုပါ ပြိုင်တူလိုလို မေးလိုက်မိသည်။
”ကျုပ်အသိတစ်ယောက်ရှိတယ်။ လုပ်မလုပ်တော့ မသိဘူး။ သူက လုပ်စားနေတဲ့သူတော့ မဟုတ်ဘူး။ သူ သဘောတူလို့ လုပ်မယ်ဆိုရင်တော့ ဈေးတော့ တော်တော်တောင်းလိမ့်မယ် ထင်တယ်။”
”ဒါက အရေးမကြီးပါဘူးဗျာ။ သားသားနားနားတော့ရှိတယ် မဟုတ်လား။”
ဇော်ကြီးက အားတက်သရော ပြောသည်။
”ဟာ… သားနားရုံတင် မဟုတ်ဘူး။ ချောလည်းချောတယ်။ တောင့်လည်းတောင့်တယ်။ အသက်က ၂၅ လောက်ပဲ ရှိသေးတာ…။ အသားကလည်း ဖြူဖြူလေး….။”
”ဟုတ်ပြီဗျာ..။ ခင်ဗျားရအောင်သာ လုပ်လာခဲ့…။ ခင်ဗျားအတွက်လည်း ကျုပ်သပ်သပ် ထပ်ပေးဦးမယ်။”
”ရပါတယ်ဗျာ။ ခင်ဗျားတို့က ဒီတည်းခိုခန်းရဲ့ ဖောက်သည်တွေမို့ ကျုပ်က ကူညီတာပါ။”
ဇော်ကြီးက သူ၏လက်ထဲမှ ရွှေရောင် လက်ပတ်နာရီကို ကြည့်လိုက်သည်။
”အခုမှ သုံးနာရီပဲရှိသေးတာ… ဒီညမှီနိုင်တာပေါ့။”
”သူသဘောတူရင် တစ်ခါထဲ ခေါ်လာလို့ရတယ်။ ခင်ဗျားတို့ စားသောက်ပြီးတော့သာ အဆင်သင့် စောင့်နေပါ။”
”ကောင်းပါပြီဗျာ… ။ ဒါနဲ့ မန်နေဂျာကြီးနဲ့ သိနေတာကြာပြီ။ နာမည်တော့ ကျုပ်တို့မသိသေးဘူး။”
ကိုညိုက လူရည်လည်သည်။ အပြောအဆို ညက်သည်။
”ကျုပ်နာမည်က တရုတ်လို စိန်ချောင်း၊ ဗမာလို စိန်မြင့် လို့ ခေါ်တယ်။”
”အေးဗျာ … ကျုပ်တို့နာမည်တွေလည်း မှတ်ပုံတင်ထဲမှာ တွေ့ပြီးရောပေါ့။ အောင်မြင်အောင်သာ လုပ်ခဲ့ပါဗျာ။ ဇော်ကြီးက ခင်ဗျားအတွက် ဘောက်ဆူးကောင်းကောင်း ပေးမှာပါ။ အော် ဒါနဲ့ ကျုပ်တို့က နှစ်ယောက်စလုံး အလုပ်လုပ်မှာနော်။ ခင်ဗျားကို ကြိုပြောထားတာ… ဟဲ…ဟဲ။”
”ဟုတ်ပါပြီဗျာ။ ကျွန်တော် ခဏနေရင် သွားလိုက်ပါ့မယ်။”
”ကဲ … ကိုညို ကျုပ်တို့လည်း ထမင်းလေးဘာလေး စောစောစီးစီး သွားပြီး စားလိုက်ကြရအောင်လား။”
ဇော်ကြီးက ပြောပြောဆိုဆို ထရပ်လိုက်သဖြင့် ကိုညိုကပါ ထရပ်လိုက်ပြီး နှစ်ယောက်စလုံး တည်းခိုခန်း တံခါးဆီသို့ လျှောက်၍ ထွက်လာခဲ့တော့သည်။
———————————————-
တိုက်ပျက်အဆောက်အဦးတစ်ခု ၊ ပတ်လည်ကာရံထားသော နံရံတွေက အချို့နေရာများတွင် ပြိုကျ၍ အပေါက်ကြီးများ ဖြစ်နေသည်။ ထိုနေရာများကို ဝါးတားပရုဟုခေါ်သော ပလတ်စတစ် အပြာရောင်များနှင့် ကာထားသည်။ တိုက်ပျက်တွက် အမိုးမရှိ၍ ဝါးလုံးတန်းထိုးကာ အပေါ်မှ တာလပတ် (တာပေါ်လင်)စ အစိမ်းရောင်ကြီးကို မိုး၍ထားသည်။ ထိုတာလပတ်မှာ ဆေးရောင်များ ပြယ်နေပြီဖြစ်ပြီး အချို့နေရာများတွင် အပေါက်တွေတောင် ဖြစ်နေပြီ။
ထိုတိုက်ပျက်အဆောက်အဦးမှာ ပုဇွန်တောင်ဈေးအနီးတွင်ရှိပြီး ထိုတိုက်ပျက်အတွင်းတွင်တော့ ယောကျ်ားမိန်းမ၊ ကလေးလူကြီး စုစုပေါင်း (၈) ယောက်တိတိ ရှိသေး၏။ အားလုံးသော လူသားများမှာ ဟောင်းနွမ်း၍ အရောင်မပေါ်တော့သည့် အဝတ်အစားများကို ဝတ်စားထားကြပြီး အချို့က ထင်းမီးဖိုနှင့် ထမင်းချက်နေကြသည်။ တချို့က တိုက်ပျက်ရှေ့ရှိ ရေဘုံဘိုင်တွင် အဝတ်လျှော်နေကြသည်။ တချို့ကတော့ တိုက်ပျက်ကြမ်းခင်းတွင် တုံးလုံးပက်လက် လှဲနေကြသည်။
အားလုံးထဲတွင် ထူးခြားသည်ကတော့ အသက် ၂၅ နှစ်လောက်ရှိသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ အသားဖြူဖြူ၊ ချောချောလေးနှင့် ပါတိတ်ပွင့်ရိုက် အစိမ်းရောင်ဝမ်းဆက်လေးကို ဝတ်ထားပြီး ဆံပင်ကို နောက်တွဲလေး ထုံးထားကာ သနပ်ခါးအဖွေးသားလေးနှင့် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေးဖြစ်ကာ ၈ နှစ်သားလောက်ရှိသော ကလေးမလေးတစ်ယောက်ကို သနပ်ခါးလိမ်းပေးနေသည်။
”ဒေါ်လေး သမီးတို့နဲ့ တစ်သက်လုံး နေသွားပါလား။”
”အော်… နေချင်တာပေါ့ ကလေးလေးရယ်…။ ဒေါ်လေးမှာလည်း ကိစ္စဝိစ္စတွေ ရှိသေးတယ်။”
”ဒါဆို ဒေါ်လေး ဘယ်တော့ပြန်မှာလဲဟင်…။”
သူ့ကို သံယောဇဉ်ဖြစ်နေပုံရသော ကလေးမလေးအား စိတ်မကောင်းစွာနှင့် ကြည့်လိုက်သည်။
”အင်း … တစ်နှစ်လောက်တော့ ကြာဦးမယ် ထင်တာပဲကွယ်…။”
သူမ၏ အသံက တိမ်ဝင်သွားပြီး ကြည်လဲ့ဝိုင်းစက်နေသော သူမ၏ မျက်လုံးဝိုင်းဝိုင်းလေးများတွင် မျက်ရည်များဝဲလာသည်။
”ပွမ်… ပွမ်….. ပွမ်….”
တိုက်ပျက်ကြီးရှေ့မှ ကားဟွန်းသံ ကြားလိုက်ရသည်။ ပါတိတ်ဝမ်းဆက်နှင့် မိန်းကလေးက လှမ်း၍ကြည့်လိုက်သည်။ အငှားလိုက်သည့် တက္ကစီကားလေးတစ်စီး ရပ်လိုက်ပြီး ကားခေါင်းခန်းတံခါးပွင့်၍ တရုတ်ကပြားတစ်ယောက် ဆင်း၍လာသည်။
”ဟင်… အစ်ကိုစိန်မြင့်”
ပါးစပ်မှ ရေရွတ်လိုက်ပြီးသည်နှင့် ပါတိတ်ဝမ်းဆက်နှင့် မိန်းကလေးက အပြင်သို့ ပြေးထွက်လာခဲ့သည်။ ကားလေး ပြန်၍မောင်းထွက်သွားသည်။
”လာ အစ်ကိုစိန်မြင့် အထဲဝင်ပါဦး…”
”မဝင်တော့ဘူး ရွှေရည် …. အထဲမှာပြောလို့ မကောင်းဘူး”
”ဘာများလဲ…”
နှစ်ယောက်စလုံး မျက်နှာချင်းဆိုင် မတ်တပ်ရပ်လိုက်ကြသည်။
”ဟိုတစ်ခါ နင်ပြောတဲ့ ကိစ္စလေ။”
ရွှေရည် စဉ်းစားသလိုလုပ်ရင်း မျက်နှာတစ်ခုလုံး နီရဲသွားသည်။ စိန်မြင့်ကလည်း စကားကိုဖြတ်၍ တောင့်တောင့်ဖြောင့်ဖြောင့် အချိုးကျလှပနေသော ခန္ဓာကိုယ်အား တစ်ချက်ကြည့်လိုက်သည်။
”အင်း… ပြောလေ… အစ်ကိုစိန်မြင့်”
”ငါတို့ တည်းခိုခန်းမှာ တည်းခိုနေကြ ဧည့်သည်နှစ်ယောက်ပဲ..။ လူရည်သန့်တွေပါ။”
”နှစ်ယောက်တောင်လား။”
”ဟုတ်တယ်။”
”ဗရုတ်တွေတော့ မဟုတ်ပါဘူးနော်။”
”မဟုတ်ပါဘူး။ ငါကလည်း နင့်ကို တွေ့တဲ့လူနဲ့ လွှတ်ပေးပါ့မလားဟာ။ နင်ငါ့ကို ပြောထားတာတောင် ကြာနေပြီပဲဟာ။”
”တစ်ခါမှ မလုပ်ဖူးတော့ စိတ်ထဲမှာ ကြောက်နေသလိုပဲ…။”
”ငါကတော့ အတင်းမတိုက်တွန်းချင်ဘူး။ နင့်ဟာနင် စဉ်းစား။”
ရွှေရည်ဆိုသော မိန်းကလေး အနည်းငယ်မျှ တွေဝေသွားပြီး ခေါင်းငုံ့ကာ စဉ်းစားနေသည်။ စိန်မြင့်က သူမကို အကဲခတ်၍နေသည်။ ခဏနေတော့မှ ရွှေစင်ရဲ့ ခေါင်းလေး ပြန်မော့လာသည်။
”လုပ်မယ် အစ်ကိုစိန်…။ ကျွန်မမှာ ရွေးစရာလမ်း မရှိဘူး။ ဒီမှာတစ်နှစ်လောက် နေရဦးမှာ။ အထဲက လူအတွက်လည်း ငွေကလိုသေးတယ်။ ကျွန်မမှာပါလာတဲ့ လက်ဝတ်လက်စားတွေကလည်း ကုန်ပြီ။ နားကပ်တစ်ရံပဲ ကျန်တော့တယ်။ ဒီနားကပ်ကလည်း အထဲကလူ ပြန်ထွက်လာရင် ရင်းနှီးစားဖို့ ငွေချန်ထားရဦးမှာ။”
”အေးအေး… ။ ဒါဆို တည်းခိုခန်းကို ည (၈) နာရီလောက် ရောက်အောင်လာခဲ့။”
”ဟုတ်… ဟုတ်ကဲ့။”
”ငါသွားမယ် ရွှေရည်….။”
ကောင်မလေးက ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ရှေ့မှ ထွက်သွားသော တရုတ်ကပြားစိန်မြင့်၏ ကျောပြင်ကို ကြည့်ရင်း တွေးတောနေမိသည်။
————————————————-
ရွှေရည်က ကွမ်းခြံကုန်းသူ ၊ ပုစွန်ဒိုင် ငါးဒိုင်ပိုင်ရှင်ရဲ့ တစ်ဦးတည်းသောသမီး ဖြစ်သည်။ သူတို့ဒိုင်က ကုန်ထမ်းတဲ့ကောင်နဲ့ လိုက်ပြေးလို့ မိဘတွေက အမွေပြတ် ကြေငြာပြီး ပစ်ထားခဲ့သည်။
အိမ်ထောင်ကျတာမှ တစ်နှစ်မပြည့်သေး။ လင်ဖြစ်သူက ဖဲဝိုင်းမှာ အဖမ်းခံရပြီး ထောင် (၂) နှစ် ကျသွားသည်။ အင်းစိန်ထောင်ထဲတွင် ဖြစ်သည်။ ချုပ်ရက်က ၆ လလောက်ရှိတော့ အင်းစိန်ကို ရောက်သွားတာ အခု ၆ လလောက်ရှိပြီး ဒီကတည်းက ရွှေရည် ရန်ကုန်ကို လိုက်ပါလာခဲ့သည်။
ရန်ကုန်ရောက်တော့ အရင်က သူတို့ငါးဒိုင်တွင် အလုပ်လုပ်ဖူးသော မိသားစုနှင့် တွေ့သည်။ ထိုမိသားစုက ပုဇွန်တောင်ဈေးတွင် ငါးရောင်းသည်။ နဂိုကတည်းက သဘောကောင်းသော ရွှေရည့်ကို ခင်ပြီးသား ဖြစ်နေသော ထိုမိသားစုက သူတို့နှင့် အတူနေရန် တိုက်ပျက်ကြီးတွင် ရွှေရည်ကို ခေါ်ထားခဲ့ခြင်း ဖြစ်သည်။
ရွှေရည် လမ်းဘေးတွင် ရပ်နေရာမှ တိုက်ပျက်ကြီးဘက်သို့ ဖြည်းညင်းစွာ ပြန်၍ လျှောက်လာခဲ့သည်။ အမှန်တော့ ရွှေရည်မှာ စိန်မြင့်၏စကားကို ကြားရကတည်းက ရင်တွေခုန်နေမိသည်။ လင်ရပြီး တစ်နှစ်တောင် မပြည့်သေးချိန်တွင် လင်က ထောင်ကျသွားပြီး အခု လင်နှင့်ခွဲနေရတာ တစ်နှစ်ကျော်လောက်ရှိပြီ ဖြစ်သည်။ လူကငြိမ်နေပေမဲ့ သွေးသားတွေက ငြိမ်နေတာမဟုတ်။ အမျိုးမျိုး ချိုးနှိမ်ထားခဲ့ရသည်။
အခု စိန်မြင့်ပြောစကားတွေအရ ညကြရင် ယောကျ်ားနှစ်ယောက်နဲ့ ကာမစပ်ယှက်ရတော့မည်ကို အသေအချာ သိလိုက်ရပြီဖြစ်၍ ရွှေရည်၏ သွေးသားတွေက လှုပ်ရှားဆူပွက်၍ လာချေပြီဖြစ်သည်။